Tuesday, November 25, 2014

ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား သီးခြားစီ တွေ့ဆုံ

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး  Udomdej Sitabutrအား နို ဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန် ဆောင် ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင်  နှစ်နိုင်ငံဆက် ဆံရေးတိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာပူးတွဲကော်မရှင်၊ ပူးတွဲ နယ် နိမိတ်ကော်မတီများဖွဲ့စည်း ဆောင်ရွက်နေ မှု၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ် ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြ§င့် တင်ရေးအစီအမံများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ များတွင် နယ်မြေတည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတား ဆီး နှိမ်နှင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက် ရေးနှင့်လူကုန်ကူးမှုတားဆီးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အားနိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံမှု၌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က မိမိတို့နိုင်ငံသွားနေသည့်ပါတီ စုံဒီမိုကရေစီလမ်းကြောင်းတွင် တည်ငြိမ်အေး ချမ်းရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင် မှုလမ်းကြောင်းများတွင် ထိုင်းနိုင်ငံမှကူညီမှု များအတွက် ကျေးဇူတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာ မှာလည်း အားလုံးငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်တွင် ပါဝင်လာစေရေးကူညီဆောင်ရွက် ပေးစေလိုကြောင်း၊ ထိုင်းနိုင်ငံအတွက်တိုင်း ပြည်အေးချမ်းရေးနှင့် ဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် စိတ်ချလက်ချလျှောက်လှမ်း နိုင်ရေးသည် အဓိကဖြစ်ကြောင်း၊ မည်သည့် အခါမှမပြောင်းလဲဘဲ အမြဲတည်ရှိနေသည့် နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုအား လက်ဆင့်ကမ်း ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့သည် နယ်စပ်ဒေသဆိုင်ရာကိစ္စရပ် များ၊ မူးယစ်ဆေးဝါးထိရောက်စွာ နှိမ်နှင်း တားဆီးကိစ္စရပ်များ၊ အကြမ်းဖက်တားဆီး ရေးဆိုင်ရာကိစ္စများတွင် နှစ်ဦးနှစ်ဖက်အပြန် အလှန်သတင်းဖလှယ်ပြီး အဆင့်တိုင်းတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့အားဆွေးနွေးခဲ့ကြောင်း သိရသည်။
Eleven

No comments:

Post a Comment