Monday, November 24, 2014

ကားနောက်ခန်းထဲ၌ ၁၆ နှစ်အရွယ် ကျောင်းသားလေးနှင့် တွေ့ဆုံပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် မူဆလင်အချိန်ပိုင်းအစားထိုးဆရာမတစ်ဦးအား တရားစွဲ

Photo: ကားနောက်ခန်းထဲ၌ ၁၆ နှစ်အရွယ် ကျောင်းသားလေးနှင့် တွေ့ဆုံပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် မူဆလင်အချိန်ပိုင်းအစားထိုးဆရာမတစ်ဦးအား တရားစွဲ
Monday, November 24, 2014

နယူးဂျာစီမြောက်ပိုင်းကျောင်းတစ်ခုမှ မူဆလင်အချိန်ပိုင်း အစားထိုး ဆရာမတစ်ဦးကို ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွဲချက်တင်ထားသည်။
ပရောစပတ် ပါ့ခ်မှ အသက် ၂၁ နှစ် အရွယ် လင်ဒါ ဟာဒန်သည် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုခင်းမြောက် ပတ်သက်မှုနှင့် ကလေးငယ်တစ်ဦးအား အန္တရာယ်ဖြစ်စေမှုတို့ဖြင့် တရားစွဲထားသည်ဟု ပါ့စီယက်ကောက်တီ ဥပဒေအရာရှိများက ပြောကြားသည်။

စွပ်စွဲချက်များကို သောကြာ(နိုဝင်ဘာ ၂၁)နေ့က တင်ခဲ့ပြီး စနေ(နိုဝင်ဘာ ၂၂)နေ့က အများပြည်သူသိအောင် ကြေငြာခဲ့သည်။
ဟာဒန်ကို သူမအချိန်ပိုင်းအစားထိုးဆရာမအဖြစ် အလုပ်လုပ်နေသော မန်ချက်စတာဒေသ အထက်တန်းကျောင်းမှ ၁၆ နှစ် အရွယ်ကျောင်းသားတစ်ဦးအား စော်ကားမှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
၎င်းအဖြစ်အပျက်သည် ဝိန်းတွင် ကြာသပတေး(နိုဝင်ဘာ ၂၀)နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဥပဒေအရာရှိများက ပြောကြားသည်။ သို့သော် ဖြစ်ပျက်ပုံ နှင့် ကျောင်းသားလေး၏အကြောင်းအသေးစိပ်တို့ကိုမူ ထိန်ချန်ပြောမပြခဲ့ပါ။

NorthJersey.com တွင် ဖော်ပြချက်အရ ဟာဒန်သည် ကျောင်းသားလေးနှင့် ကျောင်းချိန်ပြင်ပ၌ တွေ့ခဲ့သည်။
ထို့နောက် သူမမှ ကျောင်းသား လေးကို ဝိန်းရှိ နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့လိင်မှုဆိုင်ရာတွေ့ဆုံကြမှုသည် ပါကင်ထိုးထားသော ကားအတွင်း၌ ဖြစ်ပျက်ခဲ့သည်။

သူမအပေါ်တင်ထားသော စွဲချက်များသာ အပြစ်ရှိကြောင်းထင်ရှားလျှင် ဟာဒန်မှာ ၁၇ နှစ် အထိ ထောင်ဒဏ်ကျခံရနိုင်သည်။
လိင်မှုဆိုင်ရာ စော်ကားမှုအတွက် ၁၀ နှစ်၊ ကလေးတစ်ယောက်၏ အကျိုးစီးပွားကို ပန်းကောင်းအညွန့်ကျိုးဖြစ်စေမှုအတွက် ၅ နှစ် နှင့် လိင်မှုခင်းဆိုင်ရာ ပတ်သက်မှုဖြင့် ၁၈ လ တို့ စုပေါင်းကျခံရနိုင်သည်။
သူမကို ရမန်ဖြင့် ချုပ်ထားရာမှ ဒေါ်လာ နှစ်သိန်းငါးသောင်းဖြင့် အာမခံလွှတ်ထားသည်။

