တပ်မတော်၏ ပစ်ခတ် မှုကြောင့် သေဆုံးခဲ့ပြီး တပ်မ တော်ကပင်
ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်ကျေးရွာတွင် မြှုပ်နှံခဲ့ သည့် ကိုပါကြီး၏
အလောင်း အား နိုဝင်ဘာ ၅ ရက်တွင် ကျိုက် မရောရဲစခန်းက ပြန်လည်ဖော်ယူ
တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဖို့ သက်သေတွေအားလုံး ရှေ့မှာ အလောင်းဖော်မှာဖြစ် တယ်။ မိသားစုကိုလည်း အ ကြောင်းကြားလိုက်ပါပြီ’’ ဟု ကျိုက်မရောမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
‘‘လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဖို့ သက်သေတွေအားလုံး ရှေ့မှာ အလောင်းဖော်မှာဖြစ် တယ်။ မိသားစုကိုလည်း အ ကြောင်းကြားလိုက်ပါပြီ’’ ဟု ကျိုက်မရောမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ကိုပါကြီး အလောင်းကို ပြန်လည်တူးဖော်မည့်ကိစ္စ အ ကြောင်းကြားခြင်းနှင့် အမှုကိစ္စ ကို စစ်ဆေးရာတွင် လိုအပ် ချက်များရှိနေ၍ ဖြည့်စွက်စစ် ဆေးနိုင်ရန် ကြိုတင်လာရောက် ပါရန် ၎င်းထံ ကျိုက်မရောရဲစခန်း က အကြောင်းကြားလာကြောင်း ကိုပါကြီး၏ ဇနီးဒေါ်သန္တာကအတည်ပြုပြောကြားသည်
‘‘အစ်မဆီကို စာရောက်လာ ပါတယ်။ အလောင်းပြန်ဖော်ဖို့ အတွက် လာပေးဖို့ရယ်၊ ထပ်ပြီး စစ်စရာတွေရှိလို့ဆိုပြီး ၄ ရက်နေ့ အရောက် ကြိုတင်ပြီးလာပေးဖို့ ပါ။ အစ်မက တောက်လျှောက် နေမကောင်းဖြစ်နေတော့ ၄ ရက် နေ့ညလောက်မှပဲ ရောက်နိုင် မယ်လို့ ကျိုက်မရောမြို့နယ်မှူး ကို လှမ်းအကြောင်းကြားထားပါ တယ်။ အစ်မကို အကြောင်းကြား တဲ့စာမှာတော့ တပ်ဖွဲ့မှူး ကိုယ် စားလို့ပဲပါတယ်။ နာမည်လည်း မပါဘူး။ ရာထူးလည်းမပါပါဘူး’’ ဟု ၎င်းကပြောကြားသည်။
ကိုပါကြီးအမှုကို သမ္မတ က အစီရင်ခံစာတင်ပြရန် လူ့ အခွင့်အရေးကော်မရှင်ကို ညွှန် ကြားပြီး နှစ်ရက်အကြာ အောက် တိုဘာ ၃၁ ရက်တွင် ကော်မရှင် က မွန်ပြည်နယ်သို့သွားရောက်၍ စုံစမ်းမှုများစတင်ခဲ့သည်။ ကိုပါကြီး အလောင်းကို နိုဝင်ဘာ ၅ ရက်တွင် သက်သေများနှင့်အတူ ပြန်ဖော်ရန် ကော်မရှင်ရောက်ရှိပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၂ ရက်တွင် ကျိုက်မရောရဲစခန်းက ကာယကံရှင်၏ မိသားစုထံ အကြောင်းကြားလာခြင်းဖြစ်သည်။
အလောင်းကို ပြန်ဖော်ရန် မြို့နယ်တရားသူကြီးနှင့် မှုခင်း ဆရာဝန်တို့ထံ စာတင်ပြပြီး တစ်ပတ်အကြာတွင် ယခုကဲ့သို့ အလောင်းဖော်ခွင့်ရခဲ့ပြီး အလောင်းဖော်ချိန်တွင်လည်း တရားသူကြီး၊ မှုခင်းဆရာဝန်၊ မိသားစုဝင်များနှင့် အသိသက်သေများ ရှေ့တွင် တူးဖော်ရမည်ဖြစ်ကြောင်း ကျိုက်မရောရဲစခန်းမှ တာဝန်ရှိသူက ပြောကြားသည်။
ကိုပါကြီးမှာ တပ်မတော်က KKO အဖွဲ့မှ ပြန်ကြားရေးတာ ၀န်ခံ ဗိုလ်ကြီးအောင်နိုင်ဟု သ တင်းထုတ်ပြန်ထားပြီး တပ်မှ ဖမ်း ဆီးထားစဉ် သေနတ်လုယူထွက် ပြေး၍ ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ကိုပါကြီး၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် များကမူ ကိုပါကြီးမှာ ယခင်သုံးရောင်ခြယ်အဖွဲ့ဝင်ဖြစ်ြ
7Day Daily
No comments:
Post a Comment