Friday, December 12, 2014

ပျောက်ဆုံး သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့ ရှာဖွေ

Photo: ပျောက်ဆုံး သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့ ရှာဖွေ 

တရုတ်ရဲတပ်ဖွဲ့သည် ဆင်းရဲသော ကျေးလက်ဒေသ များမှ သတို့သားများနှင့် လက်ထပ်ပြီးနောက် ပျောက် ကွယ်သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို ရှာဖွေလျက် ရှိပြီး ယင်းကိစ္စ၏ နောက်ကွယ်တွင် စနစ်တကျ စီစဉ်သည့် အဖွဲ့တစ်ဖွဲ့ ရှိနေ နိုင်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ #MizzimaDaily

အပြည့်အစုံ ဖတ်ရန် - http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/34591-2014-12-12-00-49-48
ပေကျင်း၊ ဒီဇင်ဘာ ၁၁။ တရုတ်ရဲတပ်ဖွဲ့သည် ဆင်းရဲသော ကျေးလက်ဒေသ များမှ သတို့သားများနှင့် လက်ထပ်ပြီးနောက် ပျောက် ကွယ်သွားသော ဗီယက်နမ် သတို့သမီး ၁၀၀ ကျော်ကို ရှာဖွေလျက် ရှိပြီး ယင်းကိစ္စ၏ နောက်ကွယ်တွင် စနစ်တကျ စီစဉ်သည့် အဖွဲ့တစ်ဖွဲ့ ရှိနေ နိုင်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံမြောက်ပိုင်း ဟီပေး ပြည်နယ်၊ ကူကျိုးမြို့မှ အမျိုးသားများကို ယင်းဒေသတွင် နှစ်နှစ်ဆယ်ကျော်ကြာ နေထိုင်နေသော ဗီယက်နမ် သတို့သမီး တစ်ဦးပင် ဖြစ်ခဲ့သူ ၀ူမေယုက အမျိုးသမီးများနှင့် မိတ်ဆက်ပေး ခဲ့ကြောင်း ချိုင်းနားဒေးလီးတွင် ဖော်ပြထားသည်။ မိတ်ဆက်ပေးမှု အောင်မြင်ပါက ယမ်ငွေ ၁၀၀၀၀၀ ကျော် (စင်္ကာပူ ဒေါ်လာ ၂၁၂၃၀) ရရှိခဲ့မည့် မစ္စ၀ူသည် အမျိုးသမီးများနှင့် အတူ ပျောက်ဆုံးလျက် ရှိကြောင်း ချိုင်းနားဒေလီး တွင် ဖော်ပြထားသည်။

လက်ထပ်ပွဲ စီစဉ်ပေးသည့် အဖွဲ့သည် သတိုးသမီးများ ပျောက်ဆုံးမှုတွင် ပါဝင်နိုင်ဖွယ် ရှိကြောင်း အမည်မဖော်လိုသူ ဒေသခံ အရာရှိ တစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ ချိုင်းနားဒေးလီးတွင် ဖော်ပြ ထားသည်။ ဒေသခံ အရာရှိက "ယနေ့မှာ အဆင့်မြင့် ဆက်သွယ်ရေး နည်းပညာတွေ ရှိနေပါတယ်။ ဒါဟာ တစ်ချိန်တည်းမှာ သတိုးသမီး အားလုံးကို ထွက်သွားစေဖို့ အတွက် လွယ်ကူစေ ပါတယ်"ဟု ချိုင်းနားဒေးလီး သတင်းစာကို ပြောကြား ခဲ့သည်။ အစိုးရ၏ မိသားစု စီမံကိန်းနှင့် ရိုးရာအစဉ်အလာ အရ သားယောကျာင်္းလေး များကို လိုလားမှု များကြောင့် တရုတ်တွင် ကျားမညီမျှမှု မရှိပေ။

တရုတ်နိုင်ငံ တစ်ဝန်းတွင် အမျိုးသမီး ၁၀၀ ဦးမွေးလျှင် အမျိုးသား ၁၁၈ ဦး မွေးဖွားလျက် ရှိကြောင်း အစိုးရအဖွဲ့ ကိန်းဂဏန်းများ အရ သိရသည်။ အချို့ကျေးလက် ဒေသများတွင် အမျိုးသားများသည် တရုတ်သတို့သမီး တစ်ဦးကို ဆွဲဆောင်ရန် ကိုယ်ပိုင်အိမ် တစ်လုံးနှင့် ကားတစ်စီး ပိုင်ရန် အထိ မျှော်မှန်းလျက် ရှိသည်။

တရုတ် သတိုးသမီး တစ်ဦးကို ရရှိရန်မှာ ယွမ်ငွေ ၄၀၀,၀၀၀ အထိ ကုန်ကျနိုင်သဖြင့် မတတ်နိုင်သော တရုတ်အမျိုးသား များ၏ ပြည်ပ သတိုးသမီးများကို ၀ယ်ယူလိုမှုမှာ မြင့်မားလျက် ရှိသည်။

Mizzima

No comments:

Post a Comment