Friday, December 26, 2014

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ရန် တာစူနေ

ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ မြစ်ဝ ကျွန်းပေါ်နှင့်     ကမ်းလွန် ပင်လယ်ပြင်၌     လေပြင်းများ တိုက်ခတ်နိုင်ပြီး မိုးရွာသွန်းနိုင် ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက   ခန့်မှန်း သည်။

အဆိုပါ လေဖိအားနည်းရပ် ၀န်းသည် မုန်တိုင်းငယ်အဆင့် ဖြစ်ပေါ်ပါက ဘင်္ဂလားဒေ့ရှ်ကမ်း ရိုးတန်းသို့ ၀င်ရောက်နိုင်ပြီး ဆိုင် ကလုန်းမုန်တိုင်းအဆင့်သို့ ပြောင်း လဲပါက အိန္ဒိယနိုင်ငံသို့ဝင်ရောက် ဖွယ်ရှိကြောင်း မိုးဇလက ခန့်မှန်း ထားသည်။



ယခု ဘင်္ဂလားပင်လယ် အော်တွင် ဖြစ်ပေါ်နေသော လေ ဖိအားနည်းရပ်ဝန်းသည် ဒီဇင် ဘာ ၂၆ နှင့် ၂၇ ရက်တို့တွင် မုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ကြောင်း ခန့်မှန်းထားသည်။

ယင်းမုန်တိုင်းအရှိန်ကြောင့် မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး လက်ရှိတစ်နိုင်ငံလုံးတွင် အအေး လျော့နိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။

ယခုရက်ပိုင်းအတွင်း တ ရုတ်နိုင်ငံဘက်မှ အရှေ့မြောက် မုတ်သုံလေအေးများကြောင့် မြန် မာနိုင်ငံ အထက်ပိုင်း ဒေသများ သာမက ဒေသအနှံ့၌ ပုံမှန်ထက် အအေးပိုနေပြီး ချင်းပြည်နယ် ဟားခါးမြို့တွင် ယခုရက်ပိုင်းအ တွင်း ရေခဲသည်အထိ အေးနေ ကြောင်း ပြည်နယ် မိုး/ဇလဌာန က ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းအရှိန်ကြောင့် မုန်တိုင်းအ ဖြစ်ပြောင်းလဲပါက မြန်မာ့ကမ်း လွန်ပင်လယ်ပြင်၌ အရှေ့ဘက်မှ လေတိုက်ခတ်မှု အပြင်းဆုံးအ ခြေအနေသို့ ရောက်ရှိနိုင်ပြီး မြစ် ၀ကျွန်းပေါ် ကမ်းနီးရေလုပ်ငန်း လုပ်ကွက်တည်ရှိရာ ဒေသတွင် အရှေ့ဘက်မှ တစ်နာရီ ၃၈ ကီလိုမီတာအထိ လေပြင်း တိုက်ခတ်နိုင်ကြောင်း၊ တနင်္သာရီတောင် ပိုင်းဒေသ များတွင် အရှေ့ဘက်မှ တစ်နာရီ ကီလိုမီတာ ၅၀ အထိ လေပြင်း တိုက်ခတ်နိုင်ဖွယ်ရှိသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်း ထားသည်။

7Day Daily

No comments:

Post a Comment