Monday, November 10, 2014

ထိုင်းလူသတ်မှုအတွက် စွပ်စွဲဖမ်းဆီးခံ မြန်မာနှစ်ဦးအမှု နိုဝင်ဘာ ၂ဝရက် နောက်ဆုံးအမှုတွဲ မတင်နိုင်ပါက မြန်မာနှစ်ဦးကို အချုပ်မှလွှတ်နိုင်ဖွယ်ရှိဟုဆို

ဗြိတိန်စုံတွဲ အသတ်ခံရခြင်းကြောင့်တရားခံအ ဖြစ် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာ နိုင်ငံသား နှစ်ဦးအမှု ထိုင်းရဲများမှနို ဝင်ဘာလ၂ဝရက်နောက်ဆုံးထား ကာ အမှုတွဲတင်နိုင်ခြင်းမရှိပါက တ ရားခံအဖြစ်စွပ်စွဲဖမ်းဆီးခံထားရသူ နှစ်ဦးအချုပ်အနှောင်မှ လွှတ်နိုင် ဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ (MWRN) မှ သိရသည်။



အဆိုပါအမှုအတွက် ထိုင်းရဲ တပ်ဖွဲ့နှင့်ဥပဒေအရာရှိတို့က ချုပ် နှောင်ခွင့်ရမန်ကို ကော့စမွေတရားရုံး ၌ထပ်မံတောင်းစဉ် ကော့စမွေတရား ရုံးမှ လေးကြိမ်မြောက်ရမန် ၁၂ရက် ထပ်မံပေးခဲ့ပြီး နောက်ရမန်ပြည့် ချိန်မတိုင်မီ နိုဝင်ဘာ ၂ဝရက်တွင် အ မှုစွဲဆိုရန်လည်း အမိန့်ပေးခဲ့ခြင်းဖြစ် ကြောင်း နိုဝင်ဘာ ၂ဝရက်နောက် ဆုံးထား၍ အမှုတွဲတင်နိုင်ခြင်းမရှိပါ က မြန်မာနှစ်ဦးကို ကူညီဆောင်ရွက် ပေးနေသည့် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီမှ ရှေ့နေက ဖမ်းဆီးခံရသူ နှစ်ဦးကို အချုပ်အနှောင်မှ လွတ် မြောက်ရန် တရားရုံးသို့ လျှောက်တင် သွားမည်ဖြစ်ကြောင်း၊ မြန်မာနှစ်ဦး ၏ရှေ့နေမှ ပြောကြားချက်များကို (MWRN) ဥက္ကဋ္ဌဦးစိန်ဌေးက ဒီမို ကရေစီတူဒေးသို့ ပြောသည်။

ယင်းက''ချုပ်ခွင့်ရမန်ထပ် တောင်းတာကို ကလေးနှစ်ယောက် (ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး) ရဲ့ရှေ့နေက ကန့်ကွက်ပေမယ့် တရား ရုံးက ရမန်ထပ်တိုးပေးဖို့ခွင့်ပြုခဲ့ပါ တယ်။ ခွင့်ပြုပြီးအမှုကို ၂ဝရက် အပြီးတင်ဖို့ပါ အမိန့်ချခဲ့တာပါ။ ဒါကြောင့် အမှုတွဲမတင်နိုင်ရင် ရှေ့ နေက လွှတ်ပေးဖို့ လျှောက်လဲချက် တင်မယ်လို့ ရှေ့နေက ပြောပါတယ်။ အမှုအတွက်ကို ရဲက နောက် တရားခံမမိမချင်းတော့ ခေါ်စစ်ခွင့်ရှိ တယ်။ ဒါပေမဲ့ ချုပ်ထားခွင့် ဖမ်းဆီး ခွင့်တော့ မရှိဘူး။ ဒါကြောင့် အမှု မပျက်သေးပေမယ့် အချုပ်အနှောင် ကနေလွတ်နိုင်ဖို့တော့များတယ်''ဟု ပြောသည်။

ထို့အတူထိုင်းရဲများကို ယခု ဖမ်းဆီးခံထားရသူ နှစ်ဦးမှလည်း မတရားဖမ်းဆီးမှု၊ အသရေဖျက်မှု စသည့် ပုဒ်မများဖြင့် ပြန်လည်တရား စွဲပိုင်ခွင့်ရှိကြောင်းလည်း ဦးစိန်ဌေး ကဆိုသည်။

Democracytoday

No comments:

Post a Comment