Thursday, December 25, 2014

သရုပ်ဆောင် မင်းအုပ်စိုးမှ ညီမဖြစ်သူ သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုရင် (ခ) မနုနုရင်အား ထိုးကြိတ်ရိုက်နှက်ခဲ့၍ သေဆုံး


၂၅.၁၂.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး (ခ) ကိုအောင်နိုင်ထွန်း၊ (၄၄)နှစ်မှ ဗဟန်းမြို့မရဲစခန်းသို့ရောက်ရှိ လာပြီး ၎င်း သည် ၀၂၃၀ အချိန်ခန့် က အတူနေ ညီမ၀မ်းကွဲဖြစ်သူ မနုနုယဉ်(ခ)တေးနုယဉ် ၊ (၃၃)နှစ်အား လူမှုရေးကိစ္စတစ်ခုနှင့်ပတ်သက်၍ မေးမြန်းစဉ် အမှန်အတိုင်းပြောဆိုခြင်းမရှိသောကြောင့် စိတ်ဆိုးဒေါသဖြစ်ပြီး မနုနုယဉ် (ခ)တေးနုယဉ်ကို ၎င်း၏အိပ်ခန်းအတွင်း၌ လက်သီးဖြင့်ထိုးခြင်း၊ ဆောင့်တွန်းခြင်း ၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့်ကန် ခြင်းများပြုလုပ်မိခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့သဖြင့် မနုနုယဉ်(ခ)တေးနုယဉ်မှာ ကုတင်ပေါ်တွင် လဲကျငြိမ် သက် သွားကြောင်းကို အကြောင်းကြားလာခဲ့ပါသည်။



ထိုသို့ အကြောင်းကြားချက်အရ ဗဟန်းမြို့မရဲစခန်းတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ အခင်းဖြစ် နေအိမ်သို့ သွားရောက်စစ်ဆေးရာ နေအိမ်အိပ်ခန်း ကုတင်ပေါ်တွင် မနုနုယဉ်(ခ)တေးနုယဉ်မှာ မျက်နှာ နှင့် ဦးခေါင်းတို့၌ ဖူးရောင်ဒဏ်ရာများ၊ ၀မ်းဗိုက်နှင့် ကျောကုန်းတို့တွင်ညိုမဲသွေးစို့ ဒဏ်ရာများ၊ မျက်လုံး နှစ်ဘက်၌ညိုမဲဒဏ်ရာများနှင့် လည်ပင်း၌ပွန်းပဲ့ဒဏ်ရာများရရှိထားပြီး သေဆုံး နေသည်ကို တွေ့ရှိရ ပါသည်။

ယင်းသို့ကျူးလွန်ခဲ့သူ မင်းအုပ်စိုး(ခ)ကိုအောင်နိုင်ထွန်းအား ဗဟန်းမြို့မရဲစခန်း (ပ)၅၁၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

1 comment:

  1. သေ​ဆုံး​သူ သရ​ပါ​မဂ္ဂဇင်း အယ်​ဒီ​တာ မ​နု⁠နု​ယဉ် (ခ) တေး​နု​ယဉ်​မှာ ကျူးလွန်​ခဲ့​သူ ရုပ်​ရှင်​သရုပ်ဆောင် မင်း​အုပ်စိုး ညီမ​ဝမ်း​ကွဲ ဆို​သည်မှာ မ​မှန်​ပါ။

    ReplyDelete