Monday, November 24, 2014

ထန်းတပင်တွင် ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး၍ သတ်သေ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် သီရိရတနာ ရပ်ကွက်တွင် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်က အသက် ၄၆ ခန့်အရွယ်ရှိ ရွှေဆိုင်လုပ်ငန်းရှင် အမျိုးသားတစ်ဦး ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး၍ သေကြောင်းကြံစည်ခဲ့ကြောင်း ထန်းတပင်မြို့နယ် ဒေသခံများထံမှ သိရသည်။

“အဲဒီလူ ဒီလိုလုပ်တာ အခုနဲ့ဆိုရင် သုံးကြိမ်ရှိပြီ။ စီးပွားရေး ပြေလည်ပေမယ့် ကျန်းမာရေးတော့ သိပ်မကောင်းဘူး။ ရန်ကုန်က သူ့သမီး ဒီနေ့ပဲ (နိုဝင်ဘာလ ၂၃ ရက်နေ့) ဒီကို ရောက်တဲ့အချိန်မှာ ဖြစ်သွားတာ” ဟု ထန်းတပင်မြို့ ကမ်းနားလမ်းတွင် နေထိုင်သည့် ဦးမင်းသူက ပြောကြားသည်။



သေဆုံးသူမှာ ထန်းတပင်မြို့နယ် သီရိရတနာ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၆ ခန့်ရှိ ဦးချိုတူး (ခ) ဦးတင်ဦး ဖြစ်ကြောင်း၊ မိသားစုဝင်များ ဈေးဝယ်ထွက်နေစဉ် စိတ်ကျန်းမာရေး ဖောက်ပြန်၍ မီးဖိုချောင်သုံး စတီးဓားဦးချွန်ဖြင့် လည်ပင်းကိုလှီး၍ သတ်သေခဲ့ခြင်း ဖြစ်ကြောင်း၊ ထန်းတပင်ဆေးရုံကြီးမှ တောင်ငူမြို့နယ် ဆေးရုံကြီးသို့ တင်ပို့စဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ထန်းတပင်မြို့နယ် မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းအရ သိရသည်။

“သူ့မှာ မိသားစု ပြဿနာ ရှိတယ်လို့လည်း မကြားမိဘူး။ အရင်ကလည်း ဒီလိုလုပ်ဖူးတယ်” ဟု သေဆုံးသူ၏ မိတ်ဆွေ တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment