Saturday, December 6, 2014

နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်ပါက ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုများပိုမို ၀င်ရောက်မည်ဟု ဆွစ်သံအမတ်ပြောကြား

Photo: နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်ပါက ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုများပိုမို ၀င်ရောက်မည်ဟု ဆွစ်သံအမတ်ပြောကြား
Saturday, December 6, 2014

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ  ပိုမိုတည်ငြိမ်လာပါက လာမယ့်နှစ် မှာ ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား
ဝင်ရောက်လာဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
 
 မြန်မာနိုင်ငံအနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာပြီး ညီမျှတဲ့ စီးပွားရေးယှဉ်ပြိုင်မှု တွေအတွက် ဥပဒေတွေ ပေါ်ထွက်လာကာ (၂၀၁၅)ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်ရင် ဆွစ်ဇာလန်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံကို ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့ရှိတယ် လို့ ဆွစ်ဇာလန်သံအမတ်ကြီးက ဒီဇင်ဘာ (၃)ရက်နေ့က နေပြည်တော်က ကီပင်စကီဟိုတယ်မှာ ကျင်းပတဲ့ ဆွစ်ဇာလန်-မြန်မာ စီးပွားရေးမိတ်ဆက်ပွဲမှာ ပြောပါတယ်။
 
 လက်ရှိအချိန်မှာ ဆွစ်ဇာလန်စီးပွားရေး လုပ်ငန်းအုပ်စုတွေဖြစ်တဲ့ Roche  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနဲ့ Nestle စားသောက်ကုန်လုပ်ငန်းတို့ဟာ (၂၀၁၃)ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားပြီး NESTLE အနေနဲ့ ရန်ကုန်မြို့မှာ စားသောက်ကုန် စက်ရုံကို (၂၀၁၆)ခုနှစ်မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံကြား စီးပွားရေးဆွေးနွေးပွဲကို (၂၀၁၃)ခုနှစ်က နေပြည်တော်မှာ ကျင်းပခဲ့ပြီး (၂၀၁၅)ခုနှစ် ဇန်န၀ါရီလမှာတော့ ဆွစ်ဇာလန်နိုင်ငံမှာ စီးပွားရေးဆွေးနွေးပွဲ ထပ်မံပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

MRTV-4
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ  ပိုမိုတည်ငြိမ်လာပါက လာမယ့်နှစ်မှာ ဆွစ်ဇာလန် ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ၀င်ရောက်လာဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး က ပြောကြားလိုက်ပါတယ်။

 မြန်မာနိုင်ငံအနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာပြီး ညီမျှတဲ့ စီးပွားရေးယှဉ်ပြိုင်မှု တွေအတွက် ဥပဒေတွေ ပေါ်ထွက်လာကာ (၂၀၁၅)ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်ရင် ဆွစ်ဇာလန်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံကို ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့ရှိတယ်လို့ ဆွစ်ဇာလန် သံအမတ်ကြီးက ဒီဇင်ဘာ (၃)ရက်နေ့က နေပြည်တော်က ကီပင်စကီဟိုတယ်မှာ ကျင်းပတဲ့ ဆွစ်ဇာလန်-မြန်မာ စီးပွားရေးမိတ်ဆက်ပွဲမှာ ပြောပါတယ်။

 လက်ရှိအချိန်မှာ ဆွစ်ဇာလန်စီးပွားရေး လုပ်ငန်းအုပ်စုတွေဖြစ်တဲ့ Roche  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းနဲ့ Nestle စားသောက်ကုန်လုပ်ငန်းတို့ဟာ (၂၀၁၃)ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှုတွေ ပြုလုပ်ထားပြီး NESTLE အနေနဲ့ ရန်ကုန်မြို့မှာ စားသောက်ကုန် စက်ရုံကို (၂၀၁၆)ခုနှစ်မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံကြား စီးပွားရေးဆွေးနွေးပွဲကို (၂၀၁၃)ခုနှစ်က နေပြည်တော်မှာ ကျင်းပခဲ့ပြီး (၂၀၁၅)ခုနှစ် ဇန်န၀ါရီလမှာတော့ ဆွစ်ဇာလန်နိုင်ငံမှာ စီးပွားရေးဆွေးနွေးပွဲ ထပ်မံပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment