Thursday, December 4, 2014

အယ်ရှာဘတ်တို့၏ တိုက်ခိုက်မှုများကြောင့် ကင်ညာ ပြည်ထဲရေး ၀န်ကြီးနှင့် ရဲချုပ် ရာထူးမှ ထုတ်ပယ်ခံရ

    AlShabaab
    ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဆိုမာလီမှ အယ်ရှာဘတ် မွတ်စလင်များက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ကင်ညာပြည်ထဲရေး ၀န်ကြီးနှင့် ရဲချုပ်တို့သည် ဒီဇင်ဘာ ၂ ရက်တွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်းသိရသည်။တိုင်းပြည်သို့ ပြောကြားသည့် ကင်ညာ သမ္မတ အူဟူရူကင်ညတာ၏ မိန့်ခွန်းတွင် အကြမ်းဖက်နှိမ်နှင်း ရေးလုပ်ငန်းများကို အရှိန်မြင့် လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၁ ရက် ညသန်းကောင်းယံ အလွန်တွင် ဆိုမာလီနှင့်နယ်စပ် မန်ဒါရာမြို့တွင် အယ်လ်ကိုင်ဒါများနှင့် ဆက်နွှယ်နေသည့် ရှီးဘက်သူပုန်များက မွတ်စလင်ဘာသာဝင် မဟုတ် သူ ၃၆ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများမှာ အလုပ်သမားများဖြစ်ပြီး အိပ်နေသူများကို သူပုန်များက ဦးခေါင်းများကို ပစ်ခတ်သွားပြီး ဖမ်းဆီးခေါ်ဆောင်သွား သူများကို ဦးခေါင်းဖြတ် သတ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ အလောင်းများကို နိုင်ရိုဘီမြစ်တွင်းသို့ ဒီဇင်ဘာ ၂ ရက်က မြစ်ထဲသို့ မျှောလိုက်သည်။
ကင်ညာတပ်ဖွဲ့များက ၂၀၁၁ ခုနှစ်အတွင်း မိမိတို့အား တိုက်ခိုက်ခဲ့မှုအပေါ် လက်စားချေရန်နှင့် ဆိုမာလီနိုင်ငံ အတွင်း ဆက်လက် တပ်စွဲထားမှုများကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်သွေးကြွ သူပုန်များက ပြောကြားသည်။
Ref: AFP

No comments:

Post a Comment