Myo Min Thant
မူရင်း>>http://www.dailymail.co.uk/…/Muslim-substitute-teacher-char…
နယူးဂျာစီမြောက်ပိုင်းကျောင်းတစ်ခုမှ မူဆလင်အချိန်ပိုင်း အစားထိုး ဆရာမတစ်ဦးကို ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွဲချက်တင်ထားသည်။
ပရောစပတ် ပါ့ခ်မှ အသက် ၂၁ နှစ် အရွယ် လင်ဒါ ဟာဒန်သည် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုခင်းမြောက် ပတ်သက်မှုနှင့် ကလေးငယ်တစ်ဦးအား အန္တရာယ်ဖြစ်စေမှုတို့ဖြင့် တရားစွဲထားသည်ဟု ပါ့စီယက်ကောက်တီ ဥပဒေအရာရှိများက ပြောကြားသည်။

စွပ်စွဲချက်များကို သောကြာ(နိုဝင်ဘာ ၂၁)နေ့က တင်ခဲ့ပြီး စနေ(နိုဝင်ဘာ ၂၂)နေ့က အများပြည်သူ သိအောင် ကြေငြာခဲ့သည်။
ဟာဒန်ကို သူမအချိန်ပိုင်းအစားထိုးဆရာမအဖြစ် အလုပ်လုပ်နေသော မန်ချက်စတာဒေသ အထက်တန်းကျောင်းမှ ၁၆ နှစ် အရွယ်ကျောင်းသားတစ်ဦးအား စော်ကားမှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
၎င်းအဖြစ်အပျက်သည် ဝိန်းတွင် ကြာသပတေး(နိုဝင်ဘာ ၂၀)နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဥပဒေအရာ ရှိများက ပြောကြားသည်။ သို့သော် ဖြစ်ပျက်ပုံ နှင့် ကျောင်းသားလေး၏အကြောင်း အသေးစိပ် တို့ကိုမူ ထိန်ချန်ပြောမပြခဲ့ပါ။

NorthJersey.com တွင် ဖော်ပြချက်အရ ဟာဒန်သည် ကျောင်းသားလေးနှင့် ကျောင်းချိန်ပြင်ပ၌ တွေ့ခဲ့သည်။
ထို့နောက် သူမမှ ကျောင်းသား လေးကို ဝိန်းရှိ နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့လိင်မှုဆိုင်ရာတွေ့ဆုံကြမှုသည် ပါကင်ထိုးထားသော ကားအတွင်း၌ ဖြစ်ပျက်ခဲ့သည်။

သူမအပေါ်တင်ထားသော စွဲချက်များသာ အပြစ်ရှိကြောင်းထင်ရှားလျှင် ဟာဒန်မှာ ၁၇ နှစ် အထိ ထောင်ဒဏ်ကျခံရနိုင်သည်။
လိင်မှုဆိုင်ရာ စော်ကားမှုအတွက် ၁၀ နှစ်၊ ကလေးတစ်ယောက်၏ အကျိုးစီးပွားကို ပန်းကောင်း အညွန့်ကျိုးဖြစ်စေမှုအတွက် ၅ နှစ် နှင့် လိင်မှုခင်းဆိုင်ရာ ပတ်သက်မှုဖြင့် ၁၈ လ တို့ စုပေါင်းကျခံ ရနိုင် သည်။
သူမကို ရမန်ဖြင့် ချုပ်ထားရာမှ ဒေါ်လာ နှစ်သိန်းငါးသောင်းဖြင့် အာမခံလွှတ်ထားသည်။

Myo Min Thant
မူရင်း>>http://www.dailymail.co.uk/…/Muslim-substitute-teacher-char…

No comments:

Post a Comment