Saturday, December 13, 2014

ရှားပါး လင်းပိုင်မျိုးစိတ် ၂ ခု ထိန်းသိမ်းထားသည့် ဆန်ဒါဘန်းမြစ်ဝှမ်းတွင် ရေနံယိုဖိတ်

Photo: ရှားပါး လင်းပိုင်မျိုးစိတ် ၂ ခု ထိန်းသိမ်းထားသည့် ဆန်ဒါဘန်းမြစ်ဝှမ်းတွင် ရေနံယိုဖိတ်
Saturday, December 13, 2014

မျိုးတုံးပျောက်ကွယ်လုဖြစ်နေတဲ့ လင်းပိုင်မျိုးစိတ် ၂ ခုကို ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ၊ ဆန်ဒါဘန်း Sundarbans မြစ်ဝှမ်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ရေနံဂါလန် ၁ သိန်းလောက် ယိုဖိတ်မှုဖြစ်ခဲ့ပါတယ်။

မြစ်ဝှမ်းထဲက ရှီလာမြစ်တွင်းမှာ ရေနံတင်သင်္ဘောနဲ့ ကုန်တင်သင်္ဘောတို့ မတော်တဆတိုက်မိခဲ့ပြီး ရေနံတွေ မြစ်ထဲယိုဖိတ်ခဲ့တာပါ။

ဆန်ဒါဘန်း   မြစ်ဝှမ်းကာကွယ်တောဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ နှစ်နိုင်ငံလုံးမှာပါဝင်ပြီး ကမ္ဘာ့အကြီးဆုံး ရေချိုကာကွယ်တောဖြစ်ပါတယ်။

ယူနက်စကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေအဖြစ်လည်း သတ်မှတ်ထားပြီး ဘင်္ဂလားကျားတွေနဲ့ မျိုးတုံးပျောက်ကွယ်တော့မယ့် ဂင်္ဂါလင်းပိုင်တွေနဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းကာကွယ်ထားတာပါ။

အခုတော့ ဘင်္ဂလာဒေခ်ျ့အစိုးရက ရေနံယိုဖိတ်ခဲ့တဲ့ မြစ်ကြောင်းအတွင်း ရေယာဉ်အသွားအလာကို ရပ်ဆိုင်းထားလိုက်ပါပြီ။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ် Pauline Tamesis က ဘင်္ဂလာဒေခ်ျအစိုးရနဲ့ရော၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီ
မျိုးတုံးပျောက်ကွယ်လုဖြစ်နေတဲ့ လင်းပိုင်မျိုးစိတ် ၂ ခုကို ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ၊ ဆန်ဒါ ဘန်း Sundarbans မြစ်ဝှမ်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ရေနံဂါလန် ၁ သိန်းလောက် ယိုဖိတ်မှုဖြစ်ခဲ့ပါတယ်။

မြစ်ဝှမ်းထဲက ရှီလာမြစ်တွင်းမှာ ရေနံတင်သင်္ဘောနဲ့ ကုန်တင်သင်္ဘောတို့ မတော်တဆတိုက်မိခဲ့ပြီး ရေနံ တွေ မြစ် ထဲ ယိုဖိတ်ခဲ့တာပါ။

ဆန်ဒါဘန်း   မြစ်ဝှမ်းကာကွယ်တောဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ နှစ်နိုင်ငံလုံးမှာပါဝင်ပြီး ကမ္ဘာ့အကြီး ဆုံး ရေချိုကာကွယ်တောဖြစ်ပါတယ်။

ယူနက်စကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေအဖြစ်လည်း သတ်မှတ်ထားပြီး ဘင်္ဂလား ကျား တွေနဲ့ မျိုးတုံးပျောက်ကွယ်တော့မယ့် ဂင်္ဂါလင်းပိုင်တွေနဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းကာကွယ် ထားတာပါ။

အခုတော့ ဘင်္ဂလာဒေခ်ျ့အစိုးရက ရေနံယိုဖိတ်ခဲ့တဲ့ မြစ်ကြောင်းအတွင်း ရေယာဉ်အသွားအလာကို ရပ်ဆိုင်း ထားလိုက်ပါပြီ။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ် Pauline Tamesis က ဘင်္ဂလာဒေခ်ျ အစိုးရ နဲ့ရော၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ် အောင် အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment