Wednesday, December 17, 2014

လိင်အသားပေး ဇာတ်ဝင်ခန်းမျိုး ထည့်ရိုက်ပြီး ပရိသတ်ကို ဆွဲဆောင်တဲ့သူ မဟုတ်ဘူးလို့ ဆိုလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်

Photo: လိင်အသားပေး ဇာတ်ဝင်ခန်းမျိုး ထည့်ရိုက်ပြီး ပရိသတ်ကို ဆွဲဆောင်တဲ့သူ မဟုတ်ဘူးလို့ ဆိုလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

ပရိသတ်တွေ ထွေလာကြည့်ကတည်းက စိတ်ဝင်စားနေကြတဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒီဇင်ဘာက ၁၀ ရက်နေ့က မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမမှာ မျက်နှာစုံညီ အစည်းအဝေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မိန်းကလေး တစ်ယောက်ကို ယောင်္ကျားသားတစ်စုက အဓမ္မပြုကျင့်ပုံ ဇာတ်ဝင်ခန်းပါဝင်ပြီး ခုလို မုဒိန်းကျင့်တဲ့အခန်းကို ၃ ကြိမ်တိုင်တိုင် ပြသထားတဲ့ အတွက် ဆင်ဆာနဲ့ငြိစွန်းနေတယ်ဆိုတဲ့ သုံးသပ်ချက်ဖြင့် သတင်းတွေ လှုပ်ခတ်သွားခဲ့တာပါ။ ဒါ့ကြောင့် ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားရဲ့ ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံဖြဖြစ်ခဲ့တဲ့အခါ “အဲ့ဒါကလေ ဇာတ်ကားထွက်ပြီး ကြည့်ရင် သိလိမ့်မယ်ဗျ။ ကျွန်တော့အနေနဲ့ အထူးတလည်ကြီး ငါတော့ ဒီကားထွက်လာရင် ဖြေရှင်းရတော့မှာပဲ ဆိုပြီး ပြင်ဆင်ထားလောက်စရာ ဇာတ်ဝင်ခန်းမျိုးဟုတ်ကို မဟုတ်ဘူး။ အဲ့ဒီဇာတ်ကားက မုဒိန်းမှုကို ပညာပေးတဲ့ အနေနဲ့ရိုက်ထားတာလဲ မဟုတ်ဘူး။ သာမန်ထိတ်လန့်ခြောက်ခြားစရာ သရဲကားတစ်ခုပဲ။ အဲ့ဒီထဲမှာ အဲ့ဒီဇာတ်ဝင်ခန်းက အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတစ်ခုအနေနဲ့ပါတယ်ဗျ။ ဒီဇာတ်ဝင်ခန်းကြောင့် ဒီဇာတ်ကား တစ်ခုလုံးဖြစ်သွားတယ်။ ဇာတ်ကားကိုလဲ ခုပရိသတ်လက်ထဲကို အမြန်ဆုံးရောက်နိုင်အောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကားမထွက်ခင် အငြင်းအခုံတွေ၊ အပြောအဆိုတွေက တကယ်တော့ မဖြစ်သင့်ပါဘူး။ ဒီဟာက တကယ်လို့သာ ဆင်ဆာ အစည်းအဝေးမှာ တက်လာတဲ့သူတွေကို ဇာတ်လမ်းသဘောလောက်ရှင်းပြပြီး ဇာတ်ဝင်ခန်းတွေကို ထုတ်ပြပြီး