Thursday, November 20, 2014

တပ်မတော်သားများသည် နိုင်ငံသားများဖြစ်သည့်အတွက် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ဟု တပ်မတော်သားကိုယ်စားလှယ် တုံ့ပြန်

တပ်မတော် သားများသည်လည်း နိုင်ငံသားများ ဖြစ်သည့်အတွက် နိုင်ငံရေးတွင် ပါ ဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်ဒုတိယဗိုလ်မှူးကြီးငွေစိုးက ပြည်ထောင်စုလွှတ်တော်တွင် ပြော ကြားခဲ့သည်။

နိုဝင်ဘာ ၁၉ရက်တွင်ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေးပြောဆိုရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ပြောဆိုရခြင်းသည် တပ်မတော်သားများသည် နိုင်ငံရေး ကို နားမလည်ကြောင်း၊ ယင်းသို့နား မလည်သည့်အတွက် နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းနေကြဖို့ ပြောဆိုမှု များအပေါ် ဒုတိယဗိုလ်မှူးကြီးငွေစိုး က လွှတ်တော်အတွင်း ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်

''တပ်မတော်သားတွေအနေနဲ့ နိုင်ငံရေးကို နားမလည်တဲ့အတွက် နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ဒါတွေပြောဆိုကြတာရှိပါတယ်။ တပ် မတော်ဖွဲ့စည်းတဲ့အခါမှာ ဗိုလ်ချုပ် အောင်ဆန်းပြောထားတာ ရှိပါ တယ်။ နိုင်ငံရေးဆိုတာဟာ နိုင်ငံ သားများရဲ့အရေးဖြစ်တယ်။ ဒါ ကြောင့် နိုင်ငံရေးကို နိုင်ငံသားတိုင်း သိရှိနားလည်အောင် ဆောင်ရွက်ကြ ရမယ်လို့ ပြောဆိုခဲ့တာရှိပါတယ်။ ဒါကြောင့်မို့ တပ်မတော်သားတွေ ဟာ နိုင်ငံသားများဖြစ်တယ်။ ဒါ ကြောင့်မို့ နိုင်ငံရေးမှာပါဝင်ဆောင် ရွက်နေတာဖြစ်ပါတယ်''ဟု ဒုတိယ ဗိုလ်မှူးကြီးငွေစိုးက ပြောသည်။

နိုင်ငံအသီးသီးတွင်းလည်း တပ်မတော်သားများသည် နိုင်ငံ့ ခေါင်းဆောင်းများအဖြစ် တာဝန် ထမ်းဆောင်ခဲ့မှုများ လက်ရှိတွင် လည်း တာဝန်ထမ်းဆောင်နေသူများ ရှိနေကြောင်း ယင်းကဆိုသည်။

''ဒါကြောင့် တပ်မတော်အပေါ် မှာ မကောင်းမြင်တဲ့ အတွေးအခေါ် များမရှိဘဲ စိတ်ကောင်းနှလုံးသား ကောင်းနဲ့ တိုင်းပြည်ကောင်းအောင် သတ်မှတ်ထားတဲ့ ဥပဒေဘောင်အ တွင်းမှ တွေးခေါ်ဆွေးနွေးပေးကြပါ ရန်''ဟု ဒုတိယဗိုလ်မှူးကြီးငွေစိုးက လွှတ်တော်အတွင်း ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၉ရက်တွင် ပြည်ထောင်စုလွှတ်တော်အတွင်းဖွဲ့ စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် ဆွေး နွေးရာတွင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်မည်ဆိုပါက ယင်း ဥပဒေပါအခန်း(၁၂)ဖွဲ့စည်းပုံဥပဒေပြင်ဆင်ခြင်းနည်းလမ်းများအတိုင်း သာ ဆောင်ရွက်သင့်ကြောင်း တပ် မတော်သားကိုယ်စားလှယ်များက လွှတ်တော်အတွင်း ပြောသည်။

YM
Yangon Media Group

No comments:

Post a Comment