Friday, November 28, 2014

ဥပဒေနှင့် မညီဘဲ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးထားမှုများ ပြန်လည်စိစစ် အရေးယူမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြော

Photo: ဥပဒေနှင့် မညီဘဲ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးထားမှုများ ပြန်လည်စိစစ် အရေးယူမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြော
Friday, November 28, 2014

ဥပဒေနှင့် ညီညွတ်မှုမရှိ ဘဲ နိုင်ငံသားမှတ်ပုံတင်ထုတ်ပေး ထားမှုများအား ပြနv်လည်စိစစ် အရေးယူမည်ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြော ကြားသည်။

နိုဝင်ဘာ ၂၂ ရက်က ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် မန္တ လေးမြို့ခံ မီဒီယာသမားများ တွေ့ ဆုံရာတွင် ၂၀၁၃ နှစ်ဆန်းပိုင်းက ပြည်ထောင်စု လွှတ်တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက မန္တလေးမြို့တွင် နေထိုင်သည့် မြန်မာစကား မပြောတတ်သူများအား တရားဝင်နေထိုင်နေခြင်းဟုတ်၊ မဟုတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဥပဒေနှင့်အညီတရားဝင် ထုတ်ပေးထားခြင်း ဟုတ်၊ မဟုတ် ပြန်လည်စိစစ်နေသည်ဆိုသော ပြောကြားထားမှုအပေါ် မန္တလေးမြို့ခံမီဒီယာများက မည်သို့ဆက်လက် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းမှုအား ဦးရဲထွဋ်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

‘‘ကျွန်တော် သိသလောက် နယ်စပ်ဒေသတွေမှာရော ဘာရောမှတ်ပုံတင်တွေ ပြန်စိစစ်ဖို့ရှိတယ်လို့သိရတယ်’’ဟု ဦးရဲထွဋ်ကပြောသည်။ ၂၀၁၃ ဖေဖော်ဝါရီအတွင်း က ကျင်းပပြုလုပ်ခဲ့သည့် ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က မန္တလေးမြို့၌ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ ၀င် ၀င်ရောက်နေထိုင်မှုကို စိစစ် ဖော်ထုတ် အရေးယူပေးရန် တောင်းဆိုခဲ့ပြီး လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဒုဝန်ကြီးဦးကျော်ကျော်ဝင်း က စတင်စိစစ်မှုများ ပြုလုပ်နေ ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း နေထိုင်သည့် မြန်မာစကား မပြောတတ်သူများကိုင်ဆောင် ထားသည့် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားမှတ်ပုံ တင်များသည် ဌာနက တရားဝင် ထုတ်ပေးထားသည်များဟုတ်၊ မဟုတ် ရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးနေကြောင်း၊ မမှန်မကန်မှုများတွေ့ရှိပါက တရားမ၀င်နေထိုင်သူများကို အရေးယူမည်ဖြစ်သလို မမှန်မကန်ဆောင်ရွက်ခဲ့သည့် ၀န်ထမ်းများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဟု ဒုဝန်ကြီးဦးကျော်ကျော်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

သို့သော်လက်ရှိအချိန်တွင် ရခိုင်ဒေသ၌ နေထိုင်သူများအား နိုင်ငံသားစိစစ်ခြင်းကို ဦးစားပေးလုပ်ဆောင်နေသည်ဟု ဦးရဲထွဋ်ကပြောသည်။ ထို့အပြင် နိုင်ငံသားမှတ်ပုံတင် မရှိသေးသူများအား ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားမှတ်ပုံတင်ကတ်ရရှိရန်ဦးစားပေးဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။ မှတ်ပုံတင်ထုတ်ပေးထားမှုများ ပြန်လည်စိစစ်ခြင်းများ မလုပ်ဆောင်နိုင်သေးသော် လည်း ခိုးဝင်နေမှုများရှိနေသည်ဆိုသော နယ်စပ်ဒေသများတွင် မှတ်ပုံတင်ထုတ်ပေးမှုများနှင့်ပတ်သက်၍ အထူးတင်းကျပ်ထားသည်ဟု ဦးရဲထွဋ်ကပြောကြားသည်။

‘‘ခိုးဝင်မှုရှိနိုင်တယ်ဆိုတဲ့ ဒေသတွေမှာ မှတ်ပုံတင်ထုတ် ပေးမှုစနစ်နဲ့ ပတ်သက်လို့ အရမ်း တင်းကျပ်ထားတယ်။ ရုံးချုပ်က ထုတ်ပေးမှရတယ်လို့ ကျွန်တော် အကြမ်းဖျင်းနားလည်တယ်။ နှစ်ကတော့ ဒုတိယအဆင့်က ပြန်စိစစ်မှုတွေလုပ်ဖို့ရှိတယ်’’ ဟု ဦးရဲထွဋ်ကပြောသည်။

