Tuesday, December 2, 2014

မျိုးစောင့်ဥပဒေများ အများပြည်သူသို့ ပထမဆုံးအကြိမ်ချပြ

Photo: မျိုးစောင့်ဥပဒေများ အများပြည်သူသို့ ပထမဆုံးအကြိမ်ချပြ

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂ ရက်

အစိုးရက အများပြည်သူ လေ့လာအကြံပြုနိုင်ရန် ထုတ်ပြန် လိုက်သည့် ဘာသာကူးပြောင်း ခြင်း၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမ များအထူးထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းနှင့် လူဦးရေတိုးပွားနှုန်းထိန်းချုပ်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းလေးခုတွင် အငြင်းပွားဖွယ်ရာအချက်အလက်များပါဝင်နေကြောင်း ဥပဒေပညာရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယခုဥပဒေကြမ်းများကို နိုဝင်ဘာလကုန်မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ဒီဇင်ဘာ ၁ရက်မှစ၍ ဥပဒေကြမ်းတစ်ခုချင်းစီအလိုက် နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာများတွင် အကြံပြုနိုင်ရန် ဖော်ပြလျက်ရှိသည်။

ဘာသာကူးပြောင်းခြင်း ဥပဒေမှလွဲ၍ ကျန်ဥပဒေသုံးခုမှာ ယခုကျမှ အများပြည်သူသို့ ပထမဆုံးအကြိမ်ချပြခြင်းဖြစ်သည်။

ကိုးကွယ်ခြင်း၊ ဘာသာကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း တွင် ဘာသာရေးကို မိမိယုံကြည် သလို ကိုးကွယ်ခွင့်ရှိပြီး ဘာသာ ကူးပြောင်းလိုပါက မိမိဆန္ဒအရ ကူးပြောင်းခွင့်ရှိသည့်အချက်မှာ နိုင်ငံတကာစံနှင့် ကိုက်ညီသော် လည်း ဘာသာကူးပြောင်းမှုကို နှုတ်ဖြင့် မှတ်ပုံတင်ရန်မှာမူ အခက်အခဲရှိကြောင်း တန်းတူညီမျှမှုကွန်ရက်မြန်မာမှ ဒါရိုက်တာဦးအောင်မျိုးမင်းက ပြောကြားသည်။

‘‘မှတ်ပုံတင်အဖွဲ့မှာ သက် ဆိုင်ရာဘာသာရေးသဘောနား လည်သူတွေပါရမယ့်အစား အုပ် ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ များနေတယ်။ ဒီတော့ လူတစ် ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုကိုအုပ်ချုပ်ရေးက ၀င်ပြီး ဆုံးဖြတ် ပေးမယ့် သဘောမျိုးဖြစ်နေတယ်။ပြီးတော့နောက်ပိုင်းဘာသာကူး ပြောင်းပြီးနောက်မှာ ဒီလူက ဒီ ဘာသာကို လေးစားလိုက်နာမှုကို ဘာနဲ့ တိုင်းမလဲဆိုတာ ပြဿနာ။ အဲဒီပြဿနာအရ နောက်ပိုင်း ဘာသာရေးရဲတွေလို တင်းကျပ်မှုတွေ၊နည်းဥပဒေတွေမှာ မပါလာဘူးလို့ မပြောနိုင်ဘူး’’ဟု ၎င်းကဆိုသည်။

မှတ်ပုံတင်အဖွဲ့တွင် အစိုးရ ၀န်ထမ်း ဗုဒ္ဓဘာသာဝင် ခုနစ်ဦး၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်တစ်ဦးစီ စုစုပေါင်း ၁၀ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဘာသာ ကူးပြောင်းလိုသူကို မှတ်ပုံတင် အဖွဲ့ဝင်ငါးဦးက စစ်ဆေးမည်ဖြစ် သည်။ ယင်းငါးဦးအဖွဲ့တွင် ဗုဒ္ဓ ဘာသာဝင် လေးဦးနှင့် ကျန်တစ် ဦးက ကူးပြောင်းလိုသည့် ဘာသာဝင်တစ်ဦးပါဝင်ရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၃၄ တွင် နိုင်ငံသားတိုင်း ဘာ သာသာသနာရေးတွင် လွတ်လပ် စွာ ကိုးကွယ်နိုင်သည့် အခွင့်အ ရေးအညီအမျှရရှိစေရမည်ဟု ပြဋ္ဌာန်းထားပြီး နိုင်ငံတကာလူ့ အခွင့်အရေးကြေညာစာတမ်း ပုဒ်မ၁၈ တွင်လည်း လူတစ်ဦးသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ဘာသာကူးပြောင်းခွင့်၊ မူလဘာသာကို ပြန်လည်ကူးပြောင်းခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ဘာသာပြောင်းပါက မှတ်ပုံ တင်ရမည်ဆိုခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း မညီဘဲ ဘာသာများအကြား သွေးကွဲမှုများဖြစ်ပေါ်လာနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကပြောသည်။ ထို့အပြင်လူဦးရေ တိုးပွားခြင်းကို ထိန်းချုပ်ခြင်းဆိုင် ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းမှာလည်း ဥပဒေရှု ထောင့်အရရော လူ့အခွင့်အရေး ရှုထောင့်အရပါ ဒေသတစ်ခုကို ကွက်၍ ထိန်းချုပ်လိုသည့် ရည် ရွယ်ချက်မျိုးဖြစ်နေကြောင်း ၎င်း ကပြောသည်။

‘‘လူဦးရေကို ထိန်းချင်တယ် ဆိုရင် တရုတ်လို ကလေးတစ် ယောက်ပေါ်လစီလုပ်ရမယ်။ အခုဟာက သမ္မတက ဒီဥပဒေအရ လူဦးရေအဆမတန်တိုးတက်နေ တဲ့ ဒေသဆိုပြီး သတ်မှတ်လိုက်တဲ့ ဒေသမှာ သားဆက်ခြားမှာတို့၊ ကလေးတစ်ယောက်မွေးပြီး သုံး နှစ်နေမှ နောက်တစ်ယောက်မွေး ရမယ်ဆိုတာတွေက တစ်နိုင်ငံတည်းမှာ ဥပဒေက နှစ်ခုဖြစ်သွားသလိုပေါ့။ တခြားဒေသက သူတွေကျတော့ ကြိုက်သလိုမွေးလို့ရတယ် ဖြစ်သွားမယ်။ ဒါလူ့အခွင့်အရေးနဲ့လည်း မညီဘူး’’ဟု ၎င်းကထောက်ပြသည်။

လူဦးရေထိန်းချုပ်ခြင်းဆိုင် ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းတွင် ဒေသအတွင်း လူဦးရေနှင့် သယံဇာတအချိုးမ ညီခြင်း၊ စားနပ်ရိက္ခာမလုံလောက်ခြင်းနှင့် ကလေးမွေးနှုန်း မြင့်မားနေခြင်း၊ လူဦးရေသိပ်သည်းဆများပြီး ပြောင်းရွှေ့ဝင်ရောက်သူများ များပြားနေခြင်းတို့ကို ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့များက စစ်တမ်းကောက်ပြီးနောက် သမ္မတကို တင်ပြရမည်ဖြစ်သည်ဟု ပါရှိသည်။ သမ္မတက ယင်းဥပဒေအရ အဆိုပါဒေသကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရမည့် အထူးဒေသအဖြစ်အမိန့်ကြေညာ စာထုတ်ပြန်သတ်မှတ်မည်ဖြစ်ပြီး ယင်းဒေသကို ကျန်းမာရေးဝန်ကြီး ဌာနက ကိုင်တွယ်၍ နိုင်ငံတကာ အကူအညီများ၊ ဆေး၊ ငွေကြေး အထောက်အပံ့အားလုံးကို ကြီး ကြပ်စီမံမည်ဖြစ်သည်ဟု ဥပဒေ တွင် ပါရှိသည်။

ထို့အပြင်မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားခြင်းဥပဒေများ ၁၉၅၄ ဗုဒ္ဓဘာသာဝင်မိန်းမှာ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေနှင့် အချက်တော်တော် များများတူနေသည်။

‘‘ဥပဒေတွေက ထပ်နေပြီ။ မလိုအပ်ဘူး။ လင်မယားကွဲရင် ရှိသမျှ ပစ္စည်းတွေက မိန်းမရ မယ်။ သားသမီးတွေ အုပ်ထိန်းပြီး အမွေဆက်ခံတာက အစ အရင် ဥပဒေမှာပါပြီးသား။ ထောင်ဒဏ် တွေတော့ မပါဘူးပေါ့။ အခုဥပဒေအသစ်မှာ ထောင်ဒဏ်တွေပါနေတယ်။ တကယ်တော့ ဒါတွေဟာ လူမှုရေးဥပဒေတွေဖြစ်တယ်။ မလိုအပ်ဘဲနဲ့ ထွင်ပြီးလုပ်တဲ့ ဥပဒေဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ဆန့်ကျင်တယ်။ ဥပဒေသမားဖြစ်လို့ ဥပဒေနဲ့ အညီပဲဖြစ်စေချင်တယ်’’ဟု တရား လွှတ်တော်ရှေ့နေ ဦးသန်းစိုးက ပြောသည်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ များအထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် မြန်မာဗုဒ္ဓဘာ သာမိန်းကလေးကို ထိမ်းမြားလို သော ယောက်ျားတို့လိုက်နာရ မည့်အချက်များမှာ ဘာသာရေး ဆိုင်ရာ လိုက်နာဆောင်ရွက်ရ မည့် အချက်များဖြစ်နေပြီး ယင်း အချက်များကို မလိုက်နာပါက ထောင်ဒဏ် ခြောက်လမှ အများ ဆုံး သုံးနှစ်အထိနှင့် ငွေဒဏ်များ ကို အပြစ်ပေးနိုင်ကြောင်း ထည့် သွင်းထားသည်။

‘‘ဥပဒေကြမ်းဆိုတာ အား နည်းချက်တွေရှိတာပဲ။ ဒါကြောင့် လည်း ထောက်ပြခိုင်း၊ အကြံပြု ခိုင်းတာပေါ့။ ကျွန်တော်တို့က တော့ ဥပဒေပြုရေးမှာ တာဝန်ရှိ တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဥပမာ ဒီဥပဒေတွေ ကြောင့် ဘာသာခြားတစ်ယောက် ယောက်ကို ဖြစ်ဖြစ် ထိခိုက်တယ်၊ နစ်နာမှုဖြစ်စေတယ်ဆိုရင် ကျိုး ကြောင်းဆီလျော်စွာ ကန့်ကွက် ပါ။ ပြောပါ။ ကျွန်တော်တို့က ထည့်သွင်းစဉ်းစားရမှာပေါ့။ အ ကြမ်းဖက်မှုဆိုတာက ဒီဥပဒေ တွေမရှိခင်တည်းက မြန်မာမှာ တင်မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပဲ’’ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးဖုန်းမြင့် အောင်ကပြောကြားသည်

မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုဆန္ဒပြနေကြသူများ (ဓာတ်ပုံ − ပြည့်စုံအောင်/အီးပီအေ)
7Day Daily
အစိုးရက အများပြည်သူ လေ့လာအကြံပြုနိုင်ရန် ထုတ်ပြန် လိုက်သည့် ဘာသာ ကူးပြောင်း ခြင်း၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမ များအထူးထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းနှင့် လူဦးရေတိုးပွားနှုန်းထိန်းချုပ်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းလေးခုတွင် အငြင်းပွားဖွယ်ရာအချက်အလက်များပါဝင်နေကြောင်း ဥပဒေပညာရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယခုဥပဒေကြမ်းများကို နိုဝင်ဘာလကုန်မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လွှတ်တော်သို့ ပေးပို့ ခဲ့ပြီး ဒီဇင်ဘာ ၁ရက်မှစ၍ ဥပဒေကြမ်းတစ်ခုချင်းစီ အလိုက် နေ့စဉ် ထုတ်နိုင်ငံပိုင် သတင်းစာများတွင် အကြံပြုနိုင်ရန် ဖော်ပြလျက်ရှိသည်။

ဘာသာကူးပြောင်းခြင်း ဥပဒေမှလွဲ၍ ကျန်ဥပဒေသုံးခုမှာ ယခုကျမှ အများပြည်သူသို့ ပထမဆုံး အကြိမ်ချပြခြင်းဖြစ်သည်။

ကိုးကွယ်ခြင်း၊ ဘာသာကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း တွင် ဘာသာရေးကို မိမိယုံကြည် သလို ကိုးကွယ်ခွင့်ရှိပြီး ဘာသာ ကူးပြောင်းလိုပါက မိမိဆန္ဒအရ ကူးပြောင်းခွင့်ရှိသည့်အချက်မှာ နိုင်ငံတကာစံနှင့် ကိုက်ညီသော် လည်း ဘာသာကူးပြောင်းမှုကို နှုတ်ဖြင့် မှတ်ပုံတင်ရန်မှာမူ အခက်အခဲရှိကြောင်း တန်းတူညီမျှမှုကွန်ရက်မြန်မာမှ ဒါရိုက်တာဦးအောင်မျိုးမင်းက ပြောကြားသည်။

‘‘မှတ်ပုံတင်အဖွဲ့မှာ သက် ဆိုင်ရာဘာသာရေးသဘောနား လည်သူတွေပါရမယ့်အစား အုပ် ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ များနေတယ်။ ဒီတော့ လူတစ် ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုကိုအုပ်ချုပ်ရေးက ၀င်ပြီး ဆုံးဖြတ် ပေးမယ့် သဘောမျိုးဖြစ်နေတယ်။ပြီးတော့နောက်ပိုင်းဘာသာကူး ပြောင်းပြီးနောက်မှာ ဒီလူက ဒီ ဘာသာကို လေးစားလိုက်နာမှုကို ဘာနဲ့ တိုင်းမလဲဆိုတာ ပြဿနာ။ အဲဒီပြဿနာအရ နောက်ပိုင်း ဘာသာရေးရဲတွေလို တင်းကျပ်မှုတွေ၊နည်းဥပဒေတွေမှာ မပါလာဘူးလို့ မပြောနိုင်ဘူး’’ဟု ၎င်းကဆိုသည်။

မှတ်ပုံတင်အဖွဲ့တွင် အစိုးရ ၀န်ထမ်း ဗုဒ္ဓဘာသာဝင် ခုနစ်ဦး၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်တစ်ဦးစီ စုစုပေါင်း ၁၀ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဘာသာ ကူးပြောင်းလိုသူကို မှတ်ပုံတင် အဖွဲ့ဝင်ငါးဦးက စစ်ဆေးမည်ဖြစ် သည်။ ယင်းငါးဦးအဖွဲ့တွင် ဗုဒ္ဓ ဘာသာဝင် လေးဦးနှင့် ကျန်တစ် ဦးက ကူးပြောင်းလိုသည့် ဘာသာဝင်တစ်ဦးပါဝင်ရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၃၄ တွင် နိုင်ငံသားတိုင်း ဘာ သာသာသနာရေးတွင် လွတ်လပ် စွာ ကိုးကွယ်နိုင်သည့် အခွင့်အ ရေးအညီအမျှရရှိစေရမည်ဟု ပြဋ္ဌာန်းထားပြီး နိုင်ငံတကာလူ့ အခွင့်အရေးကြေညာစာတမ်း ပုဒ်မ၁၈ တွင်လည်း လူတစ်ဦးသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ဘာသာကူးပြောင်းခွင့်၊ မူလဘာသာကို ပြန်လည်ကူးပြောင်းခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ဘာသာပြောင်းပါက မှတ်ပုံ တင်ရမည်ဆိုခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း မညီဘဲ ဘာသာများအကြား သွေးကွဲမှုများဖြစ်ပေါ်လာနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကပြောသည်။ ထို့အပြင်လူဦးရေ တိုးပွားခြင်းကို ထိန်းချုပ်ခြင်းဆိုင် ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းမှာလည်း ဥပဒေရှု ထောင့်အရရော လူ့အခွင့်အရေး ရှုထောင့်အရပါ ဒေသတစ်ခုကို ကွက်၍ ထိန်းချုပ်လိုသည့် ရည် ရွယ်ချက်မျိုးဖြစ်နေကြောင်း ၎င်း ကပြောသည်။

‘‘လူဦးရေကို ထိန်းချင်တယ် ဆိုရင် တရုတ်လို ကလေးတစ် ယောက်ပေါ်လစီလုပ်ရမယ်။ အခုဟာက သမ္မတက ဒီဥပဒေအရ လူဦးရေအဆမတန်တိုးတက်နေ တဲ့ ဒေသဆိုပြီး သတ်မှတ်လိုက်တဲ့ ဒေသမှာ သားဆက်ခြားမှာတို့၊ ကလေးတစ်ယောက်မွေးပြီး သုံး နှစ်နေမှ နောက်တစ်ယောက်မွေး ရမယ်ဆိုတာတွေက တစ်နိုင်ငံတည်းမှာ ဥပဒေက နှစ်ခုဖြစ်သွားသလိုပေါ့။ တခြားဒေသက သူတွေကျတော့ ကြိုက်သလိုမွေးလို့ရတယ် ဖြစ်သွားမယ်။ ဒါလူ့အခွင့်အရေးနဲ့လည်း မညီဘူး’’ဟု ၎င်းကထောက်ပြသည်။

