Saturday, December 13, 2014

လစ်ဗျား လေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင် ပိုင်နက်အတွင်း ဝင်ရောက်ခွင့် ဥရောပသမဂ္ဂက ပိတ်ပင်

Photo: လစ်ဗျား လေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင် ပိုင်နက်အတွင်း ဝင်ရောက်ခွင့် ဥရောပသမဂ္ဂက ပိတ်ပင်
Saturday, December 13, 2014 

လစ်ဗျား လေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက် ခွင့် ပိတ်ပင် တားမြစ်ရန် ဥရောပ သမဂ္ဂက ဒီဇင်ဘာလ ၁၁ ရက်က ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

လစ်ဗျား နိုင်ငံ အတွင်းရှိ ပြိုင်ဘက် အုပ်စုများအကြား အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွါးလျက် ရှိရာ လစ်ဗျား အာဏာပိုင်များ အနေဖြင့် လစ်ဗျား လေကြောင်းလိုင်း များ၏ ဘေးကင်း လုံခြုံရေးကို အာမခံချက် ပေးနိုင်မည် မဟုတ်တော့ သဖြင့် ဥရောပ သမဂ္ဂက ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“လစ်ဗျား လေကြောင်းကဏ္ဍရဲ့ ဘေးကင်း လုံခြုံရေးနဲ့ ပတ်သတ်တဲ့ အပြည်ပြည်ဆိုင်ရာ တာဝန် ဝတ္တရား တွေကို လစ်ဗျား လေကြောင်း အာဏာပိုင်တွေက ဆက်ပြီးတော့ ဖြည့်စွမ်း ပေးနိုင်စွမ်း မရှိတော့တဲ့ အခြေအနေမျိုး ဆီကို လတ်တလော ဖြစ်ရပ်တွေက ဦးတည်သွား ခဲ့ပါတယ်” ဟု အီးယူ သယ်ယူ ပို့ဆောင်ရေး အကြီးအကဲ ဗိုင်အိုလီတာဗက်က ပြောကြားသည်။   

“လေကြောင်း ကဏ္ဍနဲ့ ပတ်သတ်ပြီးတော့ ကျွန်မရဲ့ ဦးစားပေး အစီအစဉ်က ခရီးသည်တွေ ဘေးကင်း လုံခြုံရေးပါပဲ။ အဲဒါကို လုံးဝ လျှော့ပေးလို့ မရပါဘူး။ လစ်ဗျား နိုင်ငံရဲ့ အခြေအနေ တွေက ခွင့်ပြုလာမယ့် အချိန် ရောက်လာတာနဲ့ တစ်ပြိုင်တည်း လစ်ဗျား လေကြောင်း ကဏ္ဍကို အကူအညီပေးဖို့ ကျွန်မတို့ အသင့်ရှိ နေပါတယ်” ဟု ကြေညာချက် တစ်စောင်ထဲတွင် ဗက်က ဆိုထားသည်။  

အာဖရိက အဲဝေး၊ အဲလစ်ဗျား နှင့် လစ်ဗျား အဲလိုင်းစ် တို့အပါအဝင် လစ်ဗျား လေကြောင်း ကုမ္ပဏီ ခုနစ်ခုအား ပိတ်ပင် လိုက်ခြင်း ဖြစ်သည်။ ဥရောပ သမဂ္ဂ၏ လေကြောင်း ဘေးကင်း လုံခြုံရေး စာရင်းအား လုပ်နေကျ အတိုင်း လေ့လာ ဆန်းစစ် သုံးသပ်မှုများ ပြုလုပ် ခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကာလ၌ ထိုစာရင်း ထဲတွင် နိုင်ငံ ၂၁ နိုင်ငံမှ လေကြောင်းလိုင်း ၃၀၀ ကျော် ပါရှိပြီး ထိုလေကြောင်း လိုင်းများ အနေဖြင့် ဥရောပသမဂ္ဂ ၏ စံချိန် စံညွန်းများအား ပြည့်မီရန် လိုအပ်ကြောင်း သိရသည်။  

အခြား လေကြောင်းလိုင်း ၁၀ ခုမှာမူ ဥရောပ သမဂ္ဂ ဝေဟင်ပိုင်နက် အတွင်း ပျံသန်းခွင့် ရှိသော်လည်း ထိုလေကြောင်းလိုင်း ၁၀ ခုအား ကန့်သတ်မှု အချို့ ပြုလုပ်ထားသည်။

ဥရောပသမဂ္ဂ၏ လေကြောင်း ဘေးကင်းလုံခြုံရေး စာရင်းထဲတွင် ပါဝင်သော နိုင်ငံများမှာ အာဖဂန် နစ္စတန်၊ အန်ဂိုလာ၊ ဘန်နင်၊ ကွန်ဂို သမ္မတ နိုင်ငံ၊ ဒီမိုကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံ၊ ဂျစ်ဘူဒီ နိုင်ငံ၊ ဂီနီ နိုင်ငံ၊ အယ်ရီ ထရီးယား၊ ဂက်ဘွန် ၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ လိုက်ဘီးရီးယား၊ လစ်ဗျား၊ မိုဇမ်ဘစ်၊ နီပေါ၊ ဖိလစ်ပိုင်၊ ဆီယာရာလီယွန်၊ ဆာအိုတုမ်းမ် အန်ပရင့်စပီ၊  ဆူဒန် နှင့် ဇမ်ဘီယာ နိုင်ငံများ ပါဝင် ကြသည်။