တရုတ်လူမျိုးများ အများ အပြားနေထိုင်သည့် မန္တလေးမြို့ တွင် မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသော်လည်း မြန်မာစကားမပြောတတ်သူများ ရှိနေသည်ဟု မန္တလေးမြို့ခံအချို့ကပြောသည်။ စစ်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးယူသည့် ကာလ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် မြန်မာစကားမပြောတတ်သူများအလုံးအရင်းနှင့် မန္တလေးမြို့သို့ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း မြို့ခံများကပြောသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily
ဥပဒေနှင့် ညီညွတ်မှုမရှိ ဘဲ နိုင်ငံသားမှတ်ပုံတင်ထုတ်ပေး ထားမှုများအား ပြနv်လည်စိစစ် အရေးယူမည်ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြော ကြားသည်။

နိုဝင်ဘာ ၂၂ ရက်က ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် မန္တ လေးမြို့ခံ မီဒီယာသမားများ တွေ့ ဆုံရာတွင် ၂၀၁၃ နှစ်ဆန်းပိုင်းက ပြည်ထောင်စု လွှတ်တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက မန္တလေးမြို့တွင် နေထိုင်သည့် မြန်မာစကား မပြောတတ်သူများအား တရားဝင်နေထိုင်နေခြင်းဟုတ်၊ မဟုတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဥပဒေနှင့်အညီတရားဝင် ထုတ်ပေးထားခြင်း ဟုတ်၊ မဟုတ် ပြန်လည်စိစစ်နေသည်ဆိုသော ပြောကြားထားမှုအပေါ် မန္တလေးမြို့ခံမီဒီယာများက မည်သို့ဆက်လက် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းမှုအား ဦးရဲထွဋ်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

‘‘ကျွန်တော် သိသလောက် နယ်စပ်ဒေသတွေမှာရော ဘာရောမှတ်ပုံတင်တွေ ပြန်စိစစ်ဖို့ရှိတယ်လို့ သိရတယ်’’ဟု ဦးရဲထွဋ်ကပြောသည်။ ၂၀၁၃ ဖေဖော်ဝါရီအတွင်း က ကျင်းပပြုလုပ်ခဲ့သည့် ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က မန္တလေးမြို့၌ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ ၀င် ၀င်ရောက်နေထိုင်မှုကို စိစစ် ဖော်ထုတ် အရေးယူပေးရန် တောင်းဆိုခဲ့ပြီး လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဒုဝန်ကြီးဦးကျော်ကျော်ဝင်း က စတင်စိစစ်မှုများ ပြုလုပ်နေ ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း နေထိုင်သည့် မြန်မာစကား မပြောတတ်သူများကိုင်ဆောင် ထားသည့် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားမှတ်ပုံ တင်များသည် ဌာနက တရားဝင် ထုတ်ပေးထားသည်များဟုတ်၊ မဟုတ် ရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးနေကြောင်း၊ မမှန်မကန်မှုများတွေ့ရှိပါက တရားမ၀င်နေထိုင်သူများကို အရေးယူမည်ဖြစ်သလို မမှန်မကန် ဆောင်ရွက် ခဲ့သည့် ၀န်ထမ်းများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဟု ဒုဝန်ကြီးဦးကျော်ကျော်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

သို့သော်လက်ရှိအချိန်တွင် ရခိုင်ဒေသ၌ နေထိုင်သူများအား နိုင်ငံသားစိစစ်ခြင်းကို ဦးစားပေးလုပ်ဆောင်နေသည်ဟု ဦးရဲထွဋ်ကပြောသည်။ ထို့အပြင် နိုင်ငံသားမှတ်ပုံတင် မရှိသေးသူများအား ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားမှတ်ပုံတင်ကတ် ရရှိရန် ဦးစားပေးဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။ မှတ်ပုံတင်ထုတ်ပေးထားမှုများ ပြန်လည်စိစစ်ခြင်းများ မလုပ်ဆောင်နိုင်သေးသော် လည်း ခိုးဝင်နေမှုများရှိနေသည်ဆိုသော နယ်စပ်ဒေသများတွင် မှတ်ပုံတင်ထုတ်ပေးမှုများနှင့်ပတ်သက်၍ အထူးတင်းကျပ်ထားသည်ဟု ဦးရဲထွဋ်ကပြောကြားသည်။

‘‘ခိုးဝင်မှုရှိနိုင်တယ်ဆိုတဲ့ ဒေသတွေမှာ မှတ်ပုံတင်ထုတ် ပေးမှုစနစ်နဲ့ ပတ်သက်လို့ အရမ်း တင်းကျပ်ထားတယ်။ ရုံးချုပ်က ထုတ်ပေးမှရတယ်လို့ ကျွန်တော် အကြမ်းဖျင်းနားလည်တယ်။ နှစ်ကတော့ ဒုတိယအဆင့်က ပြန်စိစစ်မှုတွေလုပ်ဖို့ရှိတယ်’’ ဟု ဦးရဲထွဋ်ကပြောသည်။

တရုတ်လူမျိုးများ အများ အပြားနေထိုင်သည့် မန္တလေးမြို့ တွင် မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသော်လည်း မြန်မာစကားမပြောတတ်သူများ ရှိနေသည်ဟု မန္တလေးမြို့ခံအချို့က ပြောသည်။ စစ်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးယူသည့် ကာလ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် မြန်မာစကားမပြောတတ်သူများအလုံးအရင်းနှင့် မန္တလေးမြို့သို့ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း မြို့ခံများကပြောသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily

No comments:

Post a Comment