အဆုံးအဖြတ်ခံတယ်ဆိုရင် ကျွန်တော်လက်ခံပါတယ်။ ခုဟာက ဘာမှမပြောပဲနဲ့ အဓမ္မပြုကျင့်တဲ့အခန်းကို သုံးကြိမ်တိုင်တိုင် ပြသထားသဖြင့်ဆိုတော့ ဒါက ကျွန်တော်ဖန်တီးတဲ့ ဇာတ်ကားထဲမှာ သုံးကြိမ်ပြဖို့လိုကိုလို့ကို ပြထားတာပါ။ အဲ့ဒါကို ကျွန်တော်က အလကားနေရင်း မလိုအပ်ပဲ သုံးကြိမ်ပြထားတယ်ဆိုပြီး မြင်တာကတော့ အဆင်မပြေဘူး။”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီဇာတ်ဝင်ခန်းတွေကြောင့် ဆင်ဆာတင်းကြပ်မှုပိုလာမယ်ဆိုတာကိုလည်း သူက “ဒါကို ရမယ်ရှာပြီး ဆင်ဆာပြန်တင်းကြပ်မယ်လို့ ဆုံးဖြတ်တာ အဓိပ္ပါယ်ကိုမရှိဘူး။ ကျွန်တော်ကတော့ လက်သင့်မခံချင်ဘူး။ တကယ်ဆို ဆင်ဆာက ရှိကို မရှိသင့်တော့ပါဘူး။ ကားထဲမှာ ဇာတ်ကားစပြပြီး မိနစ်သုံးဆယ်ကျော်မှာ အဲ့ဒီဇာတ်ဝင်ခန်းကို တစ်ကြိမ်ဖွင့်ကြည့်တယ်။ ဆင်ဆာအဖွဲ့ကပြတဲ့အခန်းမှာ ဗီဒီဗီ ဖွင့်ကြည့်တာတွေ မပါဘူး။ တကယ်ဆို ဒါတွေပါရမယ်။ သရုပ်ဆောင်က ဒီဗီဒီဖွင့်ကြည့်တဲ့တွက် screen မှာ မပြသွားဘူး။ အဓမ္မကျင့်တဲ့အခန်းပဲ ရွေးပြီးပြသွားတယ်။ ပထမတစ်ယောက်တစ်ကြိမ် ဒီလောက်ပြတယ်။ စိုးနန္ဒာကျော်ထပ်ကြည့်တော့ တစ်ကြိမ်ဒီလောက်ပြတယ်။ ပထမမပါတဲ့ ဇာတ်ဝင်ခန်းတွေ ထပ်ပါလာတယ်။ အဲ့ဒီတုန်းက စိုးနန္ဒာကျော်ကြည့်တဲ့ အရုပ်တွေလဲ ဆင်ဆာမှာ မပြသွားဘူး။ နောက်ဆုံးမှာ ပြတဲ့ တစ်ကြိမ်ကတော့ ပြလို့မရဘူး။ အဲ့ဒါကတစ်ကားလုံးရဲ့အဓိက ဆိုတော့လေ။ ကျွန်တော်မပြတော့ဘူး။ ဆင်ဆာလွတ်ပြီ ကျွတ်ပြီဆိုရင်တောင် ဘယ်တော့မှ ကျွန်တော့မိသားစုနဲ့ကြည့်လို့မသင့်တော်တဲ့ ကားမျိုး ရိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ရှင်းတယ်။ ခုဟာကလဲ ဇာတ်လမ်းအတွက် လိုအပ်လို့ပြတာဖြစ်တဲ့အတွက် ခွင့်ပြုကိုပြုသင့်ပါတယ်”တဲ့။

ဒါ့အပြင် သူ့စိတ်ထဲမှာ ရှိတဲ့ ဖြစ်သင့်တယ်လို့ ထင်တဲ့အရာတွေကိုလည်း ခုလို ထပ်မံပြောကြားသွားပါသေးတယ်။ “ကျွန်တော်တို့ပြည်ထောင်စုအစိုးရသစ် တက်လာတဲ့ အချိန်တုန်းက မှတ်မှတ်ရရ ဖတ်ခဲ့ရတဲ့သတင်းမှာ အရင်တပ်မတော်အစိုးရ လက်ထက်တုန်းက ပိတ်ပင်ထားခဲ့တဲ့ Website ပေါင်း သုံးသောင်းကျော် ဖွင့်ပေးခဲ့တယ်။ အဲ့ဒီထဲမှာ အများပြည်သူ ကြည့်ရှုဖို့တွက်မသင့်ဘူးလို့ပြောလို့ရတဲ့ ညစ်ညမ်း website လိုဟာမျိုးတွေလဲ ပါတယ်။ ဒါက ကြည့်တဲ့သူနဲ့ ကြည့်တဲ့သူကို ထိန်းချုပ်တဲ့ အုပ်ထိန်းသူတို့ညှိယူရမဲ့ကိစ္စလေ။ အဲ့ဒါကို အစိုးရသစ်က သဘောပေါက်စွာနဲ့ Website ပေါင်းသုံးသောင်းကျော်ကို ပြန်ဖွင့်ပေးခဲ့တယ်။ ကျွန်တော်တို့မြန်မာ့ရုပ်ရှင်နဲ့ဗီဒီယိုကိုလဲ ဒီ့ထက်ပိုပြီး အဆင်ပြေပြေလေး အလုပ်လုပ်လို့ရလာအောင် လွှတ်ပေးဖို့က အချက်ပေါင်း သုံးသောင်းကျော်မလိုအပ်ပါဘူး။ အခုပိတ်ဆို့နေတဲ့အချက်တွေကို ဖွင့်ပေးလိုက်ရင်ပဲ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုက ဒီ့ထက်ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ရလာစရာအကြောင်းရှိနေပါတယ်။ ဒီတော့ အချက်ပေါင်း သုံးသောင်းကျော်တောင် မလိုအပ်တဲ့ ရုပ်ရှင်လောကကို ဘာလို့မဖွင့်ပေးနိုင်ရတာလဲ။ လို့ပဲမေးချင်မိပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ရဲရဲတင်းတင်းခိုင်ခိုင်မာပြောလို့ရတာက ကျွန်တော်ဖန်တီးခဲ့တဲ့ တစ်လျှောက်လုံးကို ပြန်ကြည့်ရင် ကျွန်တော်ဟာ ဒီလိုမျိုး sex နဲ့ပတ်သတ်တဲ့ လိင်အသားပေး ဇာတ်ဝင်ခန်းမျိုးကို ဇာတ်ကားနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ထည့်ရိုက်တဲ့ ပရိသတ်ကို ဆွဲဆောင်တဲ့ ဒါရိုက်တာ မဟုတ်ခဲ့ဖူးဘူး။ 

အဲ့ဒါတော့ ညီမတို့လဲ သိကြပါတယ်။ ပရိသတ်တွေ ဒီဇာတ်ကားကို ကြည့်ကြသည်ဖြစ်စေ မကြည့်ကြသည်ဖြစ်စေ ကျွန်တော့သမိုင်းမှာ ဒီဟာလေးတစ်ခုကတော့ ခိုင်ခိုင်မာမာ ပြောလို့ရတဲ့ ကိစ္စတစ်ခုပါ။ ခု HD ဗီဒီယိုခေတ်မှာ Black Magic တွေ Red တွေနဲ့ရိုက်ထားတဲ့ အရုပ်တွေကို အဖြူအမဲခေတ်က ကဒ်ကြီးတွေနဲ့ ဆင်ဆာဖြတ်လို့တော့ မရဘူး။ အဲ့လိုလုပ်ရင်တော့ သံချေးတွေ ပေစွန်းနေတဲ့ အနုပညာတွေပဲ ထွက်လာမှာပါ။ ခုလက်ရှိ မနက်ဖြန်မှာ ဆုမြတ်နိုးဦးနဲ့အတူ ကျွန်တော်ကိုယ်တိုင် သရုပ်ဆောင်ပြီးဒါရိုက်တာလုပ်မဲ့ ဇာတ်ကားတစ်ကား စရိုက်ဖို့ရှိနေတယ်။ ဒါနဲ့ပတ်သတ်ပြီး ဆုမြတ်နိုးဦးကို အင်တာဗျူးတွေမှာ မဖြေဖို့ ကျွန်တော် မေတ္တာရပ်ခံထားတယ်။  မလိုအပ်ပဲ သတင်းတွေကြိုပြီး မပွချင်လို့ပါ။ နောက်ထပ် လူပြောစရာဖြစ်လာဦးမလားလို့မပြောတတ်သေးဘူး။ ထူးထူးခြားခြားတစ်ခု ထပ်ဖြစ်လာပါလိမ့်မယ်။ လာမဲ့ ၂၀၁၅ ပထမလရဲ့ သုံးလပတ်မှာ အထူးခြားဆုံးအရာတစ်ခု လုပ်ဖို့ရှိပါတယ်”လို့လဲပြောပြခဲ့ပါတယ်။

