Monday, November 3, 2014

ဦးဆန်းဆင့်အမှုသည် သမ္မတက တိုက်ရိုက်အမိန့်ပေး ဆောင်ရွက်သောကိစ္စဖြစ်ဟု ရှေ့နေပြော

သာသနာရေး ၀န်ကြီး ဟောင်း ဦးဆန်းဆင့်ကို ဖမ်းဆီး အရေးယူမှုသည် နိုင်ငံတော် သမ္မတက တိုက်ရိုက်အမိန့်ပေး ဆောင်ရွက်သော ကိစ္စဖြစ်ကြောင်းဦးဆန်းဆင့်၏ ရှေ့နေဦးတင်ထွန်း (ဂျွန်နီယန်) ကပြောကြားသည်။

‘‘သမ္မတက အရေးယူဖို့ အာ ဏာကုန်လွှဲထားတာ ဖြစ်တယ်။ အရေးယူဖို့အတွက် စသုံးလုံးနဲ့ မှုခင်းတပ်ဖွဲ့ကို အာဏာကုန်လွှဲ အပ်ကြောင်း အမိန့်စာကို သူတို့ တရားရုံးကို သက်သေတင်ခဲ့ တယ်’ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ နိုင်ငံတော်သမ္မတက အရေးယူသော အမှုဖြစ်သဖြင့် တရားလိုသက်သေများသည် အ စိုးရ၀န်ထမ်းများသာဖြစ်၍ ၎င်းတို့၏ ထွက်ချက်များသည် လည်း အမှန်တရားပေါ်၌ ရပ်တည်ထားခြင်းမရှိဘဲ အကြောက် တရားပေါ်တွင်သာ အခြေခံ ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ထွန်းကဆိုသည်။

ထို့ပြင် ဦးဆန်းဆင့်အနေ ဖြင့် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ် အစိုးရအဖွဲ့ အစည်းအဝေးများ၌ အသံခိုးဖမ်း သည်ဟု စွပ်စွဲပြောဆိုခြင်းသည် လူ့ဂုဏ်သိက္ခာကို ထိပါးစေသော အသုံးအနှုန်းဖြစ်သဖြင့် ပြင်းပြင်း ထန်ထန်ကန့်ကွက်ကြောင်းဦးတင်ထွန်းက ဆက်လက်ပြောကြား သည်။

အောက်တိုဘာ ၃၀ ရက် တွင် ထုတ်ဝေသော ပြည်တွင်း ဂျာနယ်တစ်စောင်၌ ပြန်ကြား ရေးပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်၏ ယင်းကဲ့သို့ပြောကြားထားမှုအပေါ် ဦးဆန်းဆင့်၏ရှေ့နေက တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ပြီး နိမ့် ပါးနေပြီ ဖြစ်သည့်လူတစ်ဦးကို ထပ်မံထိုးနှက်မှု မပြုလုပ်သင့် ကြောင်း၎င်းက ပြောသည်။

ဦးဆန်းဆင့်ကို နေပြည် တော်ဒက္ခိဏသီရိခရိုင် တရားရုံး က ထောင်ဒဏ် ၁၃ နှစ် ချမှတ်အ ရေးယူခဲ့ခြင်းအပေါ် မန္တလေးတိုင်း ဒေသကြီး တရားရုံးသို့ အယူခံ လွှာတင်သွင်းထားပြီး အယူခံ ၀င်ရောက်ရမည့်အချိန်တွင် ပြော ကြားရမည့် လျှောက်လဲချက်များ ကို အသင့်ပြင်ဆင်ထားပြီ ဖြစ် ကြောင်း ပြောသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို တရားစွဲ ဆိုထား ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်က ပြစ်မှုများရုပ်သိမ်းပေးရန် ၎င်း အမှုစီရင်ချက် မချမီနှစ်ရက်အလို တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၅၁ ဦးက လက် မှတ်ရေးထိုးတောင်းဆိုမှု ပြုလုပ်ခဲ့သည့်အပြင် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဝင်ဆရာတော်များကလည်း သမ္မတထံ မေတ္တာရပ်ခံစာများ ပေးပို့ခဲ့သည်။

ဦးဆန်းဆင့်အား ပြစ်ဒဏ် ချမှတ်ပြီးနောက်တွင် မူလထား ရှိသည့် ရမည်းသင်းထောင်မှ တောင်ငူထောင်သို့ ရက်ပိုင်းအ တွင်း ပြောင်းရွှေ့မှုပြုလုပ်ခဲ့သည်။

7Day Daily

No comments:

Post a Comment