Sunday, December 28, 2014

ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးအသင်း ဟာနန်းအသင်းကိုဂိုးပြတ်အနိုင်ရ

Photo: ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးအသင်း ဟာနန်းအသင်းကိုဂိုးပြတ်အနိုင်ရ

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄

ရန်ကုန်မြို့တွင် ယှဉ် ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲ၌ မြန်မာ့ လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းက ဗီယက်နမ် ကလပ်ဟာနန်းအသင်းကို (၅-၁)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်က သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစား ခဲ့သည့်ပွဲ၌ ဧည့်သည်ဟာနန်းအသင်းက  ဦးဆောင်ဂိုးသွင်း ယူနိုင်ခဲ့သော်လည်း မြန်မာအမျိုးသမီးအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးပြန်လည်သွင်းယူကာ ဂိုးပြတ်အနိုင်ယူခဲ့ ခြင်းဖြစ်သည်။

ဟာနန်း အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၁ မိနစ် တွင် သွင်းယူခဲ့ပြီး နောက် မြန်မာ အမျိုးသမီးအသင်းက ပိုမိုဖိအား ပေးကစားနိုင်ခဲ့ သော်လည်း ဟာနန်းအသင်းဂိုးသမား အစွမ်းပြ မှုကြောင့် ခက်ခဲခဲ့ရပြီး ပွဲချိန် ၄၅ မိနစ်တွင်မှ တိုက်စစ်မှူးရီရီဦးက ချေပဂိုးသွင်းယူနိုင်ခဲ့သည်။

မြန်မာအသင်းအတွက် အ နိုင်ဂိုးများကို ပွဲချိန် ၇၃ မိနစ်နှင့် ၇၉ မိနစ်တို့တွင် ရီရီဦးက ထပ်မံ သွင်းယူခဲ့ပြီး ဟက်ထရစ်ရယူခဲ့ ကာ ပွဲချိန် ၄၇ မိနစ်၌ တိုက်စစ်မှူး ခင်မိုးဝေကလည်းကောင်း၊ ပွဲချိန် ၉၀ မိနစ်တွင် တိုက်စစ်မှူး နော်အားလိုဝါးဖောကလည်း ကောင်း အနိုင်ဂိုးများသွင်းယူပေး ခဲ့သည်။

ဟာနန်းအသင်းတွင် ဗီယက် နမ်လက်ရွေးစင်ကစားသမား ခုနစ်ဦးပါဝင်ပြီး ပထမပိုင်း၌ မြန်မာအမျိုးသမီးအသင်းကို ယှဉ်ကစားနိုင်သော်လည်း ဒုတိယပိုင်းတွင်ကြံ့ခိုင်မှုအပိုင်း မယှဉ်နိုင်သဖြင့် ကစားအားကျဆင်းကာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ဟာနန်းအမျိုးသမီးအသင်း သည် ဗီယက်နမ် National Games ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ အသင်းဖြစ်ပြီး ၂၀၁၄ ဗီယက်နမ် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိထားသည့်အသင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းသည် ၂၀၁၅ မတ်လ နှင့် ဧပြီတွင် ဝင်ရောက်ယှဉ်ပြိုင် ရန်ရှိသည့် အိုလံပစ်ခြေစစ်ပွဲနှင့် အာဆီယံ အမျိုးသမီး ချိန်ပီယံရှစ် ပြိုင်ပွဲအကြိုအဖြစ် ဟာနန်း အသင်းနှင့် အကြိုခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခြင်းဖြစ်သည်။

7 Day Daily
ရန်ကုန်မြို့တွင် ယှဉ် ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲ၌ မြန်မာ့ လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းက ဗီယက်နမ် ကလပ်ဟာနန်းအသင်းကို (၅-၁)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်က သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစား ခဲ့သည့်ပွဲ၌ ဧည့်သည်ဟာနန်းအသင်းက ဦးဆောင်ဂိုးသွင်း ယူနိုင်ခဲ့သော်လည်း မြန်မာအမျိုးသမီးအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးပြန်လည် သွင်းယူကာ ဂိုးပြတ်အနိုင်ယူခဲ့ ခြင်းဖြစ်သည်။

ဟာနန်း အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၁ မိနစ် တွင် သွင်းယူခဲ့ပြီး နောက် မြန်မာ အမျိုးသမီးအသင်းက ပိုမိုဖိအား ပေးကစားနိုင်ခဲ့ သော်လည်း ဟာနန်းအသင်းဂိုးသမား အစွမ်းပြ မှုကြောင့် ခက်ခဲခဲ့ရပြီး ပွဲချိန် ၄၅ မိနစ်တွင်မှ တိုက်စစ်မှူးရီရီဦးက ချေပဂိုးသွင်းယူနိုင်ခဲ့သည်။

မြန်မာအသင်းအတွက် အ နိုင်ဂိုးများကို ပွဲချိန် ၇၃ မိနစ်နှင့် ၇၉ မိနစ်တို့တွင် ရီရီဦးက ထပ်မံ သွင်းယူခဲ့ပြီး ဟက်ထရစ်ရယူခဲ့ ကာ ပွဲချိန် ၄၇ မိနစ်၌ တိုက်စစ်မှူး ခင်မိုးဝေကလည်းကောင်း၊ ပွဲချိန် ၉၀ မိနစ်တွင် တိုက်စစ်မှူး နော်အားလိုဝါးဖောကလည်း ကောင်း အနိုင်ဂိုးများသွင်းယူပေး ခဲ့သည်။

ဟာနန်းအသင်းတွင် ဗီယက် နမ်လက်ရွေးစင်ကစားသမား ခုနစ်ဦးပါဝင်ပြီး ပထမပိုင်း၌ မြန်မာ အမျိုးသမီး အသင်းကို ယှဉ်ကစားနိုင်သော်လည်း ဒုတိယပိုင်းတွင်ကြံ့ခိုင်မှုအပိုင်း မယှဉ်နိုင်သဖြင့် ကစားအား ကျဆင်းကာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ဟာနန်းအမျိုးသမီးအသင်း သည် ဗီယက်နမ် National Games ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ အသင်းဖြစ်ပြီး ၂၀၁၄ ဗီယက်နမ် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိထားသည့်အသင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းသည် ၂၀၁၅ မတ်လ နှင့် ဧပြီတွင် ဝင်ရောက်ယှဉ်ပြိုင် ရန်ရှိသည့် အိုလံပစ်ခြေစစ်ပွဲနှင့် အာဆီယံ အမျိုးသမီး ချိန်ပီယံရှစ် ပြိုင်ပွဲအကြိုအဖြစ် ဟာနန်း အသင်းနှင့် အကြိုခြေ စမ်းပွဲ ယှဉ်ပြိုင် ကစားခြင်းဖြစ်သည်။

7 Day Daily

No comments:

Post a Comment