Thursday, December 25, 2014

သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်းသေဆုံးကြောင်း အတည်ပြု

Photo: သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်းသေဆုံးကြောင်း အတည်ပြု
Thursday, December 25, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ရဲတပ်ဖွဲ့ဝင်များနှင့်တောင်သူများအကြား ပဋိပက္ခဖြစ်ပွားရာမှ သေဆုံးသွားခဲ့သော ဒေါ်ခင်ဝင်း၏ရုပ်အလောင်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံ၌ စစ်ဆေးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြုလိုက်သည်။

ဆားလင်းကြီးမြို့ ပြည်သူ့ ဆေးရုံ ရင်ခွဲရုံတွင် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲမှ နံနက် ၁၁ နာရီ ၅ မိနစ်အထိ ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ဆေးမှုနှင့်ပတ်သက်၍ မည်သို့ သေဆုံးခြင်းဖြစ်ကြောင်း ဒေါ်ခင် ဝင်း၏ မိသားစုဝင်များအား သက် ဆိုင်ရာဆရာဝန်ကြီးများက ပြန် လည်ရှင်းလင်းပြောကြားပေးရန် လာရောက်ကူညီဆောင်ရွက်ပေး နေသော ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း က တိုက်တွန်းပြောကြားခဲ့သည်။

‘‘ဓားနဲ့ခုတ်တဲ့ ဒဏ်ရာ မဟုတ်ဘူး။ တုတ်နဲ့ရိုက်တဲ့ဒဏ် ရာမဟုတ်ဘူး။ ပြတ်ရှဒဏ်ရာ လည်းမဟုတ်ဘူး။ သေနတ်ဒဏ် ရာပါ။ အကွာအဝေး ဘယ် လောက်က ဘယ်လိုသေနတ် အမျိုးအစားနဲ့ပစ်တယ်ဆိုတာ တော့ ကျွန်တော်တို့မကျွမ်းကျင် တဲ့အတွက် မသိပါဘူး။ နဖူးက မှန်တဲ့ဒဏ်ရာကြောင့် သေဆုံး သွားတာဖြစ်ပါတယ်။ ရင်ခွဲကြည့် တဲ့အခါ အခြားဘာရောဂါမှ မရှိ ပါဘူး’’ဟု ရင်ခွဲရုံအတွင်း ဆရာ ဝန်ကြီးများက မိသားစုဝင်များ အား ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်း၏ မောင်ဖြစ်သူ ကိုသောင်းဌေးလွင်ကလည်း သက်ဆိုင်ရာမှုခင်းဆရာဝန်ကြီး များက ၎င်း၏ အစ်မဖြစ်သူမှာ စစ်ဆေးတွေ့ရှိချက်များအရ သေ နတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။

ဒေါ်ခင်ဝင်း၏ ရုပ်အလောင်း အား စစ်ဆေးပြီးစီးသည့်အခါ ဆားလင်းကြီးမြို့ရှိ စာနာစိတ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် မိုးကြိုးပြင်ကျေးရွာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ မိုး ကြိုးပြင်ကျေးရွာရှိ နေအိမ်တွင် ရုပ်အလောင်းကို ပြင်ဆင်ထား ကာ မိသားစုဝင်များ၏ ဆန္ဒအရ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ တွင် မိုးကြိုးပြင်သုသာန်၌ သဂြိုဟ်ရန် စီစဉ်ထားကြောင်း မိုးကြိုးပြင်ဒေသခံများပြောပြ ချက်အရ သိရှိရသည်။

ဒေါ်ခင်ဝင်းသေဆုံးခဲ့မှုကို ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့ စခန်းတွင် သမီးဖြစ်သူ ဒေါ်ခင် အေးမာက တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားခဲ့သည်။ ဆား လင်းကြီးမြို့နယ် မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/ ၂၀၁၄)အရ အမှုအားလက်ခံ ဆောင်ရွက်လျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အောင်ခိုင်၊မျိုးမင်းဦး (7daydaily)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ရဲတပ်ဖွဲ့ဝင်များနှင့်တောင်သူများအကြား ပဋိပက္ခ ဖြစ်ပွား ရာမှ သေဆုံးသွားခဲ့သော ဒေါ်ခင်ဝင်း၏ရုပ်အလောင်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံ၌ စစ်ဆေးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြု လိုက် သည်။

