Friday, November 28, 2014

မော်ဒယ်အေးချမ်းမြတ်မိုးကို ဓားဖြင့် ထိုးခဲ့သည်ဟု စွပ်စွဲခံရသူကပြောခဲ့ကြောင်း အဓိကသက်သေနှစ်ဦးထွက်ဆို

   မော်ဒယ်အေးချမ်းမြတ် မိုးသေဆုံးမှုတွင် စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်က ဓားဖြင့် ထိုးမိကြောင်း အခင်းဖြစ်ပွားချိန်၌ ပြောဆိုခဲ့ သည် ဟု တရားလိုပြသက်သေ နှစ်ဦးက အနောက်ပိုင်းခရိုင် တရားရုံးသို့ ထွက်ဆိုခဲ့ကြောင်း တရားလိုပြအထက်တန်းရှေ့နေ ဦးဇော်မင်းကပြောကြားသည်။
အမှုကို ရုံးတင်စစ်ဆေးရာ တွင် တရားလိုပြသက်သေ ၂၀ ဦးအနက် ငါးဦးကို စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ကို စစ်ဆေးခဲ့သည်။ ထိုသို့စစ် ဆေးမှုတွင် စွပ်စွဲခံရသူ အံ့ဖြိုးပိုင် ကို ဖမ်းဆီးရန် နေအိမ်သို့ သွား ရောက်ခဲ့စဉ်က အံ့ဖြိုးပိုင်နေအိမ် က ငါးမိနစ်ခန့်ကြာပြီးမှ အိမ်တံ
ခါးဖွင့်ပေးခဲ့ကြောင်း၊ ၎င်းတို့အား စွပ်စွဲခံထားရသူ၏ ဖခင်ဖြစ်သူက သက်သေခံခလုတ်ဓားကို  ထုတ် ပေးပြီး သေဆုံးသူနှင့် ၎င်း၏ သားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိုးမိခဲ့ကြောင်းပြောဆိုခဲ့သည်ဟု ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အံ့ ဖြိုးပိုင်ကို မေးမြန်းရာတွင်လည်း ‘‘ကျွန်တော်ထိုးမိခဲ့သည်’’ဟု ၎င်းတို့အားပြောဆိုခဲ့ကြောင်း ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
‘‘ဒီနေ့စစ်ခံရတဲ့ဥက္ကဋ္ဌနဲ့ ရာ အိမ်မှူးတို့က အခင်းဖြစ်တုန်းက အံ့ဖြိုးပိုင်အိမ်ကိုသွားပြီး သက် သေခံပစ္စည်းတွေသိမ်းတဲ့အထဲပါ တယ်။ အဲဒီတုန်းက အံ့ဖြိုးပိုင်အဖေက ဆွဲရင်းနဲ့ လက်လွန်သွားတာလို့ ပြောတယ်။ ပြီးတော့ သူ့သားကို မေးကြည့်တော့ ကျွန်တော် ထိုးမိတယ်ပြောတယ်လို့ သက်သေတွေက ထွက်ဆိုခဲ့တယ်။ အခုသူတို့က ရုံးတင်မှ ကောင်မလေးဓားလိုလိုပြောနေတာ။ သူ့လက်ထဲမှာ ဓားရှရာတွေရှိတယ်ဆိုပြီး ဒီနေ့ရုံးကိုတင်ပြတယ်’’ဟု ၎င်းကဆို သည်။
သက်သေထွက်သူများမှာ သေသူ၏ အ၀တ်အစား၊ ခလုတ် ဓားနှင့် အံ့ဖြိုးပိုင်လက်ကိုင်ဖုန်းတို့ ကို သက်သေအဖြစ် သိမ်းဆည်း ရာတွင် ပါဝင်ခဲ့သူများဖြစ်သည်။ ဒီဇင်ဘာ ၄ ရက် အခင်းဖြစ်ပွား ချိန်တွင် လူကြီးများနှင့်အတူ ပါ ၀င်ကူညီခဲ့သည့် ရပ်ကွက်အ တွင်းမှ လူငယ်နှစ်ဦးကို တရားလို ပြသက်သေအဖြစ် ဆက်လက် စစ်ဆေးမည်ဖြစ်သည်။
သြဂုတ်အတွင်းက အ သက်(၁၉) နှစ်အရွယ် မော်ဒယ် အေးချမ်းမြတ်မိုးသည် ၎င်းနေ ထိုင်ရာ ဦးဝိစာရအိမ်ရာဝင်း အတွင်းရှိ နေအိမ်တိုက်ခန်း ဒုတိ ယအလွှာတွင် လည်ပင်းအား ဓား ဖြင့် ထိုး၍ အသတ်ခံခဲ့ရသည်။ ယင်းအမှုတွင် ပြစ်မှုကျူးလွန်သူ ဟု စွပ်စွဲထားသူ အံ့ဖြိုးပိုင်မှာ ရဲ မှတ်တမ်းအရ ချစ်သူနှစ်ဦးစကား များရန်ဖြစ်ရာမှ ပြစ်မှုကျူးလွန်ခဲ့ ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။
သို့သော်သေဆုံးသူ မိသားစုဝင်များက ၎င်းတို့မှာ ချစ်သူမဟုတ်ဘဲ မိတ် ဆွေအဆင့်သာရှိကြောင်း ငြင်းဆိုလျက်ရှိသည်။

7 Day

No comments:

Post a Comment