Wednesday, December 17, 2014

အာဆင်နယ်ဂန္တဝင်ကစားသမားအွန်နရီဘောလုံး ကစားသမားဘဝမှအနားယူ

Photo: အာဆင်နယ်ဂန္တဝင်ကစားသမားအွန်နရီဘောလုံး 
ကစားသမားဘဝမှအနားယူ

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

အာဆင်နယ်ကစားသမားဟောင်းအွန်နရီသည်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေငြာလိုက်ပြီး စကိုင်းစပေါ့ရဲ့အစီအစည် တင်ဆက်သူအဖြစ်လုပ်ကိုင်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမေရိကားမှာ ၄ နှစ်ခွဲကစားပြီးနောက်မှာတော့ အာဆင်နယ် ကစားသမားဟောင်းက မေဂျာလိဂ်ကေ န ထွက်ခွာ တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာအစောပိုင်းတုန်းက အတည်ပြုခဲ့ပါတယ်။

ယခုအချိန်မှာတော့ သူဂိုးပေါင်း ၂၂၈ဂိုးသွင်းယူပေးခဲ့တဲ့ ဂန်းနားတွေရဲ့ လန်ဒန်ကိုပြန်လာပါလိမ့်မည်။

"နှစ်ပေါင်း ၂၀ကျော် ပွဲတွေကိုကစားခဲ့ပြီးချိန်မှာတော့ ကျွန်တော့်ရဲ့ကြေးစား ဘောလုံးသမားဘဝကနေအနားယူဖို့ဆုံးဖြတ်လိုက်ပါပြီလို့" အွန်နရီရဲ့တရားဝင် ဖေ့ဘွတ်ခ် စာမျက်နှာ ကနေရေးသားဖေါ်ပြခဲ့ပါတယ်။

"မယုံနိုင်စရာခရီးအရှည်ကြီးကိုဖြတ်သန်းခဲ့ပြီးပါပြီ၊ ကျွန်တော့်ကို အားပေးတဲ့အသင်းပရိတ်သတ်တွေ၊ အသင်းဖော်တွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ မိုနာကို၊ဂျူဗင်တပ်၊ အာဆင်နယ်၊ ဘာစီလိုနာနဲ့ နယူးယောက်ခ်ရက်ဒ်ဘူးလ် အသင်းတို့ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကစားပွဲတွေမှာအကောင်းဆုံးထောက်ပံ့ပေးခဲ့တယ်ပြင်သစ်အသင်းကိုလဲ ကျေးဇူးတင်ပါတယ်"

" ခုချိန်မှာတော့ တခြားအလုပ်တခုကိုပြောင်းဖို့အချိန်တန်ပါပြီ၊ စကိုင်းစပေါ့နဲ့အတူလက်တွဲအလုပ် လုပ်ဖို့အတွက် လန်ဒန်ကိုပြန်လာ နေပါပြီလို့ပြောပါရစေ၊ ဒီနှစ်တွေမှာကျွန်တော်သင်ယူခဲ့တဲ့ အသိဥာဏ်တွေ၊ လေ့လာတွေ့ရှိချက်တွေ၊ အတွေ့အကြုံတွေကို ခင်ဗျားတို့နဲ့အတူပြန်လည် ဝေမျှနိုင်ဖို့မျှော် လင့်ပါတယ်လို့" ပြောကြားခဲ့ကြောင်း ဂိုးဒေါ့ကွန်းအရသိရကြောင်းပါ။

Football Café
အာဆင်နယ်ကစားသမားဟောင်းအွန်နရီသည်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေငြာလိုက်ပြီး စကိုင်းစပေါ့ရဲ့အစီအစည် တင်ဆက်သူအဖြစ်လုပ်ကိုင်သွားမယ်လို့ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

အမေရိကားမှာ ၄ နှစ်ခွဲကစားပြီးနောက်မှာတော့ အာဆင်နယ် ကစားသမားဟောင်းက မေဂျာလိဂ်ကေ န ထွက်ခွာ တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာအစောပိုင်းတုန်းက အတည်ပြုခဲ့ပါတယ်။

ယခုအချိန်မှာတော့ သူဂိုးပေါင်း ၂၂၈ဂိုးသွင်းယူပေးခဲ့တဲ့ ဂန်းနားတွေရဲ့ လန်ဒန်ကိုပြန်လာပါလိမ့်မည်။

"နှစ်ပေါင်း ၂၀ကျော် ပွဲတွေကိုကစားခဲ့ပြီးချိန်မှာတော့ ကျွန်တော့်ရဲ့ကြေးစား ဘောလုံးသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီလို့" အွန်နရီရဲ့တရားဝင် ဖေ့ဘွတ်ခ် စာမျက်နှာ ကနေရေးသားဖေါ်ပြခဲ့ပါတယ်။

"မယုံနိုင်စရာခရီးအရှည်ကြီးကိုဖြတ်သန်းခဲ့ပြီးပါပြီ၊ ကျွန်တော့်ကို အားပေးတဲ့အသင်းပရိတ်သတ်တွေ၊ အသင်းဖော်တွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ မိုနာကို၊ဂျူဗင်တပ်၊ အာဆင်နယ်၊ ဘာစီလိုနာနဲ့ နယူးယောက်ခ်ရက်ဒ်ဘူးလ် အသင်းတို့ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကစားပွဲတွေမှာအကောင်းဆုံး ထောက်ပံ့ ပေးခဲ့တယ်ပြင်သစ်အသင်းကိုလဲ ကျေးဇူးတင်ပါတယ်"

" ခုချိန်မှာတော့ တခြားအလုပ်တခုကိုပြောင်းဖို့အချိန်တန်ပါပြီ၊ စကိုင်းစပေါ့နဲ့အတူလက်တွဲအလုပ် လုပ်ဖို့အတွက် လန်ဒန်ကိုပြန်လာ နေပါပြီလို့ပြောပါရစေ၊ ဒီနှစ်တွေမှာကျွန်တော်သင်ယူခဲ့တဲ့ အသိဥာဏ်တွေ၊ လေ့လာတွေ့ရှိချက်တွေ၊ အတွေ့အကြုံတွေကို ခင်ဗျားတို့နဲ့အတူပြန်လည် ဝေမျှနိုင်ဖို့မျှော် လင့်ပါတယ်လို့" ပြောကြားခဲ့ကြောင်း ဂိုးဒေါ့ကွန်းအရသိရကြောင်းပါ။

Football Café

No comments:

Post a Comment