Monday, November 3, 2014

အဆိုတော် လိမ္မော်သီးက ကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် နိုင်ငံပိုင် သတင်းစာမှ သတိပေး

Photo: အဆိုတော် လိမ္မော်သီးက ကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် နိုင်ငံပိုင် သတင်းစာမှ သတိပေး
Monday, November 3, 2014

နာမည်ရ အမျိုးသား အိမ်ထောင်ရှိ အမျိုးသား အဆိုတော် တစ်ဦးနှင့် ပတ်သက်နေသည်ဟု ကောလာဟလ ထွက်ပေါ် ခဲ့မှုနှင့် ပတ်သက်ပြီး အဆိုတော် လိမ္မော်သီး (ခေါ်) ဂျူနိုက ယင်းကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် သတိပေးစာ တစ်ရပ်ကို နိုဝင်ဘာ ၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်း သတိပေး ခဲ့သည်။

အဆိုပါ သတိပေး ကြော်ငြာချက်တွင် ကောလာဟလ ထုတ်လွှင့်သူ သက်ကိုကို (ခ) သမီးဆိုးသည် ယင်းသတင်း ပါရှိပြီး တစ်ပတ် အတွင်း၌ မတောင်းပန်ပါက ပြစ်မှုကြောင်း နှင့်တရားမကြောင်း အရ ပုဒ်မ တစ်ခုခုဖြင့် တရားစွဲ သွားမည်ဟု ဖော်ပြထားသည်။

ယင်းကြော်ငြာစာနှင့် ပတ်သက်ပြီး အဆိုတော် လိမ္မော်သီးက စွပ်စွဲဖန်တီးကာ ကောလာဟလ ပြုလုပ်သူ အနေဖြင့် တစ်ပတ်အတွင်း မတောင်းပန်ပါက တရားဥပဒေ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အချိန် မည်မျှ ကြာသည် ဖြစ်စေ စောင့်ဖမ်း သွားမည်ဟု မဇ္ဈိမကို ပြောသည်။ “ သမီးသတင်းစာမှာ ကြော်ငြာ ထားတယ်ဆိုတာ ပရိသတ်တွေ အနေနဲ့ သမီး မှန်တယ်ဆိုတာကို ပြချင်တာပါ။ သူ့ဘက်က အခုလို လုပ်လို့လည်း သမီးရဲ့ အနုပညာကို မထိခိုက်ပါဘူး။ တနေ့ကဘဲ FM ပွဲမှာ သီချင်းဆိုပြီး ပြန်လာတာပါ။ သမီးကို မဟုတ်မမှန် သတင်း လွှင့်တဲ့သူရဲ့ လိပ်စာ ကိုလည်း သမီး သိတယ်။ ဒီကိစ္စမှာ သူမှန်တယ်လို့ ထင်ရင် တရား ဥပဒေနဲ့ ဒဲ့ရှင်းပါလို့ ပြော ချင်တယ်။ သူ့ဟာသူ နိုင်ငံခြားကို ထွက်ပြေးပြေး၊ ဘယ်ကိုပဲ ထွက်ပြေးပြေး သမီးကတော့ အချိန် ဘယ်လောက် ကြာကြာ သူ့ကို အေးအေးဆေးဆေး စောင့်ဖမ်းမယ်” ဟု ၄င်းက ပြောသည်။

အောက်တိုဘာ ၂၃ရက် တွင် လူမှုကွန်ယက် စာမျက်နှာများ ထက်တွင် အဆိုတော် လိမ္မော်သီးသည် နာမည်ရ အိမ်ထောင်ရှိ အဆိုတော် တစ်ဦးနှင့် ချစ်ကြိုက် နေသည်ဟု ကောလာဟလများ ထွက်ပေါ် လာခြင်းကြောင့် ယခုကဲ့သို အဆိုတော် လိမ္မော်သီးက တုန့်ပြန် တရားစွဲဆို လာခြင်း ဖြစ်သည်။

အဆိုတော် လိမ္မော်သီးသည် "ဒဏ်ရာ နှလုံးသား" ဒုတိယမြောက် အော်ဒီယို အယ်ဘမ် ကို ဒီဇင်ဘာလ အကုန်တွင် ထွက်ရှိမည် ဖြစ်သည့် အ တွက် နိုဝင်ဘာလတွင် ယင်းအယ်ဘမ်ကို အပြီးသတ် လုပ်ဆောင်သွားမည်ဟု ပြောသည်။ အယ်ဘမ်တွင် စလိုးရော့ခ်များ ပါဝင်မည် ဖြစ်ပြီး အမျိုးသမီး များ၏ ခံစားချက် များကို ရေးဖွဲ့ထားသည့် သီချင်းများကို ထည့်သွင်းသွား မည်ဖြစ်သည်။ ၎င်းကိုယ်တိုင် မွန်ဝတ်စုံကို ၀တ်ဆင်ပြီး ရိုက်ကူး ထားသည့် ၂၀၀၅ ခုနှစ်ထုတ် မွန်ဘာသာ ပြက္ခဒိန်ကို မလေးရှား နိုင်ငံတွင် စတင် ရောင်းချလျှက် ရှိပြီဟုလည်း အဆိုတော် လိမ္မော်သီးက ပြောသည်။

ကောလာဟလ ထုတ်လွှင့်သူကို တရားဥပဒေဖြင့် ရင်ဆိုင်တော့မည့် အဆိုတော် လိမ္မော်သီး။
Mizzima

No comments:

Post a Comment