လူဦးရေထိန်းချုပ်ခြင်းဆိုင် ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းတွင် ဒေသအတွင်း လူဦးရေနှင့် သယံဇာတအချိုးမ ညီခြင်း၊ စားနပ်ရိက္ခာမလုံလောက်ခြင်းနှင့် ကလေးမွေးနှုန်း မြင့်မားနေခြင်း၊ လူဦးရေသိပ်သည်းဆများပြီး ပြောင်းရွှေ့ဝင်ရောက်သူများ များပြားနေခြင်းတို့ကို ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့များက စစ်တမ်းကောက်ပြီးနောက် သမ္မတကို တင်ပြရမည်ဖြစ်သည်ဟု ပါရှိသည်။ သမ္မတက ယင်းဥပဒေအရ အဆိုပါဒေသကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရမည့် အထူးဒေသအဖြစ်အမိန့်ကြေညာ စာထုတ်ပြန်သတ်မှတ်မည်ဖြစ်ပြီး ယင်းဒေသကို ကျန်းမာရေးဝန်ကြီး ဌာနက ကိုင်တွယ်၍ နိုင်ငံတကာ အကူအညီများ၊ ဆေး၊ ငွေကြေး အထောက်အပံ့အားလုံးကို ကြီး ကြပ်စီမံမည်ဖြစ်သည်ဟု ဥပဒေ တွင် ပါရှိသည်။

ထို့အပြင်မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားခြင်းဥပဒေများ ၁၉၅၄ ဗုဒ္ဓဘာသာဝင်မိန်းမှာ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေနှင့် အချက်တော်တော် များများတူနေသည်။

‘‘ဥပဒေတွေက ထပ်နေပြီ။ မလိုအပ်ဘူး။ လင်မယားကွဲရင် ရှိသမျှ ပစ္စည်းတွေက မိန်းမရ မယ်။ သားသမီးတွေ အုပ်ထိန်းပြီး အမွေဆက်ခံတာက အစ အရင် ဥပဒေမှာပါပြီးသား။ ထောင်ဒဏ် တွေတော့ မပါဘူးပေါ့။ အခုဥပဒေအသစ်မှာ ထောင်ဒဏ်တွေပါနေတယ်။ တကယ်တော့ ဒါတွေဟာ လူမှုရေးဥပဒေတွေဖြစ်တယ်။ မလိုအပ်ဘဲနဲ့ ထွင်ပြီးလုပ်တဲ့ ဥပဒေဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ဆန့်ကျင်တယ်။ ဥပဒေသမားဖြစ်လို့ ဥပဒေနဲ့ အညီပဲဖြစ်စေချင်တယ်’’ဟု တရား လွှတ်တော်ရှေ့နေ ဦးသန်းစိုးက ပြောသည်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ များအထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် မြန်မာဗုဒ္ဓဘာ သာမိန်းကလေးကို ထိမ်းမြားလို သော ယောက်ျားတို့လိုက်နာရ မည့်အချက်များမှာ ဘာသာရေး ဆိုင်ရာ လိုက်နာဆောင်ရွက်ရ မည့် အချက်များဖြစ်နေပြီး ယင်း အချက်များကို မလိုက်နာ ပါက ထောင်ဒဏ် ခြောက်လမှ အများ ဆုံး သုံးနှစ်အထိနှင့် ငွေဒဏ်များ ကို အပြစ်ပေးနိုင်ကြောင်း ထည့် သွင်းထားသည်။

‘‘ဥပဒေကြမ်းဆိုတာ အား နည်းချက်တွေရှိတာပဲ။ ဒါကြောင့် လည်း ထောက်ပြခိုင်း၊ အကြံပြု ခိုင်းတာပေါ့။ ကျွန်တော်တို့က တော့ ဥပဒေပြုရေးမှာ တာဝန်ရှိ တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဥပမာ ဒီဥပဒေတွေ ကြောင့် ဘာသာခြားတစ်ယောက် ယောက်ကို ဖြစ်ဖြစ် ထိခိုက်တယ်၊ နစ်နာမှုဖြစ်စေတယ်ဆိုရင် ကျိုး ကြောင်းဆီလျော်စွာ ကန့်ကွက် ပါ။ ပြောပါ။ ကျွန်တော်တို့က ထည့်သွင်းစဉ်းစားရမှာပေါ့။ အ ကြမ်းဖက်မှုဆိုတာက ဒီဥပဒေ တွေမရှိခင်တည်းက မြန်မာမှာ တင်မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပဲ’’ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဖုန်းမြင့် အောင်ကပြောကြားသည်

မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုဆန္ဒပြနေကြသူများ (ဓာတ်ပုံ − ပြည့်စုံအောင်/အီးပီအေ)
7Day Daily

No comments:

Post a Comment