Saturday, December 13, 2014

လူ့အရေပြားအစစ်အတိုင်းခံစားနိုင်စေမည့် အရေပြားအတု တီထွင်

Photo: လူ့အရေပြားအစစ်အတိုင်းခံစားနိုင်စေမည့် အရေပြားအတု တီထွင်
Saturday, December 13, 201

အထူးဖန်တီးထားသည့် အရေပြားအတုတစ်မျိုးသည် လက်ပြတ်သွားသူ လူ
နာတို့အား အစားထိုးပေးခဲ့ရာ ပင်ကိုအရေပြားအတိုင်း ထိတွေ့မှုခံစားချက်ကို ပြန်
လည်ရရှိစေကြောင်း သိရသည်။
ထိုအထူးအရေပြားသည် လူ့အရေပြားနှင့် အလွန်ဆင်တူကြောင်း တောင်ကို
ရီးယားလေ့လာသူတို့က ဆိုသည်။
အရေပြားအ စစ်ကဲ့သို့ပင် ဆွဲဆန့်နိုင်ပြီး သက်ရှိတစ်သျှူးကဲ့သို့ ခံစားရစေနိုင်
သည်။
ထိုအရေပြားသည် ဖိအား၊ အပူချိန်နှင့် စိုထိုင်းဆတို့ကို ခံစားနိုင်သည်။ လက်
အတုတွင် တပ်ဆင်ထားသော အရေပြားအတုကို လေ့လာသူတို့ စမ်းသပ်ခဲ့ရာ
အစားထိုးထားသူသည် ကလေးအနှီးစိုနေသလား၊ ခြောက်နေသလားကိုပင်
ခံစားသိရှိနိုင်ကြောင်း သိရသည်။
““လက်ပြတ်သွားသူတွေမှာ အစားထိုးတဲ့လက်အတုနဲ့ အရေပြားအတုတွေ
က လက်ဆွဲနှုတ်ဆက်တာ၊ ကီးဘုတ်ခေါက်တာ၊ ဘောလုံးဆုပ်ကိုင်တာ၊
ရေပူကိုင်တာ၊စိုစွတ်တဲ့အရာတွေ ထိတွေ့တာနဲ့ လူလူ
ချင်း ထိတွေ့တာ စတဲ့ရှုပ်ထွေးတဲ့ ကိစ်္စတွေမှာတောင် သိနိုင်ပါတယ်”” ဟု လေ့
လာသူတို့က ဆိုသည်။
လက်အရေပြားအသစ်ကို ပျော့ပျောင်းကြည်လင်သော ဆီလီကွန်ပစ်္စည်း
PMDS ခေါ်polydimethylsiloxaneဖြင့် ဖွဲ့စည်း ထားပြီး လူ့အရေပြားကဲ့သို့
ဆွဲဆန့်နိုင်ခြင်း၊ ကျုံ့ခြင်းတို့ ပြုလုပ်နိုင်ကြောင်း သိရသည်။
ဆီလီကွန် နာနိုရစ် ဘွန်များပါဝင်သဖြင့် လျှပ်စစ်စွမ်းအင် ထွက်ရှိကာ အာရုံခံ
စားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
လေ့လာသူအသင်းသည် အရေပြားအတုပြုလုပ်ရာတွင် အရေပြားအစစ်အ
တိုင်း ခံစားစေလိုခဲ့ပြီး နွေးထွေးမှုကိုပါထည့်သွင်းခဲ့သဖြင့် ကလေးငယ်များကို
ပြုစုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုအရေပြားသည် အပူချိန် ၉၈ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည် ရှိ၊ မရှိ
သိရှိနိုင်ရန် လက်ထဲတွင် ပလတ်စတစ်ကလေးအရုပ် တစ်ရုပ်ထည့်ပေးခဲ့ရာ ခံနိုင်
ရည်ရှိကြောင်း တွေ့ရှိခဲ့ရသည်။

ဇွန် (Ref;DM)
Pyimyanmar
အထူးဖန်တီးထားသည့် အရေပြားအတုတစ်မျိုးသည် လက်ပြတ်သွားသူ လူနာတို့အား အစားထိုးပေးခဲ့ရာ ပင်ကိုအရေပြားအတိုင်း ထိတွေ့မှုခံစားချက်ကို ပြန်လည်ရရှိစေကြောင်း သိရသည်။

ထိုအထူးအရေပြားသည် လူ့အရေပြားနှင့် အလွန်ဆင်တူကြောင်း တောင်ကိုရီးယားလေ့လာသူတို့က ဆိုသည်။ အရေပြားအ စစ်ကဲ့သို့ပင် ဆွဲဆန့်နိုင်ပြီး သက်ရှိတစ်သျှူးကဲ့သို့ ခံစားရစေနိုင်သည်။ ထိုအရေပြား သည် ဖိအား၊ အပူချိန်နှင့် စိုထိုင်းဆတို့ကို ခံစားနိုင်သည်။ လက်အတုတွင် တပ်ဆင်ထားသော အရေပြား အတုကို လေ့လာသူတို့ စမ်းသပ်ခဲ့ရာ အစားထိုးထားသူသည် ကလေးအနှီးစိုနေသလား၊ ခြောက်နေ သလားကိုပင် ခံစားသိရှိနိုင်ကြောင်း သိရသည်။

““လက်ပြတ်သွားသူတွေမှာ အစားထိုးတဲ့လက်အတုနဲ့ အရေပြားအတုတွေက လက်ဆွဲနှုတ်ဆက်တာ၊ ကီးဘုတ်ခေါက်တာ၊ ဘောလုံးဆုပ်ကိုင်တာ၊ ရေပူကိုင်တာ၊စိုစွတ်တဲ့အရာတွေ ထိတွေ့တာနဲ့ လူလူချင်း ထိတွေ့တာ စတဲ့ရှုပ်ထွေးတဲ့ ကိစ်္စတွေမှာတောင် သိနိုင်ပါတယ်”” ဟု လေ့လာသူတို့က ဆိုသည်။

လက်အရေပြားအသစ်ကို ပျော့ပျောင်းကြည်လင်သော ဆီလီကွန်ပစ်္စည်း PMDS ခေါ် polydimethylsiloxane ဖြင့် ဖွဲ့စည်း ထားပြီး လူ့အရေပြားကဲ့သို့ ဆွဲဆန့်နိုင်ခြင်း၊ ကျုံ့ခြင်းတို့ ပြုလုပ်နိုင် ကြောင်း သိရသည်။

ဆီလီကွန် နာနိုရစ် ဘွန်များပါဝင်သဖြင့် လျှပ်စစ်စွမ်းအင် ထွက်ရှိကာ အာရုံခံစားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ လေ့လာသူအသင်းသည် အရေပြားအတုပြုလုပ်ရာတွင် အရေပြားအစစ်အတိုင်း ခံစားစေလိုခဲ့ပြီး နွေးထွေးမှုကိုပါထည့်သွင်းခဲ့သဖြင့် ကလေးငယ်များကို ပြုစုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုအရေပြားသည် အပူချိန် ၉၈ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည် ရှိ၊ မရှိသိရှိနိုင်ရန် လက်ထဲတွင် ပလတ် စတစ်ကလေးအရုပ် တစ်ရုပ်ထည့်ပေးခဲ့ရာ ခံနိုင် ရည်ရှိကြောင်း တွေ့ရှိခဲ့ရသည်။

ဇွန် (Ref;DM)
Pyimyanmar

No comments:

Post a Comment