Tuesday, December 16, 2014

စစ်တွေတွင် ဒေသခံ တစ်ဦး ဓားထိုးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဗျိုင်းဖြူရွာကျေးရွာမှ ဒေသခံ တစ်ဦး ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဓားထိုးခံလိုက်ရကြောင်း စစ်တွေ အမှတ်(၂)ရဲစခန်းမှ တဆင့် သိရသည်။

ရဲ၏အတည်ပြုချက်အရ ဓားဒဏ်ရာရရှိခဲ့သူမှာ အသက် ၃၉ နှစ်အရွယ် ထွန်းထွန်း(ခ) ဆောက်လုံး ဖြစ်ပြီး ယင်းကို ဗျိုင်းဖြူရွာကျေးရွာအနီး သံတော်လီကျေးရွာမှ ဘင်္ဂါလီ ၁ဝ ခန့်က တိုက်ခိုက်စဉ် ဓါးထိုးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီဖြစ်စဉ်ကြောင့် ထွန်းထွန်းရဲ့ ဘယ်ဘက်လက်မောင်းအောက်မှာ ထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိခဲ့ပါ တယ်။ ကျောကုန်းပေါ်မှာလည်း ဒဏ်ရာတစ်ချို့ ရတယ်”ဟု စစ်တွေအမှတ်(၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြော သည်။

ဒဏ်ရာရသူမှာ လက်ရှိတွင် စစ်တွေဆေးရုံ၌ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ယခုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ ယင်းနေ့ နေ့လယ် ၁ နာရီခွဲခန့်အချိန်က ဗျိုင်းဖြူရွာ ကျေးရွာမှ ဒေသခံ ၆ ဦးသည် ယင်းကျေးရွာအနီးရှိ ပုစွန်တာ ဟောင်းထဲတွင် ငါးရှာနေကြစဉ် အနီးရှိ ပုစွန်တာ တစ်ခုကို ငှားရမ်း လုပ်ကိုင် နေကြသည့် သံတော်လီကျေးရွာမှ ဘင်္ဂါလီများက ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲနှင့် ဒေသခံ များ၏ပြောဆိုချက်အရ သိရသည်။

“ဘင်္ဂါလီတွေက သူတို့ပုစွန်တာက ငါးတွေကိုရှာတယ်ဆိုပြီး ဝိုင်းပြီးရိုက်ကြတာ။ အခုတော့ အခြေ အနေက အေးဆေးတော့ဖြစ်သွားပါပြီ။ တင်းမာမှုတော့ မရှိကြတော့ပါဘူး”ဟု အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးက နိရဉ္စရာသို့ ယင်းနေ့ ညနေပိုင်းက ပြောသည်။

အခင်းဖြစ်ပွားသည့်အချိန်က ထွန်းထွန်းနှင့်အတူလိုက်ပါလာသည့် ဒေသခံ ၅ ဦးမှာ ဘင်္ဂါလီများ ဝိုင်းလာ သည်နှင့် ကြောက်ရွံ့ထွက်ပြေးသွားခဲ့ကြောင်း ရဲနှင့် ဒေသခံများက ဆိုသည်။

ယခုဖြစ်စဉ်တွင် သံတော်လီကျေးရွာမှ ဘင်္ဂါလီ ၅ ဦးပါဝင်ပတ်သက်နေသည်ကို စုံစမ်းရရှိထားသော် လည်း ယင်းတို့ကို ဖမ်းဆီးရန်ပြင်ဆင်နေဆဲအဆင့်သာ ရှိကြောင်း စစ်တွေအမှတ်(၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိရဉ္စရာ

No comments:

Post a Comment