Trend Myanmar
ပရိသတ်တွေ ထွေလာကြည့်ကတည်းက စိတ်ဝင်စားနေကြတဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒီဇင်ဘာက ၁၀ ရက်နေ့က မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမမှာ မျက်နှာစုံညီ အစည်းအဝေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မိန်းကလေး တစ်ယောက်ကို ယောင်္ကျားသားတစ်စုက အဓမ္မပြုကျင့်ပုံ ဇာတ်ဝင်ခန်းပါဝင်ပြီး ခုလို မုဒိန်းကျင့်တဲ့အခန်းကို ၃ ကြိမ်တိုင်တိုင် ပြသထားတဲ့ အတွက် ဆင်ဆာနဲ့ငြိစွန်းနေတယ်ဆိုတဲ့ သုံးသပ်ချက်ဖြင့် သတင်းတွေ လှုပ်ခတ်သွားခဲ့တာပါ။ ဒါ့ကြောင့် ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားရဲ့ ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံဖြဖြစ်ခဲ့တဲ့အခါ “အဲ့ဒါကလေ ဇာတ်ကားထွက်ပြီး ကြည့်ရင် သိလိမ့်မယ်ဗျ။ ကျွန်တော့အနေနဲ့ အထူးတလည်ကြီး ငါတော့ ဒီကားထွက်လာရင် ဖြေရှင်းရတော့မှာပဲ ဆိုပြီး ပြင်ဆင်ထားလောက်စရာ ဇာတ်ဝင်ခန်းမျိုးဟုတ်ကို မဟုတ်ဘူး။ အဲ့ဒီဇာတ်ကားက မုဒိန်းမှုကို ပညာပေးတဲ့ အနေနဲ့ရိုက်ထားတာလဲ မဟုတ်ဘူး။
သာမန်ထိတ်လန့်ခြောက်ခြားစရာ သရဲကားတစ်ခုပဲ။ အဲ့ဒီထဲမှာ အဲ့ဒီဇာတ်ဝင်ခန်းက အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတစ်ခုအနေနဲ့ပါတယ်ဗျ။ ဒီဇာတ်ဝင်ခန်းကြောင့် ဒီဇာတ်ကား တစ်ခုလုံးဖြစ်သွားတယ်။ ဇာတ်ကားကိုလဲ ခုပရိသတ်လက်ထဲကို အမြန်ဆုံးရောက်နိုင်အောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကားမထွက်ခင် အငြင်းအခုံတွေ၊ အပြောအဆိုတွေက တကယ်တော့ မဖြစ်သင့်ပါဘူး။ ဒီဟာက တကယ်လို့သာ ဆင်ဆာ အစည်းအဝေးမှာ တက်လာတဲ့သူတွေကို ဇာတ်လမ်းသဘောလောက်ရှင်းပြပြီး ဇာတ်ဝင်ခန်းတွေကို ထုတ်ပြပြီး အဆုံးအဖြတ်ခံတယ်ဆိုရင် ကျွန်တော်လက်ခံပါတယ်။ ခုဟာက ဘာမှမပြောပဲနဲ့ အဓမ္မပြုကျင့်တဲ့အခန်းကို သုံးကြိမ်တိုင်တိုင် ပြသထားသဖြင့်ဆိုတော့ ဒါက ကျွန်တော်ဖန်တီးတဲ့ ဇာတ်ကားထဲမှာ သုံးကြိမ်ပြဖို့လိုကိုလို့ကို