Tuesday, December 23, 2014

၂၂-၁၂-၂၀၁၄ မှ ၂၈-၁၂-၂၀၁၄ ထိ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

စိတ်လေနေမည်။ စိတ်တိုင်းမကျမှု တွေ များနေမည်။ ရည်းစားလူလု အူနုကျွဲခတ် ဆိုသလို ကိုယ့်ချစ်သူ ရဲ့ ဖောက်ပြန်မှု့ကြောင့် စိတ်ဆင်းရဲမှု့ တွေ ကြုံနေမည်။ မရည်ရွယ်သော ခရီးများ ရောက်မည်။ လက်ထပ်ရက် ရွှေ့ဆိုင်းမှု့ ဖြစ်မည်။ ဒီတပတ် အတွင်းထိုးသော ထီလက်မှတ် ပေါက်ဂဏန်း ရမည်။ ငွေကြေးကိစ္စ စကားပြောရမည်။ စာမေးပွဲ အောင်မြင်မည်။ အလုပ်ပြောင်းလဲမှုဖြစ်မည်။ ဆွေမျိုးသားချင်းတို့ တွက် စိတ်ဆင်းရဲ စိတ်ရှုပ်ရတတ်ပါသည်။

အကျိုးပေးဂဏန်းမှာ - ၁၊ ၆၊ ၉။ 


အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ဆန္ဒမစောပါနှင့်။

ယတြာ - တနင်္ဂနွေ နံနက် တွင် အိမ်ဘုရားကို အုန်း ဆွမ်း နှင့် ဘယာကြော် ၆ ခု ကပ်လှူလိုက်ပါ။ သင့် ဆန္ဒတွေ ပြည့်လာပါလိမ့်မည်။



တနလာၤ

ရည်ရွယ်လုပ်ကိုင်ခြင်းထက် မရည်ရွယ်ဘဲ ဆောင်ရွက်ခြင်းတွေက အောင်မြင်မှုရပါလိမ့်မည်။ အတိုက်အခံ တွေ ကျော်လွှား အောင်မြင်ပါလိမ့်မည်။ စိတ်ဆင်းရဲမှု့ တွေ ပျောက်ကွယ်အောင် စိတ်ချမ်းသာမှု အရာတွေ ဆောင်ရွက်ပါ။ စိတ်မောလူမော လုပ်ရ သွားရ လာရ ၊ စဉ်းစားရ ဝေဖန်ရမှုတွေ များနေမည်။ နောက်တစ်ခု သတိထားရမှာက ရွှေ ၊ ငွေ ၊ ရတနာပစ္စည်းတွေ လူယုံထားပြီး မအပ်နှင့်။ လိမ်ယူသွားတတ်တယ်။ ကား ၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ရုတ်တရက်ခိုက်မိတတ်သည်။ ချော်လဲ ၊ လိမ့်ကျတတ်တယ်။ ဆင်ခြင်ပါ။ အချစ်ရေး ၊ စီးပွားရေး ၊ အလုပ်အကိုင် တွေ ဟာ ဘာမှ မသေချာ ရေရာ မှု မရှိသေးပါ။ ဒါပေမဲ့ စာမေးပွဲ အောင်မြင်ပါတယ်။

အကျိုးပေးဂဏန်း - ၂၊ ၄၊ ၈။

အထူးဟော - အရာရာ ဂရုစိုက်ပါ။

ယတြာ - တနင်္လာနေ့ နံနက် တွင် ငှက်ကလေးတွေကို အစာကျွေုး့လိုက်ပြီး ဆုတောင်းပါ။

အဂါၤ

အပြောလွယ်သလောက် အလုပ်ကခက်တတ်ပါတယ်။ အငိုလွယ်သလောက် အရှိုက်ခက်တတ်ပါတယ်။ ဆန္ဒစောခြင်း ၊ ဆုံးဖြတ်ချက် မြန်ခြင်းတွေ မဖြစ်သင့်သော ကာလဖြစ်ပါတယ်။ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ မုချသင်အောင်မြင်ပါလိမ့်မည်။ အလုပ်ကိစ္စတွေ ၊ တိုးတက်မှုရမည်။ စာမေးပွဲ ဖြေဆိုမှုတွေ အောင်မြင်မှုရမည်။ ခရီးဝေး ယာယီ တွေ ရောက်ဖြစ်မည်။ ကျန်းမာရေး အနည်းငယ်ဂရုစိုက်ပါ။ ချူချာနိုင်ပါတယ်။ မရည်ရွယ် လက်ထပ်ဖြစ်ကိန်းဆိုက်ရောက်ပါလိမ့်မည်။ အချစ်ရေး ၊ အိမ်ထောင်ရေး မုချရှုပ်လိမ့်မည်။ ဂရုစိုက်သတိထားပါ။

အကျိုးပေးဂဏန်း - ၉၊၆၊ ၃။

အထူးဟော - ဘာပဲ ဖြစ်ဖြစ် ကံကောင်းသွားပါလိမ့်မည်။

ယတြာ - အင်္ဂါနေ့ နံနက်တွင် အုန်းဆွမ်း နှင့် ဘယာကြော် ၈ ခု အိမ်ဘုရားကို ကပ်လှူ၍ ဆုတောင်းပါ။ မုချပြည့်ပါတယ်။

ဗုဒ္ဒဟူး

လွယ်နေတဲ့ကိစ္စကို ခဲရာခဲဆစ်တွေးမနေပါနှင့် ။ မြန်မြန် ပြီးနိုင်တဲ့ကိစ္စကို ရှည်ရှည် ဝေးဝေး လုပ်မနေပါနှင့်။ ပန်းတိုင်ကို အရင်ရောက်အောင်လုပ်ပါ။ ရတာကိုယူထားပြီး မှ ကျန်တာဆက်လုပ်လိုက်ပါ။ သင်ကံကောင်းနေတယ်။ အောင်မြင်မှု့ တစ်ခု ဒီတပတ် အတွင်းကြိုးစားလိုက်ပါ။ စက် ၊ မြေ ၊ အိမ်တွေ ပြောင်းလဲမှု့ ရောင်းဝယ်မှု့ ပြုပြင်မှု့ တွေ ဖြစ်မည်။ ပညာရေး ၊ အချစ်ရေး ၊ စီးပွားရေး ၊ အလုပ်အကိုင် တွေ ကောင်းနေမည်။ အချစ်ရေးကလည်း သင့်ချစ်သူက သင့်အပေါ်နားလည်ပေးပါလိမ့်မည်။ ခြေ ၊ လက် ခိုက်မိတတ်ပါတယ်။ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၉၊ ၄၊ ၆

အထူးဟော - အားလုံးကောင်းပါတယ်။

ယတြာ - ဗုဒ္ဓဟူး နေ့ နံနက်မှာ မြတ်စွာဘုရားကို အောင်သပြေ (၁၉) ညွန့်၊ ရွက်လှ( ၁၇) ညွန့် ကပ်လှူပါ။

ကြာသပတေး

ပွင့်လင်းမြင်သာမှု တွေ ဖြစ်လာပါလိမ့်မည်။ ကိုယ့်ရဲ့လုပ်ရပ်တွေဟာလည်း ပီပြင်မှု့ တွေ ဖြစ်လာပါလိမ့်မည်။ ပြီးခဲ့တဲ့ တပတ် က စိတ်ရှုပ် စရာများ ယခု တစ်ပတ်အတွင်း စိတ်ချမ်းသာမှုရလာပါလိမ့်မည်။ အထူးသဖြင့် ၂၂.၁၂.၂၀၁၄ မှ ၂၄.၁၂.၂၀၁၄ အထိ စိတ်တိုင်းမကျမှု့ တွေ ဖြစ်နေတတ်သေးတယ်။ ၂၅.၁၂.၂၀၁၄ မှ စ၍ ၂၈.၁၂.၂၀၁၄ ထိ ရက်တွေမှာတော့ သင့်ပြုံးနိုင်ပါပြီ။ သင့်ဆန္ဒ တွေ မုချအောင်မြင်မှာပါ။ စိတ်ချမ်းသာရမှာ သေချပါတယ်။ အဝေးက သင့်ရဲ့ သူငယ်ချင်းကို ကျေးဇူးတင်ကြောင်း ပြောပြလိုက်ပါ။ ဘာလို့လဲ ဆိုတော့ သင့်အောင်မြင်မှု့ တွေ က သင့်ရဲ့ မိတ်ဆွေ ကြောင့်မို့ပါဘဲ။

အကျိုးပေးဂဏန်း ၅၊၇၊၀။

အထူးဟော- ကောင်းတစ်ဝက် ဆိုးတစ်ဝက်ကာလလေးပါ။

ယတြာ - ကြာသပတေးနံနက် တွင် အိမ်ရှေ့ လမ်းပေါ်ရေဖြန်း၍ ငွေ ၁၀၀ ကျပ် ပံ့သကူပြုပါ။

သောကြာ

ရှုပ်နေသော အရာတွေ ရအောင် ရှင်းလိုက်ပါ။ စိတ်ညစ်စရာတွေ ကို စိတ်အေးအေးနှင့် ရှင်းလိုက်ပါ။ အတိုက်အခံ တွေ ကို ကျော်လွှားနိုင်အောင် ကြိုးစားလိုက်ပါ။ အချစ်ရေး ၊ အိမ်ထောင်ရေး ဇာတ်လမ်း တွေ ရှုပ်နေမည်။ မရည်ရွယ်ဘဲ ခရီးဝေး တစ်ခု သွားရပါလိမ့်မည်။ စကားပြောဆင်ခြင်ပါ။ စကားရှုပ်ရတတ်ပါတယ်။ ရုတ်တရက် ထိခိုက် အနာတရဖြစ်တတ်၍ ဂရုစိုက်ပါ။ လူခင်ခြင်း မုန်းရတတ်ပါတယ်။ စက် ၊ ရွှေ ၊ မြေ ၊ ရောင်းဝယ် ဖြစ်မည်။ အိမ်ပြောင်းနေရမှု့ ဖြစ်မည်။ ထီထိုးပါ။ ထီပေါက်ကိန်းမြင်ပါတယ်။

အကျိုးပေးဂဏန်း - ၆၊၁၊၉။

အထူးဟော- ဆန္ဒမစောနှင့်။အောင်မြင်မည်။

ယတြာ- သောကြာနေ့မှာ အိမ်ဘုရားကို ဆွမ်း ၊ သစ်သီး ၊ ရေတော်ကပ်၍ ဆုတောင်းပါ။

စနေ

ကျန်းမာရေး လူမှုရေး စီးပွားရေး ၊ အလုပ်အကိုင် ၊ အိမ်မြေကိစ္စ များ စိတ်အနည်းငယ်ရှုပ်ရတတ်ပါတယ်။ ဒါပေမဲ့ အားလုံးအဆင်ပြေသွားပါမည်။ ကူညီမည့်သူပေါ်မည်။ ဦးစွာရသော အလုပ်ကို ချိုးဖဲ့ မပစ်လိုက်ပါနှင့်။ အောင်မြင်သော လုပ်ရပ်တစ်ခုကိုလည်း မပစ်ပယ်လိုက်ပါနှင့်။ ကောင်းမွန်စွာ ဆက်ဆံ လာသူကိုလည်း ရိုင်းစိုင်းစွာ မဆက်ဆံ လိုက်ပါနှင့်။ ပြီးမှ နောင်တရ တာမျိုး မဖြစ်သင့်ပါ။ မိဘသားချင်း ဆွေမျိုး အတွက် ဆောင်ရွက်မှု့ အောင်မြင်သွားပါမည်။ စိတ်ချမ်းသာ ပါလိမ့်မည်။ ဖြေဆိုသော စာမေးပွဲ အောင်မြင်ပါလိမ့်မည်။ မှားယွင်းစွာ မလိုသော စိတ်ဓာတ်ဖြင့် အကြံပေးသော သူငယ်ချင်းကိုလည်း အကြွင်းမဲံ မယုံလိုက်ပါနှင့်။ ဆန္ဒလည်းမစောသင့်ပါ။ ရုတ်တရက် လက်ထပ်ရခြင်းကိုလည်း ဆင်ခြင်လိုက်ပါ။ မကျေနပ် သည့် သဘောဖြင့် လက်ထပ်ရသော အဖြစ်ကိုလည်း မယူလိုက်ပါနှင့်။ အတိုက်အခံ တွေကို စဉ်းစားပြီးမှ တိုက်ခိုက်ပါ။ သင်အောင်မြင်သူ ဖြစ်လာပါလိမ့်မည်။

အကျိုးပေးဂဏန်း - ၄၊၂၊၆။

အထူးဟော - သင်ကံကောင်းနေပါပြီ။

ယတြာ - စနေနေ့ နံနက်တွင် အိမ်ဘုရားကို ငှက်ပျော်သီးကြော် ၇ လုံး ကပ်လှူပြီး ဆုတောင်းပါ ပြည့်ပါလိမ့်မည်။

ရွှေမြန်မာမီဒီယာ

No comments:

Post a Comment