Friday, November 14, 2014

အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၌ အိန္ဒိယဝန်ကြီးချုပ်က ဘာသာရေးနှင့် အကြမ်းဖက်မှုအကြား ဆက်နွှယ်ချက်မှန်သမျှကို ပယ်ဖျက်ပစ်ရန် တောင်းဆို

နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်၌ ပြုလုပ်သော အရှေ့အာရှ ထိပ်သီးဆွေးနွေး ပွဲတွင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ဘာသာ ရေးနှင့်အကြမ်းဖက်မှုအကြား ဆက်နွှယ်ချက် မှန်သမျှကို ပယ်ဖျက်ပစ်ရေးတို့အတွက် အ ခြားနိုင်ငံများကို တောင်းဆို ခဲ့ကြောင်း သိရ သည်။



“အကြမ်းဖက်မှုကိုတိုက်ဖျက်ဖို့ ပြီးပြည့် စုံတဲ့တုံ့ပြန်မှုဟာ အကြမ်းဖက်မှု အားလုံးကို တိုက်ဖျက်ဖို့ စစ်မှန်တဲ့ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုလိုအပ်ပါတယ်”ဟု မိုဒီက အ ရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၌ မိန့်ခွန်းပြော ကြားခဲ့သည်။

သူက “အကြမ်းဖက်မှုနဲ့ အစွန်းရောက် မှုနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေက မြင့်တက် လာနေပါတယ်။ ဒါတွေက မူးယစ်ဆေး၊ ငွေ ကြေးခဝါချမှုတွေနဲ့လည်း ဆက်နွှယ်နေပါ တယ်။ ဆိုက်ဘာနဲ့ အာကာသတို့ဟာ ဆက် သွယ်ရေးနဲ့ ကောင်းကျိုးချမ်းသာတို့အတွက် ရင်းမြစ်တစ်ခုအဖြစ်ပဲ ဆက်ပြီးဖြစ်နေသင့် ပါတယ်။ ပဋိပက္ခတွေအတွက် ခန်းမအသစ် တွေ ဖြစ်မလာသင့်ပါဘူး”ဟုလည်း ပြော ကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီက အစ္စလာမ္မစ် နိုင်ငံတော် (IS) အဖွဲ့နှင့်ပတ်သက်သော အ ရှေ့အာရှထိပ်သီးဆွေးနွေးပွဲ ကြေညာချက်ကို အိန္ဒိယက ထောက်ခံကြောင်း လည်း ကြေညာ ခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်က ငြိမ်းချမ်းရေး နှင့် တည်ငြိမ် အေးချမ်းရေး အတွက် နိုင်ငံတကာ က ချမှတ်ထားသော ဥပဒေများနှင့် စံနှုန်းများ ကို လိုက်နာကြရန်လည်းနိုင်ငံများကို တောင်း ဆိုခဲ့သည်။

“အပြန်အလှန်မှီခိုမှုနဲ့ ဂလိုဘယ်လိုက် ဇေးရှင်းထွန်းကားတဲ့ ကမ္ဘာကြီးတစ်ခုမှာ နိုင် ငံတကာဥပဒေတွေနဲ့ စံနှုန်းတွေကို လိုက်နာ ဖို့ကလွဲပြီး အခြားရွေးစရာ မရှိပါဘူး။ တောင် တရုတ်ပင်လယ်အတွင်းမှာ ငြိမ်းချမ်းရေးအ တွက် ကမ္ဘာ့စံ နှုန်းတွေကို လိုက်နာဖို့လိုအပ် ပါတယ်”ဟုလည်း မိုဒီက ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီက အိန္ဒိယသည် ]အရှေ့မျှော်} (Look East) မူဝါဒမှ အမှန်တ ကယ်အကောင်အထည်ဖော်မည့် ]အရှေ့ဖော်} (Act East) မူဝါဒတို့ ပြောင်းလဲသွားပြီဖြစ် ကြောင်းလည်း ပြောကြားခဲ့သည်။

“နောက်ဆုံးခြောက်လအတွင်းမှာ ကျွန် တော်တို့ အရှေ့မျှော်ကနေ အရှေ့ဖော် မူဝါဒ ကို ပြောင်းလဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ အရှေ့အာ ရှထိပ်သီးဆွေးနွေးပွဲတွေမှာ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်မှုတွေရှိခဲ့ပါတယ်။ ကျွန် တော်တို့ အကြောင်းအရာပေါင်းများစွာနဲ့ ပတ်သက်ပြီး အတူတကွလုပ်ဆောင်ခဲ့ကြ တယ်”ဟုလည်း မိုဒီက ပြောကြားခဲ့ကြောင်း သိရသည်။        

Eleven Media Group

No comments:

Post a Comment