ပြထားတာပါ။ အဲ့ဒါကို ကျွန်တော်က အလကားနေရင်း မလိုအပ်ပဲ သုံးကြိမ်ပြထားတယ်ဆိုပြီး မြင်တာကတော့ အဆင်မပြေဘူး။”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီဇာတ်ဝင်ခန်းတွေကြောင့် ဆင်ဆာတင်းကြပ်မှုပိုလာမယ်ဆိုတာကိုလည်း သူက “ဒါကို ရမယ်ရှာပြီး ဆင်ဆာပြန်တင်းကြပ်မယ်လို့ ဆုံးဖြတ်တာ အဓိပ္ပါယ်ကိုမရှိဘူး။ ကျွန်တော်ကတော့ လက်သင့်မခံချင်ဘူး။ တကယ်ဆို ဆင်ဆာက ရှိကို မရှိသင့်တော့ပါဘူး။ ကားထဲမှာ ဇာတ်ကားစပြပြီး မိနစ်သုံးဆယ်ကျော်မှာ အဲ့ဒီဇာတ်ဝင်ခန်းကို တစ်ကြိမ်ဖွင့်ကြည့်တယ်။ ဆင်ဆာအဖွဲ့ကပြတဲ့အခန်းမှာ ဗီဒီဗီ ဖွင့်ကြည့်တာတွေ မပါဘူး။ တကယ်ဆို ဒါတွေပါရမယ်။ သရုပ်ဆောင်က ဒီဗီဒီဖွင့်ကြည့်တဲ့တွက် screen မှာ မပြသွားဘူး။ အဓမ္မကျင့်တဲ့အခန်းပဲ ရွေးပြီးပြသွားတယ်။ ပထမတစ်ယောက်တစ်ကြိမ် ဒီလောက်ပြတယ်။ စိုးနန္ဒာကျော်ထပ်ကြည့်တော့ တစ်ကြိမ်ဒီလောက်ပြတယ်။ ပထမမပါတဲ့ ဇာတ်ဝင်ခန်းတွေ ထပ်ပါလာတယ်။ အဲ့ဒီတုန်းက စိုးနန္ဒာကျော်ကြည့်တဲ့ အရုပ်တွေလဲ ဆင်ဆာမှာ မပြသွားဘူး။ နောက်ဆုံးမှာ ပြတဲ့ တစ်ကြိမ်ကတော့ ပြလို့မရဘူး။ အဲ့ဒါကတစ်ကားလုံးရဲ့အဓိက ဆိုတော့လေ။ ကျွန်တော်မပြတော့ဘူး။ ဆင်ဆာလွတ်ပြီ ကျွတ်ပြီဆိုရင်တောင် ဘယ်တော့မှ ကျွန်တော့မိသားစုနဲ့ကြည့်လို့မသင့်တော်တဲ့ ကားမျိုး ရိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ရှင်းတယ်။ ခုဟာကလဲ ဇာတ်လမ်းအတွက် လိုအပ်လို့ပြတာဖြစ်တဲ့အတွက် ခွင့်ပြုကိုပြုသင့်ပါတယ်”တဲ့။

ဒါ့အပြင် သူ့စိတ်ထဲမှာ ရှိတဲ့ ဖြစ်သင့်တယ်လို့ ထင်တဲ့အရာတွေကိုလည်း ခုလို ထပ်မံပြောကြားသွားပါသေးတယ်။ “ကျွန်တော်တို့ပြည်ထောင်စုအစိုးရသစ် တက်လာတဲ့ အချိန်တုန်းက မှတ်မှတ်ရရ ဖတ်ခဲ့ရတဲ့သတင်းမှာ အရင်တပ်မတော်အစိုးရ လက်ထက်တုန်းက ပိတ်ပင်ထားခဲ့တဲ့ Website ပေါင်း သုံးသောင်းကျော် ဖွင့်ပေးခဲ့တယ်။ အဲ့ဒီထဲမှာ အများပြည်သူ ကြည့်ရှုဖို့တွက်မသင့်ဘူးလို့ပြောလို့ရတဲ့ ညစ်ညမ်း website လိုဟာမျိုးတွေလဲ ပါတယ်။ ဒါက ကြည့်တဲ့သူနဲ့ ကြည့်တဲ့သူကို ထိန်းချုပ်တဲ့ အုပ်ထိန်းသူတို့ညှိယူရမဲ့ကိစ္စလေ။ အဲ့ဒါကို အစိုးရသစ်က သဘောပေါက်စွာနဲ့ Website