Friday, December 26, 2014

ကျွန်မမှာ ရှိတဲ့ အတိုင်း အရှိကိုပဲ ဖော်ပြပါတယ် ကျွန်မဘက်တော့ ဘယ်တော့မှာ ပြောင်းလဲ မှာ မဟုတ်ဘူး


ကန်တော်ကြီးမျှော်စင်ကျွန်း၌ကျင်းပခဲ့သော Grand Royal New Year အကြိုဖျော်ဖြေပွဲတွင် တေးသံရှင် အမွန်းရဲ့ဖျော်ဖြေပွဲဝတ်စုံဟာ ပရိသတ်အပြောများခဲ့ပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက် နှာများထက် တွင်လည်း ဝေဖန်မှုများဖြစ်ခဲ့တာကြောင့် အဆိုတော်အမွန်းကို ပရိသတ်ဝေဖန်မှုများ၊ ပြော ဆိုနေမှုအများ အပေါ် အမြင်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖြစ်ခဲ့ရာ ''ကျွန်မဘက်ကတော့ အားလုံးရဲ့ အမြင်ကို လေးစားပါတယ်။ ကျွန်မရဲ့အမြင်ကိုလေးစားတဲ့အချိန် တစ်ချိန်ချိန်ကို စောင့်မျှော်ရမှာပဲ။ ကျွန်မ ဘက်ကတော့ ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဘူး။ ကျွန်မမှာရှိတဲ့အတိုင်း အရှိကိုပဲ ဖော်ပြပါတယ်။
အခု ပွဲမှာဝတ်ခဲ့တဲ့အဝတ်အစားကလဲ အသစ်မဟုတ်ပါဘူး။ ကျွန်မရဲ့ Music Video တစ်ခုမှာ ဝတ်ဖူး ပါတယ်။ ပရိသတ်တွေသိပါတယ်။


လူတစ်ယောက်ရဲ့သိက္ခာဆိုတာကလဲ သူများသတ်မှတ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်လိပ်ပြာကိုယ်လုံဖို့က အရေးအကြီးဆုံးပါပဲ။ အခု ကျွန်မကိုပြောနေကြတာက အဝတ်အစားကိုဗန်းပြပြီးတော့မှ နာမည်တက်ချင်တယ်လို့ ပြောကြတဲ့ အတွက် အဲဒီအဆိုက ဘယ်လောက် ရယ်စရာကောင်းလဲဆိုတာ ကျွန်မရဲ့သီချင်းကိုနားထောင်ဖူး တဲ့သူ ကျွန်မပရိသတ်တိုင်းက သိပါတယ်။
သူတို့ပြောသမျှဟာ ကျွန်မအတွက် ဟာသတစ်ခုပါ။ ကျွန်မဘက်က ဘာမှပြင်မှာမဟုတ်ဘူး။ ကျွန်မရှိတဲ့အတိုင်း ဆက်သွားမယ်။ ကောင်းသောအနု ပညာကိုဖန်တီးပြီး ပရိသတ်ကိုချပြမယ်။ အဲဒါက ကျွန်မရဲ့ခံယူချက်ပါ''လို့ အဆိုတော်အမွန်းက ပြောပါတယ်။
ဖျော်ဖြေပွဲဝတ်စုံကြောင့် မူလအစက သီချင်းလေးပုဒ်ဆိုရမည်ကို သီချင်းသုံး ပုဒ်သာဖျော်ဖြေခွင့် ရခဲ့ကြောင်းကိုလည်း ''ကျွန်မအကြောင်းရေးထားတာကတော့ ကျွန်မကို ဖျော်ဖြေဖို့ဖိတ်ခေါ်တဲ့ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်က သူ့ဖေ့စ်ဘွတ်ခ်မှာ ရေးထားတာ တွေ့တယ်။ နင့်ကို ဘယ်သူဖိတ်ခေါ်လို့လဲ ဆိုတဲ့စကားက ကျွန်မအတွက်တော့ ဟာသလို ပါပဲ။ ကျွန်မကိုမဖိတ်ခေါ်ဘဲနဲ့ ကျွန်မက ဘယ်လိုသွား ဆိုမလဲ။ ကျွန်မ International မှာရော မြန်မာနိုင်ငံမှာပါ အလုပ်တွေများနေတာ။ ကျွန်မအဲဒီပွဲမှာ လေးပုဒ်ဆိုမယ်ဆို တာကို သူတို့လက်ခံထားပြီးသား။ ကျွန်မမှာ အကုန်သက်သေရှိတယ်။ အဲဒီပွဲအတွက် Rehersal ကိုလဲ ကျွန်မ အပြည့်အစုံသွားလုပ်ပါတယ်။
ဖျော်ဖြေပွဲစလို့ မိုက်လာပေးတာ လဲ ပွဲစီစဉ်သူပါ။ ကျွန်မတစ်ပုဒ်ဆိုပြီးသွားလို့ ဆက်ဆိုမလို့ရှိသေးတယ်။ ဖြတ်ချလိုက် တယ်။ အက်ႌလဲပါတဲ့။ ကျွန်မလေးစားသမှုနဲ့လဲပါတယ်။ ကျွန်မပြန်တက်ဆိုတဲ့အချိန်မှာ သီချင်းသုံးပုဒ်ပဲဆိုလိုက်ရတယ်။ ကျန်တဲ့တစ်ပုဒ် မလာတော့ဘူး။ အဲဒါကတော့ သူတို့ ညတွင်းချင်း ဖြတ်ချလိုက်တဲ့သဘောနေမှာပါ။
ကျွန်မဖျော်ဖြေမယ့်အစီအစဉ်မှာ ကျွန်မ ကိုအသိမပေးဘူးဆိုတော့ ကျွန်မ အရူးဖြစ်သွားပါတယ်။ ပွဲပြီးတော့မှ ကျွန်မသိလိုက်ရ တယ်။ တစ်ပုဒ်ဖြတ်ထားတယ်ဆိုတာ။ ကျွန်မစိတ်ကသိကအောက်ဖြစ်သွားတဲ့ ပွဲတစ်ပွဲ လို့ပြောလို့ရပါတယ်။ ကျွန်မပရိသတ်ကိုတော့ ကျွန်မအကောင်းဆုံးကြိုးစားပြီး ဖျော်ဖြေ ခဲ့ပါတယ်''လို့လည်း အဆိုတော်အမွန်းကဆိုခဲ့ပြီး လတ်တလောမှာတော့ သူမအနေနဲ့ ရှိုးပွဲတွေအတွက် ပြင်ဆင်နေပြီး တေးသီချင်းများကိုလည်း ဖန်တီးလျက်ရှိကြောင်း ဆိုပါတယ်။
Photo-Myanmarcelebrity.com
Yangon Media Group

No comments:

Post a Comment