Sunday, December 14, 2014

ပြင်သစ်တွင် နှစ်တစ်ထောင် သက်တမ်းရှိ ရုပ်အလောင်း ပြသမည်

ပါရီ၊ ဒီဇင်ဘာ ၁၂။ နှစ်တစ်ထောင် သက်တမ်းရှိ မပျက်မယွင်း အကောင်းတိုင်း ရှိနေသော မိန်းမ မံမီရုပ်အလောင်းကို ပြင်သစ် နိုင်ငံ လိုင်ယွန် မြို့ရှိ ပြတိုက် တွင် အများ ပြည်သူများ ကြည့်ရှုနိုင်ရန် ပထမဆုံး အနေဖြင့် ပြသတော့မည် ဖြစ်သည်။

ပီရူးနိုင်ငံ လီမာမြို့ အနီး ပတ်ချာကာမတ် ရှေးဟောင်း နယ်မြေတွင် မြုပ်နှံထားခြင်း ခံခဲ့ရသည့် သန္ဓေသား တစ်ဦးကဲ့သို့ ဒူးတုပ်ကာ ကွေးကွေး လေးရှိနေသည့် အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦး၏ မံမီရုပ်အလောင်းကို ယခုလ နှောင်းပိုင်းတွင် ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။

၂၀၁၂ခုနှစ်အတွင်းက ဘယ်လ်ဂျီယမ် ဘရုဆဲလ်လိစ် တက္ကသိုလ်မှ ပညာရှင်များ တူးဖော်မှုတွင် အင်ကာ ယဉ်ကျေးမှု ခေတ်ပိုင်းက မံမီ ရုပ်အလောင်းပေါင်း ၁၅၀ ကို တူးဖော် တွေ့ ရှိခဲ့သည်။

ယင်းမံမီများတွင် ယခုကဲ့သို့ သန္ဓေသားပုံစံ အမျိုးသမီး မံမီရုပ်အလောင်း အပါအဝင် လသားအရွယ် ကလေးငယ် မံမီရုပ်အလောင်း များစွာကို လည်းတွေ့ ရှိခဲ့ သည်။

ယင်းသန္ဓေသားပုံစံ မျိုးဖြင့် ဆေးစိမ် ပြုလုပ်ထားသည့် အမျိုးသမီး မံမီကိုတွေ့ ရှိချိန်မှစကာ သိမ်းဆည်း ထိန်းသိမ်း ထားခဲ့ခြင်းဖြစ်သည်။ ယခုတွင် လိုင်ယွန်မြို့ ရှိ မူဆေးဒီ ပြတိုက်တွင် ယခုနှစ် နှောင်းပိုင်းမှ စတင်ကာ အများပြည်သူသို့ ခင်းကျင်းပြသ တော့မည် ဖြစ်သည်။

ပါချာကာမတ် နယ်မြေသည် လွန်ခဲ့သော နှစ်၈၀၀ နှင့်အေဒီ ၁၄၅၀ ကြား ပေါ်ပေါက်ခဲ့ပြီး ယင်းဒေသတွင် နေထိုင်သူ များက ယောက်ျားနှင့် မိန်းမတို့ ကိုဖန်တီး ခဲ့သည်ဟု ယုံမှတ်ထားသော ပါချာကာမာ နတ်ဘုရားကို ကိုးကွယ် ကြသည်။

Mizzima

No comments:

Post a Comment