Monday, November 24, 2014

တာချီလိတ်နှင့် သပိတ်ကျင်းအနီး ငလျင်နှစ်ကြိမ်လှုပ်

တာချီလိတ်နှင့် သပိတ် ကျင်းမြို့အနီးတွင် နိုဝင်ဘာ ၂၃ ရက်က အင်အားအနည်းငယ်ရှိသည့် ငလျင်နှစ်ကြိမ်လှုပ်ခဲ့ကြောင်းသတင်းရရှိသည်။

နိုဝင်ဘာ ၂၃ရက် ညနေက တာချီလိတ်မြို့တွင် ရစ်ခ်ျတာစ ကေး ၄ဒသမ၄နှင့် သပိတ်ကျင်း မြို့တွင် ၃ဒသမ၅ အဆင့်ရှိငလျင် နှစ်ကြိမ်လှုပ်ခဲ့ခြင်းဖြစ်သည်။

မိုး/ဇလဌာန၊ မြေငလျင် ဌာနခွဲက သပိတ်ကျင်းမြို့တွင် လှုပ်ခဲ့သည့် ငလျင်ကိုသာ သတင်း ထုတ်ပြန်သွားခဲ့ပြီး တာချီလိတ် မြို့၌ လှုပ်ခဲ့သည့် ငလျင်ကို ထိုင်းမိုးလေ၀သဌာန (TMD)က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



မြန်မာနိုင်ငံ မိုး/ဇလဌာန၊ မြေငလျင်ဌာနခွဲက တာချီလိတ် မြို့တွင် လှုပ်ခဲ့သည့် ငလျင်ကို ဖမ်းယူ၍ မရခဲ့သော်လည်းထိုင်း မိုးလေ၀သက ထုတ်ပြန်သည့်သ တင်းကိုမူအတည်ပြုပေးသည်။

ငလျင်များမှာ အင်အားအ နည်းငယ်သာရှိသောကြောင့် နေ အိမ်အဆောက်အအုံများထိခိုက် မှုမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံအတွင်း ဗဟိုပြု၍ လှုပ်ခတ်သောငလျင်အချို့ ကို မိုး/ဇလဌာန၊ မြေငလျင်ဌာန ခွဲက အသုံးပြုနေသည့်ငလျင်တိုင်း စက်များက ဖမ်းယူနိုင်ခြင်း မရှိ သောကြောင့် မြန်မာနိုင်ငံတွင် ခေတ်မီသည့် ငလျင်တိုင်းစက် များ လိုအပ်နေကြောင်း ငလျင်ပညာ ရှင်များက မကြာခဏ တိုက်တွန်းပြောကြားသည်

7Day Daily

No comments:

Post a Comment