Ref: AFP
Mizzima - News in Burmese

လစ်ဗျားလေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်ခွင့် ပိတ်ပင်တားမြစ်ရန် ဥရောပ သမဂ္ဂက ဒီဇင်ဘာလ ၁၁ ရက်က ဆုံးဖြတ် လိုက်ကြောင်း သိရသည်။
လစ်ဗျား နိုင်ငံ အတွင်းရှိ ပြိုင်ဘက် အုပ်စုများအကြား အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွါးလျက် ရှိရာ လစ်ဗျား အာဏာပိုင်များအနေဖြင့် လစ်ဗျားလေကြောင်းလိုင်းများ၏ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးနိုင်မည် မဟုတ်တော့ သဖြင့် ဥရောပ သမဂ္ဂက ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“လစ်ဗျား လေကြောင်းကဏ္ဍရဲ့ ဘေးကင်း လုံခြုံရေးနဲ့ ပတ်သတ်တဲ့ အပြည်ပြည်ဆိုင်ရာ တာဝန်ဝတ္တရား တွေကို လစ်ဗျားလေကြောင်း အာဏာပိုင်တွေက ဆက်ပြီးတော့ ဖြည့်စွမ်း ပေးနိုင်စွမ်း မရှိတော့တဲ့ အခြေအနေမျိုး ဆီကို လတ်တလော ဖြစ်ရပ်တွေက ဦးတည်သွား ခဲ့ပါတယ်” ဟု အီးယူ သယ်ယူ ပို့ဆောင်ရေး အကြီးအကဲ ဗိုင်အိုလီတာဗက်က ပြောကြားသည်။  

“လေကြောင်း ကဏ္ဍနဲ့ ပတ်သတ်ပြီးတော့ ကျွန်မရဲ့ ဦးစားပေး အစီအစဉ်က ခရီးသည်တွေ ဘေးကင်း လုံခြုံရေးပါပဲ။ အဲဒါကို လုံးဝ လျှော့ပေးလို့ မရပါဘူး။ လစ်ဗျား နိုင်ငံရဲ့ အခြေအနေ တွေက ခွင့်ပြုလာမယ့် အချိန် ရောက်လာတာနဲ့ တစ်ပြိုင်တည်း လစ်ဗျား လေကြောင်း ကဏ္ဍကို အကူအညီပေးဖို့ ကျွန်မတို့ အသင့်ရှိ နေပါတယ်” ဟု ကြေညာချက် တစ်စောင်ထဲတွင် ဗက်က ဆိုထားသည်။

အာဖရိက အဲဝေး၊ အဲလစ်ဗျား နှင့် လစ်ဗျား အဲလိုင်းစ် တို့အပါအဝင် လစ်ဗျား လေကြောင်း ကုမ္ပဏီ ခုနစ်ခုအား ပိတ်ပင် လိုက်ခြင်း ဖြစ်သည်။ ဥရောပ သမဂ္ဂ၏ လေကြောင်း ဘေးကင်း လုံခြုံရေး စာရင်းအား လုပ်နေကျ အတိုင်း လေ့လာ ဆန်းစစ် သုံးသပ်မှုများ ပြုလုပ် ခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကာလ၌ ထိုစာရင်း ထဲတွင် နိုင်ငံ ၂၁ နိုင်ငံမှ လေကြောင်းလိုင်း ၃၀၀ ကျော် ပါရှိပြီး ထိုလေကြောင်း လိုင်းများ အနေဖြင့် ဥရောပသမဂ္ဂ ၏ စံချိန် စံညွန်းများအား ပြည့်မီရန် လိုအပ်ကြောင်း သိရသည်။

အခြား လေကြောင်းလိုင်း ၁၀ ခုမှာမူ ဥရောပ သမဂ္ဂ ဝေဟင်ပိုင်နက် အတွင်း ပျံသန်းခွင့် ရှိသော်လည်း ထိုလေကြောင်းလိုင်း ၁၀ ခုအား ကန့်သတ်မှု အချို့ ပြုလုပ်ထားသည်။

ဥရောပသမဂ္ဂ၏ လေကြောင်း ဘေးကင်းလုံခြုံရေး စာရင်းထဲတွင် ပါဝင်သော နိုင်ငံများမှာ အာဖဂန် နစ္စတန်၊ အန်ဂိုလာ၊ ဘန်နင်၊ ကွန်ဂို သမ္မတ နိုင်ငံ၊ ဒီမိုကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံ၊ ဂျစ်ဘူဒီ နိုင်ငံ၊ ဂီနီ နိုင်ငံ၊ အယ်ရီ ထရီးယား၊ ဂက်ဘွန် ၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ လိုက်ဘီးရီးယား၊ လစ်ဗျား၊ မိုဇမ်ဘစ်၊ နီပေါ၊ ဖိလစ်ပိုင်၊ ဆီယာရာလီယွန်၊ ဆာအိုတုမ်းမ် အန်ပရင့်စပီ၊  ဆူဒန် နှင့် ဇမ်ဘီယာ နိုင်ငံများ ပါဝင် ကြသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment