Friday, December 12, 2014

ခရီးသည်တင်ယာဉ် ဓားပြတိုက်မှု ၀င်ကယ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရ သေဆုံး

ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် အောင်ရတနာခရီးသည် တင်ယာဉ်အား လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က ဓားပြတိုက်ရာတွင် ၀င်ရောက်ကယ်တင်ရန် ကြိုးပမ်းသော ကေအင်န်ယူ၊ ကေအင်န်အယ်လ်လေတပ်မဟာ (၄)မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့မှာ သေ နတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၀ ရက် ည ၆ နာရီ ခွဲက ရေဖြူမြို့နယ်၊ ကလိန် အောင်မြို့နယ်အပိုင် မိုင်တိုင် ၇၉ တွင် အောင်ရတနာခရီးသည် တင်ယာဉ်အား လက်နက်ကိုင် ဆောင်ထားသော လူဆယ်ဦးခန့် က ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။

ထို အချိန်တွင် ကေအင်န်ယူတပ်မဟာ (၄)၊ တပ်ရင်း (၁၀)မှ ဗိုလ်စောခင်ဝင်းနှင့် တပ်သားတစ်ဦးတို့သည် ၎င်းတို့၏ ကားဖြင့် ဓားပြတိုက်ရာအနီးသို့ ရောက်လာပြီး ဓားပြတိုက်နေသည်ကို တွေ့၍ ဗိုလ်စောခင်ဝင်းက လက်နက်ငယ်ဖြင့် လှမ်းပစ်လိုက်ရာ ဓားပြတိုက်နေသော တပ်ဖွဲ့က ပြန်လည်ပစ်ခတ်သဖြင့် ဗိုလ်စောခင်ဝင်းနှင့် တပ်သားတစ်ဦးတို့ သေဆုံးသွားခြင်း ဖြစ်သည်။

‘‘ဓားပြတိုက်ခံရတာ ဟုတ် ပါတယ်။ ခရီးသည်တွေ ဘာမှမ ဖြစ်ပါဘူး။ နောက်နေ့ မနက်အ စောကြီးမှာပဲ ရန်ကုန်ကိုဆိုက်ပါ တယ်’’ ဟု အောင်ရတနာယာဉ်လိုင်း (ရန်ကုန်ဂိတ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောင်ရတနာခရီးသည်တင်ယာဉ်တွင် ခရီးသည် ၄၅ ဦးပါရှိပြီး ဓားပြတိုက်ခံရမှုကြောင့် ခရီးသည် များထံမှ လက်ဝတ်ရတနာများ၊ ငွေများနှင့် လက်ကိုင်ဖုန်းများ ပါသွားကြောင်း ကလိန်အောင်မြို့ နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အောင်ရတနာခရီးသည် တင်ယာဉ် ဓားပြတိုက်ခံရမှုတွင် ခန့်မှန်းတန်ဖိုး ကျပ် ၂၇ သိန်းခန့် ပါသွားကြောင်း ထားဝယ်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

‘‘ခရီးသည်တစ်ဦးထံက ရွှေ တွေပါသွားတယ် ပြောတယ်။ ဘယ်လောက်ပါသွားတယ်။ စာ ရင်းအတိအကျက မရသေးပါဘူး။ ဖြစ်စဉ်က ဓားပြတိုက်နေတုန်းမှာ ကေအင်န်ယူက ကားအဖြူတစ်စီး က ဓားပြတိုက်တဲ့နေရာကို ရောက်လာတယ်။ အဲဒီမှာ အပြန်အလှန်ပစ်ကြတာလို့ သိရပါတယ်။ တပ်သားတစ်ယောက်ကတော့ နေရာမှာပဲ သေသွားတယ်။ ဗိုလ်တစ်ယောက်ကတော့ ဆေးရုံကျမှသေတာ’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

ဓားပြတိုက်မှုဖြစ်စဉ်ကို အမှု ဖွင့်ထားကြောင်း ၎င်းက ဆက် ပြောကြားသည်။

‘‘ကားပေါ်တက်လာတာက သုံးယောက်တည်းပါ။ အောက်မှာ လည်း ရှိသေးတယ်။ ခရီးသည် တွေကို အောက်ကိုဆင်းခိုင်းပြီး ဖုန်းနဲ့ ပစ္စည်းတွေကို ပုဆိုးတစ်ခု ထဲ ထည့်ခိုင်းတယ်။ ပြီးတော့ နောက်မှာ သေနတ်ပစ်သံတွေ ကြားနေရတယ်။ ဘာဖြစ်မှန်းမသိ ဘူး။ ပြီးတော့ ခရီးသည်တွေကို ကားပေါ်တက်ခိုင်းပြီး ကားကို ဆက်မောင်းခိုင်းတယ်။ ခရီးသည် တွေ ဘာမှမဖြစ်ပါဘူး’’ဟု ဓားပြ တိုက်ခံရသည့် အောင်ရတနာ ကားပေါ်တွင် လိုက်ပါခဲ့သော ခရီးသည်တစ်ဦးက ပြောသည်။

ဓားပြတိုက်မှုဖြစ်ပွားခဲ့သော တနင်္လာရီတိုင်းနှင့် မွန်ပြည်နယ် အစပ်တွင် လက်နက်ကိုင်များက ဓားပြတိုက်မှုများမကြာခဏ ဖြစ်ပွားနေကြောင်း မွန်ပြည်သစ်ဖွံ့ဖြိုးရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး M သိုက်ဆာန်က ပြောသည်။

‘‘အဲဒီအနားမှာ မကြာခဏ ဓားပြတိုက်မှုတွေ ဖြစ်တယ်။ ကျွန် တော်သိသလောက် အဲဒီနေရာမှာ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ရှိ တယ်။ အခုလည်း ဓားပြတိုက်တာ ကို ၀င်ကယ်တဲ့ ကေအင်န်ယူတပ် က နှစ်ယောက်သေသွားတယ်။ ကျွန်တော်တို့တပ်ဖွဲ့က ကျွန်တော်တို့အပိုင်ကနေ နယ်မြေ ရှင်းလင်းရေးတွေလုပ်နေပါတယ်’’ ဟု ဒုဗိုလ်မှူးကြီး Mသိုက်ဆာန်က ပြောသည်။

7Day Daily

No comments:

Post a Comment