ပေါင်းသုံးသောင်းကျော်ကို ပြန်ဖွင့်ပေးခဲ့တယ်။ ကျွန်တော်တို့မြန်မာ့ရုပ်ရှင်နဲ့ဗီဒီယိုကိုလဲ ဒီ့ထက်ပိုပြီး အဆင်ပြေပြေလေး အလုပ်လုပ်လို့ရလာအောင် လွှတ်ပေးဖို့က အချက်ပေါင်း သုံးသောင်းကျော်မလိုအပ်ပါဘူး။ အခုပိတ်ဆို့နေတဲ့အချက်တွေကို ဖွင့်ပေးလိုက်ရင်ပဲ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုက ဒီ့ထက်ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ရလာစရာအကြောင်းရှိနေပါတယ်။ ဒီတော့ အချက်ပေါင်း သုံးသောင်းကျော်တောင် မလိုအပ်တဲ့ ရုပ်ရှင်လောကကို ဘာလို့မဖွင့်ပေးနိုင်ရတာလဲ။ လို့ပဲမေးချင်မိပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ရဲရဲတင်းတင်းခိုင်ခိုင်မာပြောလို့ရတာက ကျွန်တော်ဖန်တီးခဲ့တဲ့ တစ်လျှောက်လုံးကို ပြန်ကြည့်ရင် ကျွန်တော်ဟာ ဒီလိုမျိုး sex နဲ့ပတ်သတ်တဲ့ လိင်အသားပေး ဇာတ်ဝင်ခန်းမျိုးကို ဇာတ်ကားနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ထည့်ရိုက်တဲ့ ပရိသတ်ကို ဆွဲဆောင်တဲ့ ဒါရိုက်တာ မဟုတ်ခဲ့ဖူးဘူး။

အဲ့ဒါတော့ ညီမတို့လဲ သိကြပါတယ်။ ပရိသတ်တွေ ဒီဇာတ်ကားကို ကြည့်ကြသည်ဖြစ်စေ မကြည့်ကြသည်ဖြစ်စေ ကျွန်တော့သမိုင်းမှာ ဒီဟာလေးတစ်ခုကတော့ ခိုင်ခိုင်မာမာ ပြောလို့ရတဲ့ ကိစ္စတစ်ခုပါ။ ခု HD ဗီဒီယိုခေတ်မှာ Black Magic တွေ Red တွေနဲ့ရိုက်ထားတဲ့ အရုပ်တွေကို အဖြူအမဲခေတ်က ကဒ်ကြီးတွေနဲ့ ဆင်ဆာဖြတ်လို့တော့ မရဘူး။ အဲ့လိုလုပ်ရင်တော့ သံချေးတွေ ပေစွန်းနေတဲ့ အနုပညာတွေပဲ ထွက်လာမှာပါ။ ခုလက်ရှိ မနက်ဖြန်မှာ ဆုမြတ်နိုးဦးနဲ့အတူ ကျွန်တော်ကိုယ်တိုင် သရုပ်ဆောင်ပြီးဒါရိုက်တာလုပ်မဲ့ ဇာတ်ကားတစ်ကား စရိုက်ဖို့ရှိနေတယ်။ ဒါနဲ့ပတ်သတ်ပြီး ဆုမြတ်နိုးဦးကို အင်တာဗျူးတွေမှာ မဖြေဖို့ ကျွန်တော် မေတ္တာရပ်ခံထားတယ်။ မလိုအပ်ပဲ သတင်းတွေကြိုပြီး မပွချင်လို့ပါ။ နောက်ထပ် လူပြောစရာဖြစ်လာဦးမလားလို့မပြောတတ်သေးဘူး။ ထူးထူးခြားခြားတစ်ခု ထပ်ဖြစ်လာပါလိမ့်မယ်။ လာမဲ့ ၂၀၁၅ ပထမလရဲ့ သုံးလပတ်မှာ အထူးခြားဆုံးအရာတစ်ခု လုပ်ဖို့ရှိပါတယ်”လို့လဲပြောပြခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment