Saturday, November 29, 2014

ခြောက်ပွင့်ဆိုင်ရန် ပြည်ထောင်စုလွှတ်တော်၏ သ၀ဏ်လွှာကို နိုင်ငံတော်သမ္မတ လက်ခံ၊မခံကို သ၀ဏ်လွှာဖြင့်သာ အကြောင်းပြန်မည်ဟု ဆို

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင်တွေ့  ဆုံဆွေးနွေးရေးမှာမဖြစ်နိုင်ဟု နိုင်ငံတော်သမ္မတ၏ပြောခွင့်ရပုဂ်္ဂိုလ်က ပြောကြားထားသော်လည်း နိုင်ငံတော်သမ္မတမှာ ယင်း သ၀ဏ် လွှာကိုပင် မဖတ်ရသေးကြောင်းနှင့် သ၀ဏ်လွှာဖြင့်အကြောင်းပြန် ရမည့်ကိစ္စဖြစ်ကာ မည်သည့် အကြောင်း မှ မပြန်ရသေးကြောင်း နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြား လိုက်သည်။

နိုဝင်ဘာ ၂၈ရက်သတင်းအချို့တွင် ခြောက်ပွင့်ဆိုင်အတွက်မဖြစ်နိုင် ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြော သည်ဟုသော သတင်းများထွက်လာခဲ့ကာ ယင်းမှာလည်း ပြန်ကြားရေးဝန်ကြီး၏ ကိုယ်ပိုင်အမြင်ကိုသာ ပြောခြင်းဖြစ်ကြောင်းလည်း သိရသည်။ ““သမ္မတက ဒီ သ၀ဏ်လွှာကိုဖတ်တောင် မဖတ်ရသေးပါ ဘူး၊ ဦးရဲထွဋ်ပြောတယ်ဆိုတာလည်း သူရဲ့ကိုယ်ပိုင်အမြင်ကို ပြောတာပဲလေ””ဟု နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက နိုဝင်ဘာ ၂၈ရက်တွင် ပြည်မြန်မာနေ့စဉ် သတင်းစာသို့ ပြောကြား သည်။ နိုင်ငံတော်သမ္မတ၏ပြောခွင့်ရ ပုဂ်္ဂိုလ်ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာန အချို့သို့ပြောကြားထားရာ၌ ““လောလော ဆယ်တော့ မဖြစ်နိုင်သေး ပါဘူးဗျာ။ ဒီ ဆွေးနွေးပွဲလုပ်ဖို့ဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဘက်က ချဉ်းကပ်ပုံ ချဉ်းကပ် နည်းနဲ့ တစ်ဖက်က အဆိုပြုတဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက ကွာခြားချက် တချို့ရှိနေလို့ဖြစ်ပါတယ်။ ပထမ အောက် တိုဘာ ၃၁ တုန်းက လုပ်ခဲ့တုန်းက ကျွန်တော်တို့ အဖွဲ့ကြီးငါးဖွဲ့ပေါ့။ ဆိုတော့ အဖွဲ့ကြီးငါးဖွဲ့မှာ နိုင်ငံရေးပါတီ အစုအဖွဲ့ မှာဆိုရင် လွှတ်တော်ထဲမှာရော လွှတ် တော်ပြင်ပမှာရှိတဲ့ ပါတီတွေ စုပေါင်းပြီးဖွဲ့ ထားတဲ့ ခေါင်းဆောင်တွေကို ဖိတ်ပြီးတော့ ပဏာမဆွေးနွေးခဲ့တာပေါ့။အခုကျတော့ နိုင်ငံရေးပါတီတွေ ဘက်က တစ်ယောက်ပဲ ရှိမယ်ဆိုတဲ့ သဘောဖြစ်နေတာရှိတယ်။ ဒီလိုမျိုးတွေ ကွာခြားချက်တွေ ရှိတာပေါ့””ဟု တွေ့ရသည်။ အောက်တိုဘာလ ကုန် တွေ့ဆုံမှုနောက်ပိုင်းတွင် အလားတူဆွေး နွေးပွဲမျိုး ထပ်မံကျင်းပရန် ရည်ရွယ်ထားခဲ့ကြောင်း၊ လက်ရှိလွှတ်တော်၏ ဆုံးဖြတ် ချက်နောက်ပိုင်းတွင် အလားတူဆွေးနွေးပွဲမျိုး နောက်တစ်ကြိမ်ဆွေးနွေးရန်အတွက် ခက်ခဲသွားကြောင်း၊ နိုင်ငံတ်ေသမ္မတ၏ ချဉ်းကပ်ပုံမှာInstitution အပေါ်တွင်သာ အခြေခံပြီး လူပုဂ်္ဂိုလ်ပေါ်တွင် အခြေခံခြင်း မဟုတ်ကြောင်း၊ လူပုဂ်္ဂိုလ်များမှာ ပြောင်းလဲသွားနိုင်သော်လည်း Institution မှာ ပြောင်းလဲသွားခြင်းမရှိကြောင်း ဦးရဲထွဋ် က ပြောထားသည်ကို တွေ့ရသည်။ ““သ၀ဏ်လွှာပို့လာရင် သ၀ဏ်လွှာ ပြန်ပို့ရတဲ့ ပုံစံနဲ့ပဲသွားရတာပါ။ ဒီတော့ သ၀ဏ်လွှာလည်း သမ္မတကြီးဘက်က ပြန်မပို့ရသေးပါဘူး၊ ခုနကပြောသလို သမ္မတကြီးက ဒီသ၀ဏ်လွှာကို တကယ်ကိုပဲ ဖတ်တောင်မဖတ် ရသေးဘူး””ဟု နိုင်ငံတော် သမ္မတရုံးမှ အဆင့်မြင့်အရာရှိက ပြော ကြားခဲ့ပြီး သမ္မတကြီးအနေဖြင့် သ၀ဏ် လွှာမဖတ်ရသေးသော်လည်း သတင်း မျိုးစုံ ဖော်ပြ ချက် များအရ ခြောက်ပွင့်ဆိုင်ဆို သည့်အကြောင်းအရာအနည်းအကျဉ်းကို သိရှိထားကြောင်း လည်း သိရသည်။

Pyimyanmar

No comments:

Post a Comment