Monday, November 3, 2014

လွှတ်တော်ချန်နယ်လိုင်း ပြင်ဆင်ထုတ်လွှင့်ရန် စီစဉ်နေဟုဆို

မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ တာဝန်ယူထုတ်လွှင့်နေ သော လွှတ်တော် ချန်နယ်လိုင်း ကို အများပြည်သူ ပိုမိုစိတ်ဝင်စား စေမည့် ရုပ်သံလိုင်းအဖြစ် ပြင်ဆင်ထုတ်လွှင့်ရန် စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

‘‘လက်ရှိ လွှတ်တော်ချန်နယ် က လူကြည့်နည်းနေတယ်။ စိတ် ၀င်စားမှု သိပ်မရှိဘူး။ ဒါကြောင့် အင်တာဗျူးတွေ၊ လူထုအသံတွေ ထည့်ပြီး ပြောင်းလဲမှုတွေ လုပ် မယ်’’ဟု ဦးရဲထွဋ်က ပြောသည်။

ယင်းကဲ့သို့ ပြောင်းလဲမှု ပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်နာယကနှင့် လည်း တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေ ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ် သက်၍ မည်ကဲ့သို့ ပြောင်းလဲမှု ပြုလုပ်မည်ဆိုသည့် လုပ်ငန်းစဉ် ကို သေချာ မသိရှိ ရသည့်အတွက် မှတ်ချက်မပေးလိုသော်လည်း ယခုထက် ပိုမိုစိတ်ဝင်စားကာ ပြည်သူအကျိုးပြုစေမည့် ကဏ္ဍ များကို ပြောင်းလဲစေလိုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ် ဦးသိမ်းဆွေက ပြော သည်။

‘‘ကျွန်တော်တို့က Channel 5 စက်တပ်ထားတော့ အဲဒီလိုင်း က လာတယ်။ တစ်ခါတစ်ခါ တော့ ကြည့်ဖြစ်ပါတယ်။ လွှတ် တော်ထဲမှာ ဆွေးနွေးတာတွေပဲ ပြနေတော့ ပျင်းဖို့တော့ ကောင်း တယ်။ လူတွေက လွှတ်တော်ကို ဘာလုပ်ပေးစေချင်လည်း ဆို တဲ့ ကဏ္ဍတွေပါပါရင် ပိုကြည့် ကောင်းမှာပေါ့’’ဟု တာမွေမြို့ နယ်တွင် နေထိုင်သူ ဦးဝင်းမောင် တင်က ပြောသည်။

လက်ရှိ အဆိုပါ ရုပ်သံလိုင်း ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ သီးသန့်ရုပ်သံလိုင်းအဖြစ် ထုတ်လွှင့်ပြသ လျက်ရှိပြီး ယင်းလိုင်းတွင်လွှတ်တော်၌ဆွေးနွေးချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ မေးမြန်းမှုများ ထုတ်လွှင့်ပြသလျက် ရှိသည်။

7Day Daily

No comments:

Post a Comment