အဲအေးရှားလေယာဉ် ပျက်ကျမှုကြောင့် ၂၀၁၄ အတွင်း ကမ္ဘာ တစ်ဝန်းတွင် လေကြောင်းခရီး ကြောင့် လူသေဆုံးသည့် အရေ အတွက်မှာ ၁,၂၁၂ ဦးအထိရှိသွားပြီး ဆယ်စုနှစ်အတွင်း လေ ကြောင်းကဏ္ဍ၌ လူသေဆုံးသူ အမြင့်ဆုံးနှစ်ဖြစ်ကြောင်း လေ ယာဉ်အပိုင်စီးမှုများ အပါအ၀င် လေကြောင်း မတော်တဆ မှုများ ကို ခြေရာကောက်စောင့်ကြည့် နေသော လေယာဉ်လုံခြုံရေးကွန် ရက်၏ စစ်တမ်းတွင် တွေ့ရ သည်။
ဒီဇင်ဘာ ၂၈ ရက်နံနက်က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ် ပျောက်ဆုံးသွားခဲ့သော လူ ၁၆၂ ဦးပါ အဲအေးရှားလေယာဉ်သည် ပင် လယ်ကြမ်းပြင်ပေါ်တွင် ပျက်ကျ နစ်မြုပ်နေလောက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားအရာရှိများက ဒီဇင် ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။ လေယာဉ်ပါ် လိုက်ပါစီးနင်းသွားသူများ၏ စိုးရိမ်ဖွယ်ရာ အသက်ဆုံးရှုံးနိုင်ခြေ အပါအ၀င် ကမ္ဘာတစ်ဝန်း လေကြောင်းခရီးကြောင့် သေဆုံးရသူမှာ ယခုအချိန်တွင် ၁,၂၁၂ ဦး ရှိသွားပြီဖြစ်သည်။ အဲအေးရှားလေယာဉ် QZ8501 မပျက်ကျမီ ၂၀၁၄ အတွင်း လေကြောင်းမတော်တဆဖြစ်ပွားမှု ကြောင့် လူပေါင်း ၁,၀၅၀ ဦး သေ ဆုံးခဲ့ပြီးဖြစ်သည်။ မတော်တဆ မှုများတွင် လူပေါင်း ၆၉၉ ဦး သေ ဆုံးစေခဲ့သည့် မလေးရှားအခြေ စိုက်လေကြောင်းလိုင်းများလည်း ပါဝင်နေသည်။ လူသေဆုံးသည့် ပမာဏ မြင့်မားသော်လည်း ၂၀၁၄ အတွင်း လေယာဉ်ပျက်ကျ မှုမှာ ၁၁၁ ခု ရှိခဲ့သည်။ ကျန် လေယာဉ် မတော်တဆမှုများ၌ ကုမ္ပဏီများ၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂလိကလေယာဉ်များ မတော် တဆမှုတို့လည်း ပါဝင်နေသည်။
၂၀၁၄ အတွင်း လေယာဉ် မတော်တဆမှုများတွင် မလေး ရှားလေကြောင်းလိုင်းမှ လေယာဉ်များပါဝင်သည့် မတော်တဆမှု နှစ်ခုရှိခဲ့သည်။ တစ်ခုမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ဖြစ်ပြီး ကျန်တစ်ခုမှာ အိန္ဒိ ယသမုဒ္ဒရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ယင်းတို့ကြောင့် လူပေါင်း ၅၃၇ သေဆုံးခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်က အဲ အေးရှားလေယာဉ် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံး မသွားမီအတွင်း ရာသီဥတုအခြေ အနေကြောင့် လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေ ပြင်ရှိ လေကြောင်းထိန်းသိမ်းရေး စခန်းသို့ လေယာဉ်မှူးက လှမ်းအ ကြောင်းကြား မေးမြန်းမှုရှိခဲ့သည်။ လေယာဉ်ကို နောက်ဆုံးခြေရာခံမိခဲ့သည့်နေရာက ဂျာဗားပင်လယ်အပေါ် ကလီမန်တန်နှင့် ဂျာဗားကျွန်းများအကြားတွင်ဖြစ် ကြောင်း အင်ဒိုနီးရှားလေကြောင်း ၀န်ကြီးဌာနအရာရှိက မီဒီယာများ အား ပြောကြားခဲ့သည်။
‘‘လေယာဉ်က ပင်လယ်ပေါ် မှာလို့ ကျွန်တော်တို့ ခန့်မှန်းခဲ့ကြ တယ်။ အခုအချိန်မှာတော့ ပင် လယ်အောက်ခြေမှာ ရှိနေနိုင်ပါ ပြီ’’ဟု ပျောက်ဆုံးလေယာဉ်ရှိနေ နိုင်သည့် နေရာကို သတင်း ထောက်များက မေးမြန်းစဉ် အင် ဒိုနီးရှား၏ ရှာဖွေကယ်ဆယ်ရေး အေဂျင်စီအကြီးအကဲ Soelistyo က ဖြေကြားခဲ့သည်။
လေယာဉ်ပျောက်ဆုံးသွား ပြီးနောက် အင်ဒိုနီးရှား၊ စင်ကာ ပူနှင့် မလေးရှား သုံးနိုင်ငံ ပူးပေါင်းရှာဖွေ ကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ကြသည်။ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ကလည်း အကူအညီများ ကမ်းလှမ်းခဲ့ကြသည်။
ပျောက်ဆုံးနေသော အဲ အေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် လေယာဉ် မောင်း ၂ ဦး၊ ၀န်ထမ်း ၅ ဦးနှင့်ခရီးသည် ၁၅၅ ဦးလိုက်ပါသွားသည်။ ခရီးသည်များအနက်လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦး နှင့် ရင်ခွင်ပိုက် ကလေးငယ် ၁ ဦး တို့ ပါဝင်နေသည်။
လေယာဉ်ပေါ် ပါသွားသူ များမှာ စင်ကာပူနိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ ပြင် သစ် ၁ ဦး၊ တောင်ကိုရီးယား ၃ ဦးနှင့် အင်ဒိုနီးရှား ၁၅၆ ဦး ဖြစ် သည်။
ကျွမ်းကျင်သူများသုံးသပ်ချက်
ပျောက်ဆုံးအဲအေးရှားလေ ယာဉ်မှ ရှင်သန်လွတ်မြောက်သူ များကို ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေရာ၌ အခွင့်အရေး အနည်းငယ်သာရှိပြီး မကြာမီ လေယာဉ်အပျက်အစီး အပိုင်း အစများကို တွေ့ရှိရဖွယ်ရှိ ကြောင်း နိုင်ငံတကာမှ ကျွမ်းကျင် သူများက သုံးသပ်နေကြသည်။
လေယာဉ်တစ်စီးသည် ရေ ပြင်အပေါ်၌ ပျောက်ဆုံးသွား သည့်အခါ ပျက်ကျရာမှ ရှင်သန် လွတ်မြောက်နိုင်သူ တစ်ဦးဦးရှိ နိုင်ခြေမှာ အလွန်တရာနည်းပါး ကြောင်း လေကြောင်းလုပ်ငန်း၌ နိုင်ငံတကာအတွေ့အကြုံ နှစ် ပေါင်းများစွာရှိသူ လေယာဉ်နှင့် လေကြောင်းဆိုင်ရာ ဂျာမန်ကျွမ်းကျင်ပညာရှင် ဟိန်းရစ်ခ်ျဂရော့စ်ဘွန်းဂတ်ဒ်က ပြောကြားကြောင်း ဂျာမန်သတင်းဌာန ဒီဒဗလျူက ဖော်ပြသည်။
