Tuesday, December 2, 2014

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ကြာနုအောက်ဖောင်းရစ်အထိ ရွှေစင်ရွှေပြားများ ကပ်လှူရေးတွင် ပြည်သူများ ကုသိုလ်ယူလှူဒါန်းနိုင်

နေ ပြည်တော်တွင် တည်ထားကိုးကွယ် လျက်ရှိသော ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ကြာနုအောက်ဖောင်း ရစ်သုံးရစ်အထိ ရွှေစင်ရွှေပြားများ ကပ်လှူရန်စီစဉ်လျက်ရှိပြီး အများ ပြည်သူများအနေဖြင့်လည်း ကုသိုလ် ယူပါဝင်လှူဒါန်းနိုင်ကြောင်း သိရ သည်။

နေပြည်တော်ဥပ္ပါတသန္တိစေ တီတော်မြတ်ကြီးအား နိုင်ငံတော် အစိုးရနှင့် အများပြည်သူတို့၏ စုပေါင်း လှူဒါန်းငွေများဖြင့် တည်ထားခဲ့ရာ ၂ဝဝ၉ခုနှစ် မတ် ၉ရက်တွင် တည် ဆောက်ပြီးစီး၍ ရွှေထီးတော်တင် လှူကာ ရွှေစင်ရွှေပြားများကို စေတီ တော်ကြီး၏ ကြာနုအောက်ခြေအထိ ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု အခါ နေပြည်တော်ကောင်စီ၏ ကြီး ကြပ်မှုဖြင့် ယင်းကြာနုအောက်ခြေမှ ဖောင်းရစ်သုံးရစ်အထိ ရွှေစင်ရွှေပြား များ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ် သည်။


ကပ်လှူမည့် ရွှေစင်ရွှေပြား တစ်ချပ် တစ်ပေပတ်လည်အရွယ် အလေးချိန် ရွှေတစ်ကျပ်သားနှင့် တစ်ပေပတ်လည် ကြေးပြားထု၂၂ဂိတ် ၏ ကုန်ကျစရိတ်မှာ ကျပ်ခုနစ်သိန်း ဖြစ်သဖြင့် ပြည်ထောင်စုဝန်ကြီး ဌာန များ၊ ရုံးအဖွဲ့အစည်းများ၊ ပြည်နယ် /တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ကုမ္ပဏီ အဖွဲ့အစည်းများနှင့် ပြည်သူ တစ်ဦးချင်းအနေဖြင့် ကုသိုလ်ယူ ပါဝင်လှူဒါန်းလိုပါက လှူဒါန်းနိုင် ကြောင်းလည်း သိရသည်။

Yangon Media Group

No comments:

Post a Comment