Tuesday, December 30, 2014

အစိုးရရုပ်သံလိုင်းသစ်မှ ပရီးမီးယားလိဂ်ပွဲများ တစ်ပတ်လျှင် နှစ်ပွဲနှုန်းအခမဲ့ပြသမည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ တိုးချဲ့ရုပ်သံလိုင်းဖြစ် သော MRTV Entertainment ဖျော်ဖြေရေး ရုပ်သံလိုင်းသစ်မှ ရွှေသံလွင်မီဒီယာနှင့် ပူးပေါင်း ကာ  အင်္ဂလန်ပရီးမီးယားလိဂ် ပွဲ စဉ်များကို တစ်ပတ်လျှင် နှစ်ပွဲနှုန်းဖြင့် ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ ၍ ပြသရန်စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။



‘‘ကျွန်တော်တို့အနေနဲ့ ရုပ်သံလိုင်းအသစ်တွေ ထုတ်လွှင့်တဲ့ အချိန်မှာ ရွှေသံလွင်ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေ တဲ့အတွက် သူတို့ဆီက ပြန်ဝယ် စရာမလိုပါဘူး။ မြန်မာ့အသံနဲ့ ရွှေသံလွင်တို့က ပူးပေါင်းပြီးတော့ MRTV Entertainment ရုပ်သံ လိုင်းက ထုတ်လွှင့်ပေးသွားမှာပါ’’ ဟု မြန်မာ့ အသံရုပ်မြင် သံကြားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့အပြင် ချန်ပီယံလိဂ်နှင့် စပိန် လာလီဂါပွဲစဉ်များကိုလည်း ထုတ်လွှင့်ရန် စီစဉ်နေသည်။

မြန်မာနိုင်ငံတွင် ဥရောပချန် ပီယံလိဂ်ပွဲစဉ်များနှင့် ပရီးမီးယား လိဂ်ပွဲစဉ်များကို Sky Net ရုပ်သံ လိုင်းမှ တစ်ဦးတည်းမူပိုင်ပြသခွင့် သုံးနှစ်ဆက်တိုက်ရရှိထားပြီး ကျန်ရုပ်သံလိုင်းများမှာ တိုက်ရိုက် ထုတ်လွှင့်ခွင့် မရရှိပေ။

 အဆိုပါထုတ်လွှင့်ခွင့်နှင့် ပတ်သက်၍ Sky Net ရုပ်သံလိုင်း သို့ ဆက်သွယ်မေးမြန်း သော်လည်း ဖြေကြားခွင့်မရှိဟုဆိုကာ တာဝန်ရှိသူတစ်ဦးက ငြင်းဆိုခဲ့သည်။

 မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် Myanmar Interna-tional၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း၊ လွှတ်တော် ရုပ်သံလိုင်း၊တောင်သူလယ်သမားရုပ်သံလိုင်းနှင့် စာဖတ်သူရုပ်သံလိုင်းများ ထုတ်လွှင့် ပေးနေသည်။


၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ MRTV News နှင့်MRTV Entertainment ရုပ်သံလိုင်းနှစ် ခုတိုးချဲ့ထုတ်လွှင့်သွားမည်ဖြစ် သည်။ MRTV News တွင် သတင်းအပြင် သတင်းနှင့် ဆက်စပ်နေ သည့် အစီအစဉ်များ တိုးချဲ့ထုတ် လွှင့်သွားမည်ဖြစ်ပြီး MRTV Entertainment ကို ဇန်န၀ါရီမှ ဇွန်လအထိ Soft Launch အဖြစ် စမ်းသပ်ထုတ်လွှင့်မည်ဖြစ်ကာလာမည့်ဇူလိုင်တွင် အပြည့်အ၀ ထုတ်လွှင့် သွားမည်ဖြစ် သည်။

MRVT Entertainment ရုပ် သံလိုင်းကို ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ ဇာတ်လမ်းများ၊ တေးဂီတ အစီအစဉ်များအပြင် ပရီးမီးယားလိဂ် ဘောလုံးပွဲများကိုလည်း  တစ်ပတ်လျှင် နှစ်ပွဲနှုန်းပြသရန် စီစဉ်လျက် ရှိကြောင်း၊ ချန်ပီယံလိဂ်နဲ့ စပိန်လာလီဂါပွဲများကိုလည်း ပြသနိုင်ရန် စီစဉ်နေပြီး မြန်မာဘောလုံး အသင်း ပြည်တွင်း၊ ပြည်ပပွဲများအပြင် မြန်မာ့ အားကစား အဖွဲ့များရဲ့ ယှဉ်ပြိုင်မှုများကိုလည်း တင်ဆက် နိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment