Sunday, December 28, 2014

နိုင်ငံတကာလက်ဝှေ့စိန်ခေါ်ပွဲ Sky Net မှ တိုက်ရိုက်ထုတ်လွှင့်မည်


နိုင်ငံတကာမြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး Sky Netရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆီးဂိမ်းမွေချန်ပီယံ တူးတူး နှင့်အမေရိကန် WMCလက်ဝှေ့ ချန်ပီယံအက်ဝပ်တို့က အဓိကတွဲ ဆိုင်းအဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ် ပြီး နိုင်ငံတကာရိုးရာလက်ဝှေ့စိန် ခေါ်ပွဲငါးပွဲနှင့် မျိုးဆက်သစ်စိန် ခေါ်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါနိုင်ငံတကာ ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို မန္တလေးမြို့ တွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီးအစိုးရအ ဖွဲ့က ခွင့်မပြုခဲ့၍ ကျင်းပခွင့်မရရှိခြင်းကြောင့် ရန်ကုန်၌ ယှဉ်ပြိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောသည်။

‘‘မန္တလေးမှာလုပ်ဖို့ စီစဉ်ခဲ့ ပေမယ့် တိုင်းဒေသကြီးအစိုးရအ ဖွဲ့က ခွင့်မပြုခဲ့တဲ့အတွက် ရန် ကုန်မှာလုပ်မှာပါ။ မန္တလေးအ တွက် တွဲထား ပေးတဲ့တွဲဆိုင်းတွေ ပြောင်းလိုက်ရတယ်။ ခရစ္စမတ် ကာလဖြစ်နေတော့ မက်သရူးနဲ့ ဘရာဇီးလက်ဝှေ့သမားတို့က နေရပ်ပြန်သွားတဲ့အတွက် သူတို့ အစားတခြားလက်ဝှေ့သမားတွေနဲ့ပြောင်းလဲယှဉ်ပြိုင်သွားမှာပါ’’ ဟု ဦးစိုင်းဇော်ဇော်ကပြောသည်။

နိုင်ငံတကာရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ၂၀၁၃ ဆီးဂိမ်းမွေ ချန်ပီယံတူးတူး(နဂါးမာန်)နှင့် အ မေရိကန် WMCချန်ပီယံအက်ဝပ်၊ သပြေညိုနှင့် ရုရှား လက်ဝှေ့သမား ဒူးလက်၊ စောလှကြည်ထူးနှင့် ၂၀၁၃ထိုင်းမွေလက်ဝှေ့ချန်ပီယံ ၀ပ်သီပေါင်၊ ဉာဏ်လင်းအောင် နှင့် ထိုင်းမွေလက်ဝှေ့ချန်ပီယံ ကို့စ် မန်း၊ ရဲမြတ်အောင်နှင့်နီဝိဆိုရမ်တို့ကအဓိကတွဲဆိုင်းများအဖြစ်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ထို့အပြင် အခြားပြည်တွင်း စိန်ခေါ်ပွဲများကိုလည်း ထည့်သွင်း ကျင်းပ သွားမည်ဖြစ်ပြီး လေးချီ စိန် ခေါ်ပွဲနှင့် သုံးချီစိန်ခေါ်ပွဲများ လည်း ပါဝင်မည်ဖြစ်ကြောင်းသ တင်းရရှိသည်။

7 Day Daily

No comments:

Post a Comment