Wednesday, November 12, 2014

အဝေးသင်စာရေးမ မသမာမှုကြောင့် မအူပင်ကျောင်းသူများ စာမေးပွဲမဖြေဘဲ နေရပ်ပြန်

မအူပင် တက္ကသိုလ်မှ အဝေးသင် ကျောင်းသား ကျောင်းသူ(၂၀)ခန့် စာမေးပွဲမဖြေဘဲ နေရပ်ပြန် ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင် တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ (၂၀) ခန့်မှာAsssignment များကို သက်ဆိုင်ရာ တာဝန်ယူထားသူက မတင်ပေး သဖြင့် စာမေးပွဲ မဖြေတော့ဘဲ နေရပ်သို့ ပြန်သွား ကြကြောင်း သိရသည်။

မအူပင် အဝေးသင် တက္ကသိုလ်တွင် ဖြေဆိုမည့် (Gerography,Myanmar, History) အထူးပြု ကျောင်းသား ကျောင်းသူ (၁၀၀) ကျော်ခန့်၏ Assignment များကို သက်ဆိုင်ရာ တာဝန်ယူ ထားသူက ယနေ့ အချိန်အထိ တင်ပေးခြင်း မရှိသဖြင့် အချို့ ကျောင်းသားများ စာမေးပွဲ မဖြေဆိုတော့ ဘဲ နေရပ်သို့ ပြန်ကြခြင်း ဖြစ်သည်။

တစ်နှစ် တစ်နှစ် လာတက်ရတဲ့ စရိတ်က နည်းတာ မဟုတ်ဘူး။ မိဘတွေမှာ ခြစ်ခြုပ်ပြီး ထားရတာ။ တချို့တွေဆို အထုပ်လေးတွေ ထုပ်ပြီး စာမေးပွဲ မဖြေတော့ဘဲ ပြန်သွားကြ ရပြီ ဟု မအူပင် တက္ကသိုလ်မှ အဝေးသင် ကျောင်းသူ တစ်ဦးက သို့ပြောသည်။

၂၀၁၄ ခုနှစ် ၊ မတ်လက ကျောင်းအပ်စဉ်တွင် အဝေးသင် ဌာနမှ စာရေးမ တစ်ဦး ဖြစ်သော မသဲစုမွန်က Assignment တစ်စုံလျှင် ငွေကျပ် (၈၀၀၀) ကျပ်ဖြင့် အချိန်မီရေး တင်ပေးမည် ဆိုကာ လက်ခံထားခဲ့ သော်လည်း ယနေ့ အချိန်အထိ တင်ပေးထားခြင်း မရှိကြောင်း သိရသည်။

အဝေးသင် ဌာန တစ်ခုက ဆရာ တစ်ယောက်ရဲ့ဇနီးလည်း ဖြစ်တယ်။ စာရေးမ တစ်ယောက်လည်း ဖြစ်တယ် ဆိုပြီး ကျွန်မတို့က ယုံကြည် ကိုးစားပြီး တင်ခိုင်းခဲ့ တာပါ။ ခဏခဏ ဖုန်းဆက် ပြီးလည်း မေးပါတယ်။ သူက တင်ပြီးပြီပဲ ပြောတယ်။ ကျွန်မတို့လူချင်း တွေ့ပြီး မေးတဲ့အထိ တင်ပြီးပြီပဲ ပြောတုန်း။ ဒါပေမဲ့ နောက်ဆုံး လူအုပ်နဲ့လည်း သွားမေးရော အခုချိန်ထိ မတင်ရသေးဘူး ဆိုပြီး ကျွန်မတို့ လက်ထဲ ပြန်ပေး လိုက်တယ် ဟု မအူပင် တက္ကသိုလ်မှ ဘောဂဗေဒ အထူးပြု ဒုတိယနှစ် ကျောင်းသူ တစ်ဦးက The Messenger Media သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကျောင်းသား ကျောင်းသူ (၁၀၀) ကျော်ခန့် စာမေးပွဲ ဖြေဆိုနိုင်မည့် အခွင့်ရေးများ လက်လွှတ် ဆုံးရှုံးကာ ပူဆွေး သောက ရောက်နေကြ ရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း ကူညီ ဆောင်ရွက်ပေးစေ ချင်ကြောင်း ကျောင်းသား၊ ကျောင်းသူများက ပြောသည်။

The Messenger News Daily

No comments:

Post a Comment