Monday, December 1, 2014

တိုင်းရင်းသားလက်နက်ကိုင်အားလုံးရဲ့ အထက်မှာ KIA ရှိနေသလား…?

Photo: တိုင်းရင်းသားလက်နက်ကိုင်အားလုံးရဲ့ အထက်မှာ KIA ရှိနေသလား…?
Monday, December 1, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး အဆုံးသတ်ရန် UPNC နှင့် NCCT တို့ဆွေးနွေးခဲ့သည်မှာ ပဉ္စမမူကြမ်းအဆင့် အထိ ရောက်ရှိနေပြီဖြစ်ပါသည်။ သို့သော် KIAနယ်မြေထဲတွင် ဖြစ်ပွားခဲ့သော ဗိုလ်သင်တန်းကျောင်း ပဋိပက္ခကြောင့် အပစ်ရပ်ဆွေးနွေးပွဲရက်ရွှေ့ ဆိုင်းလိုက်သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာသည်။ KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကလည်း ယခုဆွေးနွေးပွဲ များ အရှိန်မပျက် ကျင်းပပြုလုပ်ခဲ့သည်။

ယခုတစ်ကြိမ် KIA ကြောင့် ရက်ရွှေ့ဆိုင်းရသည်ဟူသော အကြောင်းပြ ချက်က မေးခွန်းထုတ်စရာများ စွာရှိလာခဲ့ပါသည်။ NCCT တွင်ပါဝင်သော လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက KIA ၏ သြဇာလွှမ်းမိုး မှု အောက်ကို ကျရောက် သကဲ့သို့ဖြစ်နေသည်။ ထို့အပြင် အခြားသောလက်နက်ကိုင်အဖွဲ့ အစည်းများက အပစ်ရပ် ရေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် KIA အားတွန်းအားမပေးခြင်းကလည်း ထောက်ပြစရာဖြစ်လာခဲ့ သည်။

ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းမှာ ဗိုလ်လောင်း ၂၃ ဦးကျဆုံးမှုကို ၀မ်းနည်းကြေကွဲမှု၊ ဆုတောင်း မှုများဖြင့် ဖုံးကွယ်ရန်ကြိုးစားနေကြသည်။ အမှန်တကယ်မှာတော့ KIA နယ်မြေထဲမှာ လက်နက်ကိုင်အဖွဲ့များ လျှို့ဝှက်စွာ ပူးပေါင်းစစ်ရေးလေ့ကျင့်နေကြခြင်းသာဖြစ်ပါသည်။ အစိုးရနှင့် အပစ် ရပ်ဆွေးနွေးနေသော် လည်း နောက်ကွယ်မှာ စစ်အင်အားဖြည့် တင်းပူးပေါင်းခြင်းက ရိုးသားသောလုပ်ရပ်မဟုတ် ဟု မြင်မိပါသည်။ အပစ်ရပ် ဆွေးနွေးပွဲအပေါ် အမြတ်ထုတ်နေခြင်းသာဖြစ်ပါသည်။

KIA ကြောင့် အပစ်ရပ်ဆွေးနွေးပွဲ၇က်ရွှေ့ရအောင် သေဆုံးဗိုလ်လောင်း ၂၃ ဦးတွင် KIA အဖွဲ့ဝင် တစ်ယောက်မျှမပါဝင်ပေ။ သို့အတွက် KIA အပစ်မရပ်ချင်ဘူးဟူသော အကြောင်းပြချက်က ခိုင်လုံသည်ဟု မဆိုနိုင်ပါ။ KIA ကြောင့် အပစ်မရပ်နိုင်ဘူးဆိုပါက တိုင်းရင်းသားလက်နက်ကိုင်အားလုံး KIA ကို ကြောက်နေ၍ သာဖြစ်ပါလိမ့်မည်။

သို့သော် KIA ကို မယုံကြည်ရဲပါ။ KNU လို နှစ်ပေါင်း (၆၀)ကျော် အစိုးရတပ်တွေနဲ့ တိုက်ခိုက်လာမှုများ ကို အဆုံးသတ်သွားလျှင် အကောင်းဆုံးဖြစ်ပါသည်။ ပြတ်သားသော လုပ်ရပ်ကို KIA အတုယူသင့်သည်။ KIA အနေနဲ့ ပြည်နယ်အဆင့်ပင် အပစ်မရပ်ခြင်းက နောက်ကွယ်တွင် ဖက်ဒရယ်တပ်မတော်ဟူသော အကြံအစည် ကြီး ရှိနေကြောင်း ဗိုလ်သင်တန်းကျောင်းဖြစ်စဉ်က သက်သေပြနေသည်။

ASSDF,CNF,TNLA,AA က တပ်ဖွဲ့ ၀င်တွေကို အလကား ဗိုလ်သင်တန်း တက်ခွင့်ပေးရလောက်အောင် KIA သဘောမကောင်းနိုင်ပါဘူး။ ထို့ကြောင့် KIA အပစ်မရပ်တာကို တိုင်းရင်းသားလက်နက်ကိုင်အားလုံးနှုတ် ဆိတ်နေပုံထောက် ရင် သူတို့အားလုံးရဲ့ အထက်မှာ KIA ရှိနေသလားဆိုတဲ့ သံသယအမြင်ကလည်း ရှင်သန်လာခဲ့ပြီဖြစ်ပါသည်။

နေ၀င်းသစ်
KDN
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး အဆုံးသတ်ရန် UPNC နှင့် NCCT တို့ဆွေးနွေးခဲ့သည်မှာ ပဉ္စမမူကြမ်းအဆင့် အထိ ရောက်ရှိနေပြီဖြစ်ပါသည်။ သို့သော် KIAနယ်မြေထဲတွင် ဖြစ်ပွားခဲ့သော ဗိုလ်သင်တန်းကျောင်း ပဋိပက္ခကြောင့် အပစ်ရပ်ဆွေးနွေးပွဲရက်ရွှေ့ ဆိုင်းလိုက်သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာသည်။ KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကလည်း ယခုဆွေးနွေးပွဲ များ အရှိန်မပျက် ကျင်းပပြုလုပ်ခဲ့သည်။

ယခုတစ်ကြိမ် KIA ကြောင့် ရက်ရွှေ့ဆိုင်းရသည်ဟူသော အကြောင်းပြ ချက်က မေးခွန်းထုတ်စရာများ စွာရှိလာခဲ့ပါသည်။ NCCT တွင်ပါဝင်သော လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက KIA ၏ သြဇာလွှမ်းမိုး မှု အောက်ကို ကျရောက် သကဲ့သို့ဖြစ်နေသည်။ ထို့အပြင် အခြားသောလက်နက်ကိုင်အဖွဲ့ အစည်းများက အပစ်ရပ် ရေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် KIA အားတွန်းအားမပေးခြင်းကလည်း ထောက်ပြစရာဖြစ်လာခဲ့ သည်။

ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းမှာ ဗိုလ်လောင်း ၂၃ ဦးကျဆုံးမှုကို ၀မ်းနည်းကြေကွဲမှု၊ ဆုတောင်း မှုများဖြင့် ဖုံးကွယ်ရန်ကြိုးစားနေကြသည်။ အမှန်တကယ်မှာတော့ KIA နယ်မြေထဲမှာ လက်နက်ကိုင်အဖွဲ့များ လျှို့ဝှက်စွာ ပူးပေါင်းစစ်ရေးလေ့ကျင့်နေကြခြင်းသာဖြစ်ပါသည်။ အစိုးရနှင့် အပစ် ရပ်ဆွေးနွေးနေသော် လည်း နောက်ကွယ်မှာ စစ်အင်အားဖြည့် တင်းပူးပေါင်းခြင်းက ရိုးသားသော လုပ်ရပ်မဟုတ် ဟု မြင်မိပါသည်။ အပစ်ရပ် ဆွေးနွေးပွဲအပေါ် အမြတ်ထုတ် နေခြင်းသာဖြစ်ပါသည်။

KIA ကြောင့် အပစ်ရပ်ဆွေးနွေးပွဲ၇က်ရွှေ့ရအောင် သေဆုံးဗိုလ်လောင်း ၂၃ ဦးတွင် KIA အဖွဲ့ဝင် တစ်ယောက်မျှမပါဝင်ပေ။ သို့အတွက် KIA အပစ်မရပ်ချင်ဘူးဟူသော အကြောင်းပြချက်က ခိုင်လုံသည်ဟု မဆိုနိုင်ပါ။ KIA ကြောင့် အပစ်မရပ်နိုင်ဘူးဆိုပါက တိုင်းရင်းသားလက်နက်ကိုင်အားလုံး KIA ကို ကြောက်နေ၍ သာဖြစ်ပါလိမ့်မည်။

သို့သော် KIA ကို မယုံကြည်ရဲပါ။ KNU လို နှစ်ပေါင်း (၆၀)ကျော် အစိုးရတပ်တွေနဲ့ တိုက်ခိုက်လာမှုများ ကို အဆုံးသတ်သွားလျှင် အကောင်းဆုံးဖြစ်ပါသည်။ ပြတ်သားသော လုပ်ရပ်ကို KIA အတုယူသင့်သည်။ KIA အနေနဲ့ ပြည်နယ်အဆင့်ပင် အပစ်မရပ်ခြင်းက နောက်ကွယ်တွင် ဖက်ဒရယ်တပ်မတော်ဟူသော အကြံအစည် ကြီး ရှိနေကြောင်း ဗိုလ်သင်တန်းကျောင်းဖြစ်စဉ်က သက်သေပြနေသည်။

ASSDF,CNF,TNLA,AA က တပ်ဖွဲ့ ၀င်တွေကို အလကား ဗိုလ်သင်တန်း တက်ခွင့်ပေးရလောက်အောင် KIA သဘောမကောင်းနိုင်ပါဘူး။ ထို့ကြောင့် KIA အပစ်မရပ်တာကို တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှုတ် ဆိတ်နေပုံထောက် ရင် သူတို့အားလုံးရဲ့ အထက်မှာ KIA ရှိနေသလားဆိုတဲ့ သံသယ အမြင်ကလည်း ရှင်သန်လာခဲ့ပြီဖြစ်ပါသည်။

နေ၀င်းသစ်
KDN

No comments:

Post a Comment