ဆားလင်းကြီးမြို့ ပြည်သူ့ ဆေးရုံ ရင်ခွဲရုံတွင် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲမှ နံနက် ၁၁ နာရီ ၅ မိနစ်အထိ ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ဆေးမှုနှင့်ပတ်သက်၍ မည်သို့ သေဆုံးခြင်းဖြစ်ကြောင်း ဒေါ်ခင် ဝင်း၏ မိသားစုဝင်များအား သက် ဆိုင်ရာဆရာဝန်ကြီးများက ပြန် လည်ရှင်းလင်းပြောကြားပေးရန် လာရောက်ကူညီဆောင်ရွက်ပေး နေသော ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း က တိုက်တွန်းပြောကြားခဲ့သည်။

‘‘ဓားနဲ့ခုတ်တဲ့ ဒဏ်ရာ မဟုတ်ဘူး။ တုတ်နဲ့ရိုက်တဲ့ဒဏ် ရာမဟုတ်ဘူး။ ပြတ်ရှဒဏ်ရာ လည်းမဟုတ်ဘူး။ သေနတ်ဒဏ် ရာပါ။ အကွာအဝေး ဘယ် လောက်က ဘယ်လိုသေနတ် အမျိုးအစားနဲ့ပစ်တယ်ဆိုတာ တော့ ကျွန်တော်တို့မကျွမ်းကျင် တဲ့အတွက် မသိပါဘူး။ နဖူးက မှန်တဲ့ဒဏ်ရာကြောင့် သေဆုံး သွားတာဖြစ် ပါတယ်။ ရင်ခွဲကြည့် တဲ့အခါ အခြားဘာရောဂါမှ မရှိ ပါဘူး’’ဟု ရင်ခွဲရုံအတွင်း ဆရာဝန်ကြီးများက မိသားစုဝင်များ အား ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်း၏ မောင်ဖြစ်သူ ကိုသောင်းဌေးလွင်ကလည်း သက်ဆိုင်ရာမှုခင်းဆရာဝန်ကြီး များက ၎င်း၏ အစ်မဖြစ်သူမှာ စစ်ဆေးတွေ့ရှိချက်များအရ သေ နတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား သည်ဟု ဆိုသည်။

ဒေါ်ခင်ဝင်း၏ ရုပ်အလောင်း အား စစ်ဆေးပြီးစီးသည့်အခါ ဆားလင်းကြီးမြို့ရှိ စာနာစိတ် လူမှုကူညီရေး အသင်း ယာဉ်ဖြင့် မိုးကြိုးပြင်ကျေးရွာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ မိုး ကြိုးပြင်ကျေးရွာရှိ နေအိမ် တွင် ရုပ်အလောင်းကို ပြင်ဆင်ထား ကာ မိသားစုဝင်များ၏ ဆန္ဒအရ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ တွင် မိုးကြိုးပြင်သုသာန်၌ သဂြိုဟ်ရန် စီစဉ်ထားကြောင်း မိုးကြိုးပြင်ဒေသခံများပြောပြ ချက်အရ သိရှိရ သည်။

ဒေါ်ခင်ဝင်းသေဆုံးခဲ့မှုကို ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့ စခန်းတွင် သမီးဖြစ်သူ ဒေါ်ခင်အေးမာက တရားလို ပြုလုပ်၍ အမှုဖွင့်တိုင်ကြားခဲ့သည်။ ဆားလင်းကြီးမြို့နယ် မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/ ၂၀၁၄)အရ အမှုအားလက်ခံ ဆောင်ရွက်လျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အောင်ခိုင်၊မျိုးမင်းဦး (7daydaily)

No comments:

Post a Comment