အာရှ၏ ကျယ်ပြန့်မှု၊ ရေ ပြင်ပေါ်မှ ပျံသန်းရသည့် များပြား လှသော လေကြောင်းလမ်းများ နှင့် မပြည့်စုံသည့် ရေဒါလွှမ်းခြုံမှု တို့သည် ဒေသ၏ လေယာဉ်ခရီး စဉ်များကို အခက်အခဲဖြစ်စေ ကြောင်း Expairtise Communi-cations ၏ မန်နေဂျင်းဒါရိုက်တာ လည်းဖြစ်သည့် ဟိန်းရစ်ခ်ျဂ ရော့စ်ဘွန်းဂတ်ဒ်က ပြောကြား လိုက်သည်။ အဲအေးရှားလေယာဉ် အပျက်အစီးအပိုင်းအစ များကို မကြာမီရက်အနည်းငယ် အတွင်း ပြန်လည်တွေ့ရှိမည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာပြောသည်။
လေယာဉ်ပျောက်ဆုံးသည့် နေရာ၌ တိမ်ထူထပ်နေခဲ့ကြောင်း အင်ဒိုနီးရှားလေကြောင်းဝန်ကြီး ဌာနက ပြောသည်။ CNN သတင်းဌာန၏ မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒါရက်ဗန်ဒမ်ကလည်း ရာသီဥတုဆိုးရွားမှုသည် လေယာဉ်ပျောက်ဆုံးမှု၏ အကြောင်းရင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။ မစ္စတာဟိန်းရစ်ခ်ျကလည်း ပြီးခဲ့သည့် နှစ်များအတွင်း တွေ့ခဲ့ရသည့် ရာသီဥတုနှင့် ဆက်စပ်သည့် မတော်တဆမှုများ အားလုံး တွင် ရာသီဥတုသည် အကြောင်းရင်းတစ်ခုဖြစ်သည်ဆိုသည်။ သို့သော် အခြား အကြောင်းများလည်း အမြဲလိုရှိကြောင်း ၎င်းကပြောသည်။ ရာသီဥတုနှင့်အတူနည်းပညာပိုင်းဆိုင်ရာ ပြဿနာ အချို့ (သို့မဟုတ်) ရာသီဥတုနှင့် လေယာဉ်ဝန်ထမ်း၏ မှားယွင်းသည့် ဆုံးဖြတ်ချက်တို့ ပေါင်းစပ်ဖြစ်နိုင်ခြေရှိကြောင်း သိရသည်။ လေယာဉ်နှင့် လေကြောင်းလမ်းထိန်းသိမ်းရေးအကြား ဆက်သွယ်ရေး ထုတ်ပြန်သည့်အခါတွင် ရေဒါအချက်အလက်များကို မြင်ရမည် ဖြစ်ပြီး ယင်းက အမှန်တကယ် မည်ကဲ့သို့ဖြစ်ပွားခဲ့သလဲ ဆိုသည်ကို ကနဦးနိမိတ်ပြနိုင်မည်ဖြစ် သည်။
အမြင့်ပေ ၃၂,၀၀၀ တွင် လေယာဉ်ပျံသန်းနေခဲ့ချိန် တိမ် များကို ရှောင်ကွင်းမောင်းနှင်ရန် အတွက် အမြင့်ပေ ၃၈,၀၀၀ ၌ ပျံ သန်းရန် မြေပြင်ရှိ လေကြောင်း လမ်းထိန်းသိမ်းရေးဌာနသို့ မ တောင်းဆိုမီအထိ အဆိုပါနေရာတွင် ရာသီဥတုဆိုးရွားခဲ့ကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ လေကြောင်းသယ် ယူပို့ဆောင်ရေး ဒါရိုက်တာ Joko Muryo Atmodjo က ပြောသည်။ ယင်းနေရာရှိ လေယာဉ်လမ်း ကြောင်း အခြေအနေကြောင့် ခွင့် ပြုချက် မပေးလိုက်ရသေးဘဲ ငါးမိနစ်အကြာ တနင်္ဂနွေနေ့ နံနက် ၆ နာရီ ၁၇ မိနစ်တွင် လေယာဉ်နှင့် မြေပြင်ဌာန အဆက်အသွယ် ပြတ်တောက်ခဲ့သည်ဟုဆိုသည်။
လေကြောင်းများကို အချိန် နှင့်တစ်ပြေးညီ ခြေရာခံနေသည့် Flightradar24.com ၏ အချက် အလက်များအရ ယင်းနေရာအနီး အနားတစ်ဝိုက်ရှိ လေယာဉ်အ များအပြားသည် ထိုအချိန်က အ မြင့်ပေ ၃၄,၀၀၀ မှ ၃၆,၀၀၀ သို့ မောင်းနှင်ခဲ့ကြကြောင်း တွေ့ရ သည်။ ယင်း Level မှာ ခရီးသည်တင်လေယာဉ်များအတွက် ထူးခြားမှုတစ်စုံတစ်ရာ မဟုတ်ပေ။
ယခုလေယာဉ်ပျောက်ဆုံးမှု ၌ လေယာဉ်အပိုင်စီးမှုကဲ့သို့ ပြစ် မှုအမျိုးအစားနှင့် နှီးနွှယ်နေနိုင် သည့် မည်သည့်အရာမျိုးကိုမှ မ တွေ့ရကြောင်း အပြည်ပြည်ဆိုင် ရာ လေကြောင်းလုံခြုံရေး စုံစမ်း စစ်ဆေးသူများ အသိုက်အဝန်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အန်ထော်နီ ဘရစ်ဟောက်စ်က ပြောသည်။
QZ8501 လေယာဉ်မှူး သည် ရာသီဥတုအခက်အခဲကို တွေ့ဆုံခဲ့ပြီး ယင်းကို ရှောင်ရှားရန်အတွက် အရှိန်အလွန်နှေးကွေးစွာဖြင့် မောင်းနှင်ခဲ့ကြောင်း လေယာဉ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး airlinerratings.com ၏ အယ်ဒီတာဖြစ်သူ ဂျော်ဖရေးသောမတ်စ်ကဆိုသည်။
ယင်းမှာ ၂၀၀၉ က ပျက်ကျခဲ့သည့် Air France AF447 ၏ အခြေအနေနှင့် အလားတူ လေခွင်းအားရပ်တန့်မှုကို ဖြစ်သွားစေခဲ့သည်ဟုဆိုသည်။ Air France AF447 မှာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ပျံသန်းနေစဉ် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
သောမတ်စ်၏ အဆိုအရ အဲအေးရှား QZ8501 သည် တစ် နာရီ ကီလိုမီတာ ၁၆၀ ခန့်အထိ အလွန်နှေးကွေးစွာ ပျံသန်းခဲ့ပြီး ထိုအချိန်ကရှိနေခဲ့သည့် ပင်လယ်ပြင်အထက်အမြင့်နှင့် ယင်းအမြန်နှုန်းမှာ အလွန်အမင်း အန္တရာယ် ရှိခဲ့သည်။
Air France AF447 ပျက် ကျမှုတွင် ခရီးသည် ၂၁၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး သေ ဆုံးခဲ့ရသည်။ လေယာဉ်အပျက် အစီး အစအနများကို ရက်ပေါင်း များစွာ ရှာဖွေသော်လည်း မတွေ့ ရှိခဲ့ပေ။ ပျက်စီးသွားသော လေ ယာဉ် တည်နေရာကို သိရှိရန်ပင် နှစ်ပေါင်းများစွာ ကြာခဲ့သည်။ စုံ စမ်းစစ်ဆေးသူများက နောက်ဆုံး တွင် ယင်းပျက်ကျမှု၌ နည်းပညာပိုင်းအမှားနှင့် လူသားအမှားနှစ်ခုစလုံးကို အပြစ်ဖို့ခြင်းဖြင့် နိဂုံးချုပ်ခဲ့ကြ၏။
7 Day Daily
No comments:
Post a Comment