Tuesday, December 23, 2014

ဂက်စ်ပိုက်လိုင်းယိုစိမ့်နေစဉ် မော်တော်ယာဉ်စက်နှိုးရာမှ အင်ဂျင်ခန်း မီးလောင်မှုဖြစ်

၂၂.၁၂.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ ပေါက်တောမီးပွိုင့်အနီးတွငမော်တော်ယာဉ်(၁)စီးမီးလောင်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

အဆိုပါနေရာတွင် AA---- ကယ်လ်ဒီနာ အငှားယာဉ်အား ယာဉ်မောင်းဖြစ်သူ ကိုအောင်သူရမှ စက်နှိုးစဉ် အင်ဂျင်ခန်းရှိ ဂက်စ်ပိုက်လိုင်းယိုစိမ့်နေသဖြင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်(၁)စီးတို့ ရောက်ရှိငြှိမ်းသတ်ခဲ့၍ ၂၁၀၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဂက်စ်ပိုက်လိုင်းကာဗာနှင့် ၀ါယာကြိုးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ကိုအောင်သူရ၊ (၃၀)နှစ်၊ အင်းစိန်မြို့နယ် နေသူအား အင်းစိန်မြို့မရဲစခန်း (ပ)၁၃၅၃/၂၀၁၄၊ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment