Tuesday, December 23, 2014

နိုင်ဂျီးရီးယားတွင် ဗုံးပေါက်ကွဲ၍ ၂၇ ဦး သေဆုံး

Photo: နိုင်ဂျီးရီးယားတွင် ဗုံးပေါက်ကွဲ၍ ၂၇ ဦး သေဆုံး
ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၁၄

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကားဂိတ် နှင့် ဈေးအနီးတွင် တင်္နလာနေ့က
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် လူ ၂၇ ဦး သေဆုံးပြီး အယောက် 
၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။
ပထမအကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ဂွမ်ဘီမြို့ တွင်း ကားဂိတ်အနီးတွင် 
လူ ၂၀ ခန့် သေဆုံးခဲ့ပြီး “ဒတ်ကူ ကားဂိတ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပါတယ်။ 
ကြက်ခြေနီအဖွဲ့ တွေက လူသေအလောင်း ၂၀ ထည့်ထားတဲ့ အိတ်တွေသယ်မပြီး ပင်ပန်းနေကြပါပြီ။ ထပ်ပြီးလည်း အလောင်းတွေ ဆက်ရှာနေတုန်းပါဘဲ။ 

ဗုံးဒဏ်ကြောင့် မီးလောင်ကျွမ်းထားတဲ့ အလောင်းတွေက မှတ်မိဖို့ တောင် 
မလွယ်ပါဘူး” ဟု ဂွမ်ဘီပြည်နယ် ကြက်ခြေနီအဖွဲ့ မှ အတွင်းရေးမှုး 
အဘူလ်ဘာကာ ယာကူဘူက ပြောသည်။

နာရီပိုင်းအကြာမှာပင် ယင်းမြို့အနီးရှိ ဘောက်ချီမြို တွင် လူစည်ကားသည့် 
ဈေးတစ်နေရာ၌ ဗုံးပေါက်မှုတစ်ခု ထပ်မံ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇ ဦး 
သေဆုံးကာ ၁၉ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
“ဗုံးက တစ်နေရာတည်းမှာ နှစ်ကြိမ်ပေါက်ကွဲတာ။ ဒုတိယအကြိမ် ထပ်ပေါက်ကွဲ 
တာက ပိုပြီး အသေအပျောက် များတယ်။ ဘာကြောင့်လည်းဆိုတော့ လူတွေက 
ပထမအကြိမ်ဗုံးပေါက်ပြီးတော့ အဲဒီနေရာကိုပြေးသွား ကြတယ်လေ။ 
လူတွေဝိုင်းအုံနေတဲ့အချိန်မှာ ကျန်နေသေးတဲ့ ဗုံးတစ်လုံးက ဆက်ပေါက်တာ။ 
ဈေးထဲက နေရာ အတော်များများလည်း မီးလောင်ပြီး နေရာတိုင်းမှာ မီးခိုးတွေနဲ့  ပြည့်နေတယ်” ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။
အဆိုပါ ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်ပြီး မည်သည့် အကြမ်းဖက်အဖွဲ့ ကမှ 
ထုတ်ဖော်ဝန်ခံခြင်းမရှိသေးသော်လည်း ဘိုကိုဟာရမ်စစ်သွေးကြွများသည် 
၎င်းတို့ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ထူထောင်ရန် ကြိုးပမ်းနေ သည့် 
နိုင်ငံအရှေ့ မြောက် အရပ်တွင် အရပ်သား ပြည်သူများကို အဓိကထား၍ 
တိုက်ခိုက်လေ့ရှိသည်။

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံအရှေ့ မြောက်အရပ်ရှိ စစ်သွေးကြွများ၏ အကြမ်းဖက်မှု များကြောင့် သေဆုံးသူ အရပ်သား ဦးရေ တစ်သောင်းကျော် သွားပြီဟု နိုင်ငံခြား ဆက်ဆံရေး အကြံပေးအဖွဲ့ ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: Reuter
The Myanmar Age

No comments:

Post a Comment