Friday, December 26, 2014

ကားနှစ်စီး ဘေးချင်းယှဉ်ပွတ်မိရာမှ တစ်ဖက်ယာဉ်ကြောမှ ယာဉ်ကိုတိုက်မိ၍ နှစ်ဦးသေ ခြောက်ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂၄ ရက်နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမပေါ်တွင် ယာဉ်နှစ်စီး ဘေးချင်းပွတ်တိုက်မိရာ တစ်ဖက်ယာဉ်ကြောမှယာဉ်ကို ၀င်ရောက် တိုက်မိသဖြင့် နှစ်ဦးသေ၊ ခြောက် ဦး ဒဏ်ရာရရှိခဲ့သည်။

ထောက်ကြန့်မှ မင်္ဂလာဒုံ ဘက်သို့ မောင်းနှင်လာသော ရေ သန့်ပို့သည့်ယာဉ်နှင့် ငွေနှင်းမန္တ လာ ရန်ကုန်-မန္တလေး-နေပြည် တော် ခရီးသည်တင်ယာဉ်တို့ သည် မင်္ဂလာဒုံမြို့နယ် ပညာရေး မှူးရုံး အနီးတွင် ဘေးချင်းပွတ် တိုက်မိကာ ယာဉ်နှစ်စီးစလုံး တစ် ဖက်ယာဉ်ကြောသို့ ရောက်ရှိသွား ပြီး မျက်နှာချင်းဆိုင်မှ မြေသယ် ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ ခြင်းဖြစ်သည်။



ယာဉ်တိုက်မှုကြောင့် ရေ သန့်ကားမှ ယာဉ်မောင်းနှင့် ခေါင်း ခန်းတွင် လိုက်ပါလာသောအမျိုး သမီးတစ်ဦး သေဆုံးသွားပြီး ရေ သန့်ကားပေါ်တွင် လိုက်ပါလာ သည့် လူလေးဦးနှင့် မြေသယ် ကားပေါ်မှ လူနှစ်ဦးတို့ ထိခိုက် ဒဏ်ရာရပြီး မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

‘‘အစ်မဖြတ်သွာတဲ့အချိန် မှာ မြေသယ်ကားကြီးက လမ်း ဘေးမြောင်းထဲ ထိုးကျနေပြီး ရေသန့်ကား ကလည်း ရစရာမရှိ တော့ဘူး။ ခရီးသည်တင်ယာဉ်က လည်း လေကာမှန်တွေ ကွဲနေပြီ’’ ဟု ထောက်ကြန့်သို့ သွားစဉ် ယာဉ်မတော်တဆမှုကို တွေ့မြင် ခဲ့သော မသဇင်က ပြောသည်။

ယာဉ်မဆင်မခြင်မောင်းနှင် မှုကြောင့် ရေသန့်ကား ယာဉ် မောင်း (သေဆုံး) နှင့် ခရီးသည်တင် ယာဉ်မောင်းတို့အား မင်္ဂလာဒုံ မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်

7Day Daily

No comments:

Post a Comment