Thursday, December 18, 2014

နှစ်ပေါင်း (၁၁၃) နှစ်တိုင် မပျက်မစီး လင်းနေဆဲ ဖြစ်တဲ့ မီးသီး

မီးသီး တစ်လုံးဟာ လပေါင်း အတော်အသင့် သုံးပြီး သွားရင် လဲရလေ့ရှိ ပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မီးသီး တစ်လုံး ကတော့ နှစ်ပေါင်း (၁၁၃) နှစ်ရှိ သွားပြီ ဖြစ်ပေမယ့် မပျက်မစီး လင်းနေဆဲ ဖြစ်ပါတယ်။
အဲဒီ မီးသီးပာာ မရပ်မနား ဖွင့်ထားတာ ဖြစ်ပြီး ဘာမှ မဖြစ်ဘဲ အလင်းရောင် ထုတ်လွှင့်ပေးနေ တာကြောင့် ပညာရှင်တွေ ကိုယ်တိုင် လာရောက် လေ့လာမှု ပြုလုပ်ခဲ့ရ ပါတယ်။ ဒီမီးသီးပာာ ၁၉၀၁ ကတည်းက ထွန်းထားတာ ဖြစ်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်၊ လီဗာမိုးမြို့ရှိ မီးသတ် စခန်းမှာ ရှိနေ တာ ဖြစ်ပါတယ်။ တစ်နေ့ကို (၂၄) နာရီ ဖွင့်လှစ် ထားပြီး နှစ်ကြိမ်သာ ခဏရပ်နားထားဖူး ပါတယ်။

တစ်ကြိမ်က ၁၉၇၆ မှာဖြစ်ပြီး အပြောင်းအရွှေ့မှာ ခဏ ဖြုတ်ထားခြင်း ဖြစ်ပါတယ်။ နောက် တစ်ကြိမ်က ၂၀၁၃ မှာဖြစ်ပြီး လုပ်ငန်း တစ်ခုကြောင့် ခဏမသုံးဘဲ နားထားခြင်း ဖြစ်ပါတယ်။ ဒီလို ရပ်နားထားတဲ့ အချိန်တွေက လွဲပြီး နှစ်ပေါင်း (၁၀၀) ကျော်တိုင် မပျက်မစီးလင်း နေတဲ့ မီးသီးရဲ့ စွမ်းအားက အံ့အားသင့် စရာပါပဲ။ မီးသီးမှာ ပါတဲ့ ကာဗွန် အမျှင်ကြောင့် ကာလ ကြာရှည် လင်းနေခြင်း ဖြစ်တယ်လို့ ဆိုထား ပါတယ်။ အမေရိကန် ရေတပ်က ရူပဗေဓဒ ပညာရှင် ဒီဘိုရာက အပူပေးလျှင် အလင်းဖြာသော အချက် နှစ်ချက်ကြောင့် ဖြစ်ကြောင်း၊ ယခု မီးသီးတွင် ပါသည့် ကာဗွန် အမျှင်မှာ သာမန် အမျှင်ထက် ရှစ်ဆပိုပါး ကြောင်း၊ ဆီမီး ကွန်ဒက်တာ စနစ်ဖြင့် ထုတ်လွှင့်ပေး နေခြင်းနှင့် အခြားအရာ များကြောင့် ကာလ ကြာရှည် ခံနေခြင်း ဖြစ်ကြောင်း သုံးသပ်ခဲ့ ပါတယ်။ ဒီမီးသီးကို Shelby Electric ကုမ္ပဏီမှ ထုတ်လုပ် ထားခြင်း ဖြစ်ပါတယ်။ ဒီမီသီးပာာ သက်တမ်း အရှည်ကြာဆုံး လျှပ်စစ် စွမ်းအင် ထုတ်လုပ်ပေးနေတဲ့ မီးသီး အဖြစ် သတ်မှတ်ခံ ရဖွယ်ရှိနေ ပါတယ်။

The Messenger

No comments:

Post a Comment