Friday, November 28, 2014

၈ နှစ် အရွယ် ကတည်း က ကလေး သရုပ်ဆောင် အဖြစ် ဇာတ်ကားတွေ စတင် ရိုက်ကူးခဲ့တဲ့ ၀ါဆိုမိုးဦး

 ဝါဆိုမိုးဦး က ကလေး သရုပ်ဆောင် အနေ နဲ့ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားပေါင်း ၂ဝ ကျော် ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ ကလေး သရုပ် ဆောင် အနေနဲ့ စတင် ရိုက်ကူး ခဲ့စဉ်က ၈ နှစ် အရွယ် ရှိပြီဖြစ်ပြီး အနု ပညာရှင်များစွာ ပါဝင်တဲ့ နိုင်ငံတော် ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် ခဲ့တာဖြစ်ကြောင်း ဝါဆိုမိုးဦး က ပြောပါတယ်။ ကလေး သရုပ်ဆောင် အဖြစ် ရိုက်ကူးဖြစ်ခဲ့ပုံ များကို ဝါဆိုမိုးဦးက “ကလေး သရုပ်ဆောင် လုပ်တုန်းက ခရီးတအား သွားရတယ်။ နယ်စပ် တွေ သွားရတယ်။ တရုတ်ပြည် နယ်စပ်၊ သံလွင်မြစ်ဘက် ကိုသွား ရတယ်။ မော်ကင်း ဥဒါန်းဇာတ် ကားကြီးဆိုရင် ဆလုံကျွန်း ရောက်သွားတယ်။ ငယ်ငယ်တုန်း က ပိုပျော် ဖို့ကောင်းတယ်။ ကလေး ဆိုတော့အ ကုန်လုံးက ဝါဆို့ကို ချစ်ကြတယ်။ အစ်မ တွေ၊ အစ်ကိုတွေ ကြား မှာ ပျော်စရာကြီးပဲ။ ဝါဆိုကငယ် သေးတော့ ဝါသနာ ပါလို့ပါမှန်း မသိဘူး။ အန်တီ ရဲ့အိမ်မှာ လာရိုက် ရင်း နဲ့ ကလေးသရုပ်ဆောင် လုပ် ပါလားလို့ ပြောတော့ရိုက် ဖြစ်သွားတာပါ” လို့ ပြောပါတယ်။ ငယ်ငယ်တုန်းက ကြီးလာရင် မင်းသမီး လုပ် ချင်တာကြောင့် အနု ပညာ လောက နဲ့မစိမ်းအောင် ကလေး သရုပ်ဆောင် အနေ နဲ့ ဇာတ်ကားတွေ ရိုက်ကူးခဲ့တာဖြစ် ကြောင်းပြောပါတယ်။ ကလေး သရုပ်ဆောင် လုပ်ရင် မင်းသမီး မဖြစ်နိုင် ဘူးလို့ တချို့တွေ ပြောကြတဲ့ စကားအပေါ် ဝါဆိုမိုးဦးက “ကလေး သရုပ်ဆောင် လုပ်ရင် ဘယ်တော့မှ မင်းသမီး လုပ်လို့မရဘူးတဲ့။ ပရိသတ်တွေ ရဲ့အမြင် ရိုးသွား ပြီးတော့ ကြီးလာရင် မချစ်တော့ဘူးလို့ ပြောကြတယ်။ ညီမက ဝါသနာကြောင့် နဲ့ အနုပညာလောက နဲ့လည်း မစိမ်းအောင်လို့ ကလေး သရုပ်ဆောင် လုပ်ဖြစ်သွားတာပါ။ ဘယ် အလုပ် မဆို ကြိုးစားကြည့်မယ် ဆိုတဲ့စိတ်ရှိ တယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ပဲ လုပ်ဖြစ်တာပါ။ အနုပညာလောက နဲ့ လည်း ရင်းနှီး သွား ပြီးတော့ နောက် ပိုင်းမှာ လည်း မင်းသမီး အနေနဲ့ ဇာတ် ကားတွေ အများကြီးလည်း ရိုက်ဖြစ်ခဲ့ပါတယ်” လို့ပြောပါတယ်။ ကလေး သရုပ်ဆောင် လုပ်ခဲ့တာကတော့ သူ့ဘဝ ရဲ့အမှတ် တရ ပဲဖြစ်ပြီး ကလေး တွေအနေနဲ့လည်း သူများတွေပြောတာကို နားမထောင်ဘဲ ကိုယ်ဝါသနာ ပါရင် ကြိုးစား ကြည့်စေချင်ကြောင်း ပြောပါတယ်
Popular Journal

No comments:

Post a Comment