Tuesday, November 4, 2014

အီဘိုလာဗိုင်းရပ်စ်

ဘိုလာဗိုင်းရပ်စ်(Ebolar Virus) ဟာ အ နောက်အာဖရိကမှာ ကူးစက်ဖြစ်ပွားနေပြီး ကူးစက်နှုန်းလျင်မြန်တဲ့ ရောဂါဖြစ်တဲ့အပြင် အချိန်တိုအ တွင်း သေဆုံးနိုင်ပြီး ထိန်းချုပ်ဖို့ခက်ခဲတာတွေ့နေရတဲ့ ကူးစက်ရောဂါဖြစ် တယ်။
၂ဝ၁၄ ခုနှစ်ဦးပိုင်းက စတင်ဖြစ်ပွားတဲ့ ဂီနီ နိုင်ငံမှတစ်ဆင့် ဆီယာရာလီယွန်၊ လိုက်ဘေးရီးယားနဲ့ နိုက်ဂျီးရီးယားနိုင်ငံတို့မှာပျံ့နှံ့ပြီး ၂ဝ၁၄ ခုနှစ် မတ်လ ကနေ အောက်တိုဘာလအထိကူးစက်ခံရသူ ၁ဝဝဝဝ ကျော်ရှိကာ သေဆုံးသူ ၅ဝဝဝကျော်ရှိပြီးဖြစ်တယ်။



မူရင်း။ အီဘိုလာဗိုင်းရပ်စ်ဟာ မျောက်ဝံ၊ လင်းနို့ စသော တိရစ္ဆာန်များမှတစ်ဆင့်စတင်ဖြစ်ပွားပြီး လူအများက မကျက်တစ်ကျက် ကိုင်တွယ်စားသောက်ရာမှ လူကိုကူး စက်ရခြင်းဖြစ်တယ်။
ဆားစ်ရောဂါ၊ မားစ်ရောဂါ၊ ကြက် ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေးကဲ့သို့ လေထဲမှအသက် ရှူလမ်းအရ ကူးစက်ခြင်းမဟုတ်ဘဲ အီဘိုလာရောဂါ သည် (သို့)ရောဂါရှိသူရဲ့(သို့) တိရစ္ဆာန်ရဲ့တံတွေး၊ သွေး၊ ချွေး၊ ခန္ဓာကိုယ်မှထွက်ရှိသောအရည်များမှတစ်ဆင့် ကူးစက်စေတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နှစ် ပေါင်း၎ဝအတွင်း အဆိုးရွားဆုံးရောဂါကူးစက်သေ ဆုံးမှုဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ထိန်းချုပ်ရန်ခက် ခဲသောရောဂါအဖြစ် ထုတ်ပြန်ထားတာဖြစ်တယ်။
လက္ခဏာများ။ တုပ်ကွေးရောဂါနှင့်ဆင်တူခြင်း၊ အင် အားချည့်နဲ့ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ ဝမ်း အရည်သွားခြင်းဖြစ်ပွားကာ အသည်းနှင့်ကျောက်ကပ် ပျက်စီးနိုင်ပြီး ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှုဖြစ်ကာ သွေးဆိပ်တက်၍ သေဆုံးနိုင်တယ်။

ကြိုတင်ကာကွယ်ခြင်း။ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှု မရှိစေရန် တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားရမယ်။ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် ဆေးကြောရမယ်။ သွေး နှင့်အရည်များကိုင်တွယ်ခြင်း၊ ရောဂါပိုးရှိသူလူနှင့်တိရ စ္ဆာန်တို့ရဲ့အရည်များရှိနိုင်တဲ့အရာဝတ္ထုများ၊ စားပွဲ၊ ခုံ၊ နေအိမ်၊ ခုတင်၊ အိပ်ရာ၊ အသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်အသုံးမပြုစေရ၊ သီးခြားဆေးကုသရမယ်။ ရော ဂါရဲ့ကူးစက်ရောဂါ လက္ခဏာများပြပါက ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ပြရပါမယ်။ ရောဂါကာ ကွယ်ရေးနှင့် ထိန်းချုပ်သတ်ဖြတ်ရေးဆောင်ရွက်နေ တဲ့ကျန်း မာရေးဝန်ထမ်းများဟာ ရောဂါကူးစက်ခံရ လို့ သေဆုံး တာ တွေ့ရ တယ်။ ပြုစု ကုသပေးနေ တဲ့ ဆွေမျိုး များ၊ ဝန်ထမ်း များကူးစက် စေတယ်။

ကုသခြင်း။ အီဘိုလာ ရောဂါကုသ ရန် ဆေးဝါးမပေါ်သေးပါ။ ကာကွယ်ဆေးလည်းမထွက် သေးပါ။ ရောဂါဝေဒနာခံစားရပါက သက်သာမှုရှိစေ ရန်သာ နောက်ထပ်မဆိုးရွားအောင် လုပ်ဆောင်ရုံသာ တတ်နိုင်လို့ နှစ်၎ဝအတွင်း ကြောက်စရာကူးစက်ရောဂါအသွင် ဖြစ်လာရတယ်။
အီဘိုလာရောဂါကူးစက်ခံ ရတဲ့ ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီယာရာလီယွန်နိုင်ငံ တို့မှာ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကြပ် မှုဖြင့် အမေရိကန်ဒေါ်လာသန်း၂ဝဝကူညီသွားမယ် လို့ဆိုတယ်။

Ref: Health Update

No comments:

Post a Comment