Tuesday, November 25, 2014

ဒေသအားလုံးတွင် နိုဝင်ဘာ နှောင်းပိုင်း၌ အအေးပိုလာနိုင်

နိုဝင်ဘာလနှောင်းပိုင်း တွင် မြန်မာနိုင်ငံအထက်ပိုင်းမှ အောက်ပိုင်းဒေသများအားလုံး ညအပူချိန်များလျော့ ၍ အအေးပို လာနိုင်ကြောင်းဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။

‘‘အခုလောလောဆယ်မှာ အထက်ပိုင်း ဒေသတွေနဲ့အောက်ပိုင်းဒေသတချို့မှာ အေးစပြုလာပြီ။ နောက်ပိုင်း ရက်တွေမှာ လက်ရှိကာလထက် အအေးပိုလာစရာအကြောင်းရှိတယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန် ကြားရေးမှူးဦးကျော်မိုးဦးက ရှမ်း ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး တို့တွင် အအေးပို လာနိုင်ကြောင်းပြောသည်။ မြောက်အမေရိကတိုက်တွင် ရေခဲမှတ်ရောက်သည်အထိ အအေးလွန်ကဲနေပြီး ယင်းအအေးလှိုင်းများ အာရှတိုက်ဘက် ရွှေ့လျားလာပါက ခရစ္စမတ်ကာလတွင် မြန်မာနိုင်ငံ၌ ပုံမှန်ထက် အအေးပိုနိုင်ကြောင်းဒေါက် တာထွန်းလွင်ကပြောသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက မြောက်အမေရိကတိုက်တွင် ယခု ကဲ့သို့ ရေခဲမှတ်ရောက်သည်အထိ အအေးလွန်ကဲခဲ့ပြီး သုံးပတ်ခန့်အ ကြာတွင် ယင်းအအေးလှိုင်များ ကြောင့် မြန်မာနိုင်ငံအပါအ၀င် အာရှတိုက်အတွင်း နိုင်ငံအများစု အအေးလွန်ကဲသည့် ရာသီဥတု ကို ရင်ဆိုင်ခဲ့ရဖူးသည်။

7Day DAILY

No comments:

Post a Comment