Thursday, December 11, 2014

ဟိုအခန်းဖြတ် -ကိုမျိုး(မြန်မာစာ)

Photo: ဟိုအခန်းဖြတ် -ကိုမျိုး(မြန်မာစာ)
Thursday, December 11, 2014

ဇာတ်သိမ်းထိမကြည့်နဲ့ ဆိုတဲ့ဒါရိုက်တာ
ညီလေးညိုမင်းလွင်ရိုက်တဲ့ဇာတ်ကားရဲ့ 
ဆင်ဆာအခန်းတွေကို ဒီဇင်ဘာ၁၀ရက်
နေ့ ကမြန်မာ့ရုပ်ရှင်မြှင့်တင်ရေးအစည်း
ဝေးခန်းမမှာကျင်းပတဲ့ရုပ်ရှင်လောက
သားတွေနဲ့ ရုပ်ရှင်မြှင့်တင်ရေးတာဝန်ရှိသူ
တွေမျက်နှာစုံညီတွေဆုံဆွေးနွေးကြမှုမှာစိတ်ဝင်တစားကြည့်ရူနေကြပုံတွေပါပဲ။
မိန်းကလေးတစ်ဦးကိုယောကျာင်္သားတစ်
စုအဓမ္မပြုကျင့်ပုံဇာတ်ဝင်ခန်းဖြစ်လို့ အား
လုံးပဲ မျက်လုံးပြူးကျယ်ခဲ့ပါလိမ့်မယ်။
ဒီအခန်းအများပြည်သူကိုပြသင့်မပြသင့်
ဆင်ဆာကြည့်သူနဲ့ ဆင်ဆာမိသူတို့ အ
မြင်မတူနိုင်သလိုဘဝတူအနုပညာသည်
ချင်းကိုယ်ချင်းစာမှုတွေနဲ့ ကြည့်ကြလို့ 
အနုပညာဖန်တီးသူအနေနဲ့ ဇာတ်လမ်း
လိုအပ်ချက်အရပြတာဖြစ်ကောင်းဖြစ်နိုင်
ကောင်းကြောင်းတွေးနေခဲ့ကြပါလိမ့်မယ်။
ဆင်ဆာမိတဲ့ထိတဲ့ဇာတ်ကွက်လောက်သာကြည့်ပြီးအနုပညာပြကွက်တစ်ခု
အပေါ်တစ်ကွက်စာနဲ့ ထင်မြင်ချက်မပေး
သင့်ကြကြောင်းသတိပြုမိပေမဲ့အခြား
ဆင်ဆာမိတဲ့ဇာတ်ကားအကြွေး တော်
ပုံအောင်ရမည် မှဆင်ဆာမိတဲ့ထိတဲ့
အခန်းတစ်ချို ကောက်နုတ်ပြတဲ့အခါ
လက်ခုပ်သံပင်ထွက်လာပါတယ်။
ဒါတင်မကအဲ့ဒီဇာတ်ကားရဲ့ သက်ဆိုင်
သူတစ်ဦးဖြစ်တဲ့သရုပ်ဆောင်အနုပညာ
ရှင်ကိုခန့် စည်သူကိုယ်တိုင်ရှိနေလို့ ပြန်
လည်ခုခံချေပပြောသွားနိုင်တယ်။
ရုပ်ရှင်ဥက္ကဋ္ဌဟောင်းဦးဇင်ဝိုင်းကိုယ်တိုင်
ကပင်အကြွေးတော်ပုံအောင်ရမည်ကားဆင်ဆာထိတဲ့၁၉ချက်ကိုဆင်ဆာမူဝါဒ
များနဲ့ တစ်ချက်ချင်းပြန်လည်မေးခွန်း
ထုတ်ခုခံချေပသွားပါတယ်။ဒီတော့ညီမျှတဲ့ခုခံချေပနိုင်ခွင့်ဖြစ်စေရေးကလိုအပ်
လာနိုင်တဲ့အတွက်သတင်းမီဒီယာကနေ
ပြန်လည်ချေပခွင့်ရှိစေဖို့ ဒီနေ့ မှာမီဒီယာ
ကနေသက်ဆိုင်ရာဇာတ်ကားအနုပညာ
ဖန်တီးရှင်ကို ပြောဆိုပိုင်ခွင့်ပေးပါ့မယ်။
ဆင်ဆာထိကြတဲ့ဇာတ်လမ်းပုံစံနဲ့ ဇာတ်
ဝင်ခန်းအကြောင်းအရာကတော့မတူကြပေမဲ့အကြောင်းပြခုခံချေပမှုကတော့တူမျှစေရပါမယ်။
ဘယ်နေရာမှာမဆိုပြုသူဖြစ်သူအမြင်မတူနိုင်တဲ့သဘောရှိကြတာသဘာဝပဲမို့ ပြန်
လည်ခုခံချေပပြောဆိုမှုအပေါ်လက်သင့်
ခံနိုင်ခြင်းမခံနိုင်ခြင်းနဲ့ ဆင်ဆာကြည့်သူ
ဆင်ဆာမိသူတို့ အမြင်တူခြင်းမတူခြင်း
တို့ ကနေ ရှေ့ မှာရေးဆွဲမူချပြဋ္ဌာန်းကြ
ရတော့မယ့်ဥပဒေအတွက်သေချာပေါက်
အထောက်အကူရကြမှာဖြစ်ပါတယ်။
ဥပဒေရေးဆွဲပြဋ္ဌာန်းသူနဲ့ ဥပဒေလိုက်နာ
ကျင့်သုံးရသူတို့ မှာရည်ရွယ်ရည်မှန်းချက်
်ဦးတည်ချက်ဘုံယုံကြည်ချက်တူဖို့ ရာ
လိုအပ်မယ်လို့ မျှတစွာရူမြင်သုံးသပ်နိုင်
ကြစေလိုပါတယ်။အဲ့ဒီဘုံယုံကြည်ချက်ကပရိသတ်လို့ ခေါ်ဆိုတဲ့အများပြည်သူ
လူထု ကိုမထိခိုက်ဖို့ သာဂရုပြုရှေးရူမှုဆို
ပါရင်နတ်လူသာဓုခေါ်ဆိုနိုင်မယ်လို့ (အ
နုပညာဟာအနုပညာအတွက်လို့ ဆိုတဲ့။
အနုပညာဟာအနုပညာသမားအတွက်လို့ ဆိုတဲ့။အနုပညာဟာပြည်သူလူထု
အတွက်လို့ ဆိုတဲ့ဆန္ဒစွဲ ဘောင်ခတ်သမှု
တွေမပါဝင်ဘဲ)အကြံပြုတိုက်တွန်းလိုက် ရပါတယ်

Ko Myo Myanmarsar

No comments:

Post a Comment