Friday, November 14, 2014

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်မလှည့်ရေး အိုဘားမား သတိပေး

အမေရိကန်သမ္မတဘာရက်အိုဘားမားက မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးသည် နောက်သို့ ပြန်ဆုတ်နေကြောင်း မြန်မာအာဏာပိုင်များအား နိုဝင်ဘာ ၁၃ ရက်တွင် သတိပေးခဲ့သည်။ မြန်မာနိုင်ငံသည်  စစ်တပ်က အုပ်စိုးခဲ့သည့် အထီးကျန်နိုင်ငံအ ဖြစ်မှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း ပြသရန် ရည်ရွယ်ထားသည့် နိုဝင်ဘာ ၁၃  ရက် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ အို ဘားမားက ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ် သည်။



အိုဘားမားသည် ဗိုလ်ချုပ်ကြီးဟောင်း အဖြစ်မှ ပြုပြင်ပြောင်းလဲရေးသမား သမ္မတ အဖြစ် အသွင်ပြောင်းလာသူဦးသိန်းစိန်နှင့်  အာဆီယံထိပ်သီးဆွေးနွေးပွဲ၏ ဘေးဆွယ် ဆွေးနွေးပွဲအဖြစ် နေပြည်တော်တွင် သီးခြား တွေ့ဆုံဦးမည်ဖြစ်သည်။
နိုဝင်ဘာ ၁၂ ရက် ညက အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိမလာမီ ဧရာဝတီသ တင်းဝက်ဘ်ဆိုက်နှင့် အင်တာဗျူးပြုလုပ်ခဲ့ ရာ၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး  အပေါ် တင်းမာသည့်မှတ်ချက်များပေးခဲ့ ခြင်းနှင့်အတူ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်အ တွက် သူ၏အနေအထားကို ကြိုတင်ပြင်ဆင် ခဲ့ပုံရသည်ဟု ဆိုသည်။

အိုဘားမားက “လွန်ခဲ့တဲ့ လေးနှစ် ပြု ပြင်ပြောင်းလဲရေးတွေ စတင်ခဲ့စဉ်တုန်းက အများမျှော်လင့်ထားကြ သလိုမျိုး ဖြစ်ပေါ်တိုး တက်မှုတွေက မြန်မြန်ဆန်ဆန်ဖြစ်မလာပါ ဘူး။ တချို့နေရာတွေမှာ ပြုပြင်ပြောင်း လဲမှု တွေက အရှိန်လျော့ကျသွားခဲ့ပြီး တချို့အဆင့် တွေမှာဆိုရင် နောက်တောင်ပြန်ဆုတ် သွားပါ သေးတယ်”ဟု ဆိုသည်။

သူက “စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ်  ကန့်သတ်ထိန်းချုပ်မှုတွေအပြင် အခြေခံလူ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဥပဒေမဲ့သတ် ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနဲ့ အတင်းအကျပ် ခိုင်းစေခြင်း အစီရင်ခံမှုတွေအပါအဝင် တိုင်း ရင်းသားလူမျိုးစုဒေသတွေမှာ မတော်မတရား ပြုကျင့်မှုတွေ ကျွန်တော်တို့ဆက်ပြီး မြင်တွေ့ ရပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

အိုဘားမားသည် နိုဝင်ဘာ ၁၄ ရက် တွင် မြန်မာနိုင်ငံ၏ကျော်ကြားလှသော ဒီမို ကရေစီသူရဲကောင်းနှင့် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံ အားပေးမှုကို ပြသသည့်အနေဖြင့် ရန်ကုန်မြို့ သို့ သွားရောက်တွေ့ဆုံရန်လည်း ကမ်းလှမ်း ထားသည်။ ဒေါ်အောင်ဆန်းစုကြည်က အို ဘားမား၏ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနေအထားနှင့်ပတ်သက်၍ အ လွန်အကျွံအကောင်းမြင်ခြင်းမပြုရန် ကြိုတင် သတိပေးထားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား အများစုကို လွှတ်ပေးခဲ့ပြီး အလွန်တင်းကျပ် သော စာနယ်ဇင်းများ စိစစ်ရေးမူကို လျှော့ ပေါ့ပေးခဲ့ပြီးနောက် အနောက်တိုင်းက မြန် မာနိုင်ငံအပေါ်ချမှတ်ထားသော ပိတ်ဆို့မှု အများစုကို ဖယ်ရှားပေးခဲ့သောကြောင့် ရင်း နှီးမြုပ်နှံသူများက မြန်မာနိုင်ငံကို ဈေးကွက် အသစ်စက် စက်တစ်ခု အဖြစ် အထိုက်အ လျောက် စိတ်ဝင်စားလာခဲ့ကြသည်။

အိုဘားမားသည် ပြုပြင်ပြောင်းလဲရေး များကို အားပေးရန် ပထမဆုံး မြန်မာနိုင်ငံသို့ လာရောက်သည့် တာဝန်ထမ်းဆောင်ဆဲ အ မေရိကန်သမ္မတအဖြစ် ၂ဝ၁၂ ခုနှစ်က မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်နှင့်လည်း ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ဖူး ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment