Monday, October 20, 2014

ရင်သွေးငယ်သေဆုံးမှု ဥပဒေအတိုင်းဆောင်ရွက်မည်ဟု ကလေးမိခင် မနွေးဝါဝါလတ်ပြောကြား

ဝိတိုရိယဆေးရုံကြီး ၏ဝန်ဆောင်မှုအားနည်းခြင်းနှင့် ဆရာဝန်တစ်ဦး ၏ပေါ့ဆမှုကြောင့် ရင်သွေးငယ်တစ်ဦး၏အသက် ဆုံးရှုံးခဲ့ရမှုနှင့်ပတ်သက်၍ ဥပဒေအတိုင်းဆက် လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း ယင်းသေဆုံး သွားသည့်ကလေးငယ်၏မိခင်ဖြစ်သူ မနွေးဝါဝါ လတ်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောက် တိုဘာ ၁၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနထံ တိုင်ကြားထားပြီး အောက်တိုဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံဆေးကောင်စီထံလည်း တိုင်ကြားထား ကြောင်း သိရသည်။

''ကျွန်မကအစတုန်းက သူတို့ရဲ့တာဝန် ပေါ့ဆမှုကို ဝန်ခံတောင်းပန်ရန် အတွက်ပဲ တောင်း ဆိုခဲ့တာပါ။ အခုသူတို့က မတောင်းပန်တဲ့အပြင် သူတို့ဘက်ကတာဝန်ကျေခဲ့တယ်လို့ သဘောသက် ရောက်တဲ့ ထုတ်ပြန်ချက်တွေပါထုတ်လာ ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့တာဝန်ပေါ့ဆမှုကို ဝန်မခံမ တောင်းပန်တဲ့အပြင် ဒီလိုတွေပါလုပ်လာတော့ ဥပဒေ အတိုင်းပြုလုပ်သွားမှာပါ''ဟု ယင်းကပြောသည်။

''ကျွန်မည ၂ နာရီကျော်ကျော်လောက် ကတည်းက ဗိုက်နာလို့ဆေးရုံရောက်နေတာပါ။ ရက်ကတော့ မွေးဖို့သတ်မှတ်ထားတဲ့ရက် မရောက် သေးပါဘူး။ ကျွန်မဗိုက်အပ်ထားတဲ့ ဆရာဝန်မက ခဏလာကြည့်ပြီး ထွက်သွားပါတယ်။ သူနာပြု တွေက မွေးခန်းထဲပို့မယ်ဆိုပြီး လှည်းပေါ်ရွှေ့မယ့် အချိန်မှာ ဒီလောက်နဲ့ မမွေးသေးဘူး။ မတင်နဲ့လို့ ပြောပြီး သွားစရာရှိသေးတယ်ဆိုပြီး ထွက်သွားပါ တယ်။ နောက်ကျွန်မလဲ မခံမရပ် ဗိုက်နာလာပြီး ဘဲလ်နှိပ်ပြီး သူနာပြုခေါ်တော့ သူနာပြုတွေမလာ ပါဘူး။ အပြင်ထွက်ပြီးသွားခေါ်မှ ရောက်လာတာ ပါ။ ကျွန်မကို ဓာတ်လှေကားထဲရောက်တော့ ကလေး က ခေါင်းထွက် နေပါပြီ။ ဒါကိုမမွေးသေးနဲ့ဆိုပြီး ခြေထောက်နှစ်ချောင်းကို စေ့ထားပါတယ်။ ရင့် ရင့်သီးသီးစကားလုံးတွေလဲပြော ပါတယ်။ မွေး ခန်းရှေ့လဲရောက်ရော ကျွန်မရဲ့အိုဂျီလဲမရောက် သေးဘူး။ ပြီးမွေးခန်းလဲမအားပါဘူး''ဟု ယင်း ကပြောသည်။

ယင်းနောက်ကလေး၏ အခြေအနေမှာ ကောင်းမွန်ခြင်းမရှိသဖြင့် ရန်ကင်းကလေးဆေး ရုံသို့ပို့ခဲ့ရပြီး အောက်တိုဘာ ၅ ရက်တွင် ကလေး ငယ်သေဆုံး သွားခဲ့ကြောင်း သိရသည်။

''ရန်ကင်းကလေးဆေးရုံက ဆရာဝန် တွေရဲ့ ပြောကြားချက်အရ ကလေးအမေရဲ့ရေမြွှာ က ဆေးရုံ မရောက်ခင်က တည်းကပေါက်နေတာ ပါ။ သူတို့လာစစ်ကြည့်ပြီး သိသိလျက်နဲ့ ဒီလိုလုပ် တယ် ဆိုတော့ တာဝန်တော်တော် မသိတတ်တာပါ'' ဟု ခင်ပွန်းဖြစ်သူ ဦးစိုးသီဟကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဝိတိုရိယဆေး ရုံသို့ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြား ခွင့်မရှိကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment