Tuesday, December 23, 2014

ဂုဏ်သိက္ခာထိပါးတဲ့အထိ ဝေဖန်မှုတွေကို လက်မခံဘူးဆိုတဲ့အမွန်း

မိုင်လေဆိုင်းရပ်စ်၏ဒီဇိုင်နာကိုယ်တိုင် ဖန်တီးပေးခဲ့သည့် ပေါင်ရင်းထိဖော်ထားသော ဝတ်စုံကို ဝတ်ဆင်ဖျော်ဖြေခဲ့သည့် ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဂုဏ်သိက္ခာထိခိုက်သည်အထိ ဝေဖန်မှုများကို လက်မခံနိုင် ကြောင်း အမွန်းက တုံ့ပြန်ပြောကြားသည်။ ရန်ကုန်မြို့ရှိ ကန်တော် ကြီးမျှော်စင်ကျွန်းတွင် ဒီဇင်ဘာ၂၀ရက်က ပြုလုပ်ခဲ့သော Grand Royal ရှိုးပွဲ၌ ဖျော်ဖြေခဲ့သည့် တေးသံရှင် အမွန်း၏ ပေါင်ရင်းအထိဖော်ထားသည့်ဝတ်စုံဝတ်ဆင်ခဲ့မှု ကို လူမှုကွန်ရက်များတွင် ပရိသတ်များက ပြင်းပြင်း ထန်ထန်ဝေဖန်လျက်ရှိကြသည်။

‘‘ဒီအဝတ်အစားနဲ့ ဘုရား တွေ ဘာတွေသွားတာလည်း မဟုတ်ဘူး။ အဲဒီလိုဆိုရင်တော့ ညီမကို ကြိုက်သလိုပြောလို့ရ တယ်။ ဒီလို rock ပွဲမှာ perform ance အရ ညီမဝတ်စားတာကို ဂုဏ်သိက္ခာ ထိပါး လာအောင်ထိ တော့ ကြိုက်သလိုပြောလို့ရတယ်။ဒါပေမဲ့ ညီမအနေနဲ့ အဲဒီလိုပြော တာတွေလက်မခံဘူး’’ဟု တေးသံ ရှင်အမွန်းကဆိုသည်။
၎င်းဝတ်ဆင်ခဲ့သည့်အင်္ကျီ မှာ နိုင်ငံတကာအဆိုကျော်များ ဖြစ်သည့် မိုင်လေဆိုင်းရပ်စ်နှင့် ကေတီပယ်ရီတို့၏ ဒီဇိုင်နာ Marco က တေးသီချင်းနှင့်လိုက် ဖက်သော အဝတ်အစားကို ၎င်း ကိုယ်တိုင်းဖြင့် ချုပ်ပေးသည့် အတွက်ကြောင့် မိုင်လေဆိုင်း ရပ်စ်အင်္ကျီနှင့်ဒီဇိုင်းတူညီနေခြင်း ဖြစ်ကြောင်း အမွန်းကပြောသည်။
‘‘ဒီအက်ႌကို ဒီပြဲမွာမွ ပထမ ဆံုးဝတ္တာမဟုတ္ပါဘူး။ ညီမရဲ့Cheap Sunglasses သီချင်းထဲ မှာလည်း ဝတ်ထားပါတယ်။ အဲဒီ သီချင်းကိုကြည့်ဖူးတဲ့လူတိုင်းသိ မှာပါ’’ဟုလည်းပြောသည်။
ယင်းဖျော်ဖြေပွဲတွင် စုစု ပေါင်းတေးသီချင်းလေးပုဒ်ဖျော် ဖြေမည်ဟုပြင်ဆင်ထားခဲ့ပြီး သုံး ပုဒ်သာဖျော်ဖြေခဲ့ ရပြီး ပထမဆုံး သီချင်းဖျော်ဖြေမှုအပြီးတွင် အဝတ်အစားပြန်လဲခဲ့ရကြောင်း တေးသံရှင်အမွန်းကဆိုသည်။
တေးသံရှင်အမွန်းသည် ၎င်း ဝတ်ဆင်ခဲ့သည့်အပေါ် မြန်မာ နိုင်ငံမှ တစ်ဦးတစ်ယောက်ဟု နိုင်ငံနှင့်ချီကာ သေးမွှားသည့်ကိစ္စ များကို မချဲ့စေချင်ကြောင်းနှင့် နိုင်ငံတကာမှ ပြန်လာသည့်အတွက် ယင်းကဲ့သို့ဝတ်စား ထားခြင်း မဟုတ်ဘဲ တေးသီချင်းနှင့် လိုက်ဖက်မည့်ဖျော်ဖြေမှုအရသာ ဝတ်ဆင်ထားခြင်းဖြစ်ကြောင်း ပြောသည်။
ဝတ်စုံကြောင့် ပြင်းပြင်းထန် ထန်ဝေဖန်ခံရသည့် အမွန်းက နောက်တစ်ရက်မှာပင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ‘‘လွတ် လပ်ခွင့်ကိုအလေးထားပါ၊ လူ တစ်ဦးချင်းစီရဲ့ ခြားနားချက်ကို လက်ခံပါ’’ဟုရေးသားခဲ့သည်။ ၎င်းအနေဖြင့်လည်း ‘‘အားလုံးရဲ့ ထင်မြင်ချက်များကို လေးစားနားလည်ပေမယ့် ကျွန်မရဲ့ထင်မြင် ချက်တွေ၊ ကျွန်မပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကိုတော့ လေး စားနားလည်ပေးမခံရ ပါဘူး’’ဟု ရေးသားခဲ့သည်။
အမွန်းသည် မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ပထမဆုံးထိုး ဖောက်နိုင်သည့် Me N Ma Gilrs ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး မကြာသေးမီကလည်း တစ်ကိုယ် တော်အခွေ ‘မင်းပေးတဲ့အချစ်’ ထွက်ရှိထားသူဖြစ်သည်။ အမွန်း ၏ အင်္ဂလိပ်ဘာသာဖြင့် သီဆို ထားသည့် ‘Myanmar’မှာလည်း လူသိများသော သီချင်းတစ်ပုဒ် ဖြစ်သည်။
ဓာတ်ပုံ−Myanmar Celebrity.com
7Day Daily

No comments:

Post a Comment