Thursday, December 18, 2014

ဦးထင်လင်းဦးအား ချောင်းဦးတရားရုံးမှ တစ်ဆင့် မုံရွာထောင်သို့ ပို့ထား

ဘာသာရေးအရ အငြင်းပွားဖွယ် ရာများကို ဟောပြောခဲ့မှုနှင့်ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် တရားရုံးမှတစ်ဆင့် မုံရွာထောင်သို့ ဒီဇင်ဘာ ၁၇ရက်ကပို့ လိုက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးအေးကြူ(ခ)မုံရွာအောင်ရှင်က ပြော သည်။



ချောင်းဦးမြို့နယ်၌ ဦးထင်လင်း ဦး၏ ဟောပြောမှုများနှင့်ပတ်သက်ပြီး ချောင်းဦးမြို့နယ် သံဃာ့နာယက၏ညွှန် ကြားချက်အရ ချောင်းဦးမြို့နယ် လဝက ဦးစီးမှူးဦးဦးထွန်းခိုင်မှ ဦးထင်လင်းဦး အား တရားစွဲဆိုရန် တရားရုံးသို့ ဦး တိုက်လျှောက်ထားခဲ့ခြင်းကြောင့် ဒီဇင် ဘာ ၄ရက်က ချောင်းဦးမြို့နယ် တရား ရုံး၌ ပထမရုံးချိန်အဖြစ် စတင်ကြားနာ ခဲ့ပြီး ဒီဇင်ဘာ ၁၇ရက်သို့ ဒုတိယအ ကြိမ် ရုံးချိန်းဆိုခဲ့သည်။

''သူချောင်းဦးမှာ ဟောပြောချက် တွေက ပြည်သူထဲမှာ ဘယ်လောက် အန္တရာယ်ဖြစ်စေတယ် ဆိုတာကို ဘယ်လိုတိုင်း တာမလဲ။ သူဟောတာကလဲ သူ့ရဲ့ထင် မြင်ချက်ပဲလေ။ သူက အခုတော့ပြန်ကြား ရေးမဟုတ်တော့ပါဘူး။ ဒါပေမဲ့ လော လောဆယ်မှာတော့ စာရေးဆရာတစ် ယောက်ကို ဒီလိုတော့ မလုပ်သင့်ပါ ဘူး''ဟု ဦးအေးကြူ(ခ) မုံရွာအောင် ရှင်က ရန်ကုန်တိုင်းမ်သို့ ပြောသည်။

ချောင်းဦးဓမ္မာရုံကျောင်းတိုက်မှ ဆရာတော်ဦးဓမ္မပိယက ဦးထင်လင်းဦး အား ဒီဇင်ဘာ ၁၇ရက် ဒုတိယရုံးချိန်း တွင် စစ်ဆေးပြီးတစ်ပြိုင်နက် မုံရွာထောင် သို့ ခေါ်ဆောင်သွားသည်။ ရုံးချိန်းမဟုတ် သည့်အချိန်များ၌ မုံရွာထောင်တွင်သာ နေထိုင်ရမည်ဖြစ်ပြီး ရုံးချိန်းရက်၌သာ ရုံးချိန်း လာရောက်ရမည်ဖြစ်သည်ဟု ပြောသည်။

ဦးထင်လင်းဦးအား ချောင်းဦးမြို့ နယ်တရားရုံးမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅(က)နှင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၈တို့ဖြင့် တရားစွဲဆိုထားသည်။ ပုဒ်မ ၂၉၅(က)ကြောင့် လက်ရှိအချိန်၌ ဦးထင် လင်းဦးအား ချောင်းဦးမြို့နယ်တရားရုံး မှ အာမခံပေးမထားကြောင်း ဆရာ တော်က ပြောသည်။

''ဒါက သူလုပ်လို့သူခံရတာပဲ''ဟု ဆရာတော်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၅(က)နှင့် ၂၉၈တို့ဖြင့် တရား စွဲဆိုထားသော်လည်း သေဒဏ်ချမှတ် မည့်အမှု၊ တစ်သက်တစ်ကျွန်းကျရောက် မည့်အမှု မဟုတ်သည့်အတွက်ကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ အရ အာမခံပေးလိုပါက ပေးနိုင်ကြောင်း ပြောကြားသည်။

''တရားလိုဘက်မှ အကြမ်းဖက်မှု မပါဘဲ တရားဥပဒေကြောင်းအရလုပ် လို့ သူတို့ကိုချီးကျူးတယ်။ အာမခံကိစ္စ မှာတော့ တရားလိုတွေဘက်က သဘော ထားကြီးကြီးနဲ့ လိုက်လျောပေးစေလို တယ်။ မျှမျှတတတော့ တရားစီရင်ပေး စေချင်တယ်။ ဒါမှလဲ တရားရေးမဏ္ဍိုင် ပီသမှာလေ''ဟု ၄င်းကပြောသည်။

ပုဒ်မ၂၉၅(က)သည် သာသနာညှိုး နွမ်းစေမှုဖြစ်ပြီး ထောင်ဒဏ်နှစ်နှစ်ချ မှတ်နိုင်ပြီး ပုဒ်မ ၂၉၈သည် ဘာသာ သာသနာ ထိခိုက်စော်ကားမှုဖြစ်၍ လျှော့ ရက်မရှိ ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင် သည်။

Yangon Media Group

No comments:

Post a Comment